သူလျှိုအဖြစ် စွပ်စွဲခံထားရသည့် ပြင်သစ်-ဂျာမနီအမျိုးသားကို အီရန် ပြန်လွှတ်

221

Pika (NP News) - အောက်တိုဘာ ၁၁
သူလျှိုအဖြစ် ဆောင်ရွက်နေသည်ဟု စွပ်စွဲပြောဆိုခံခဲ့ရသည့် အသက်(၁၉)နှစ်အရွယ် ပြင်သစ်-ဂျာမနီအမျိုးသားကို အီရန်အစိုးရက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုရယ်ဘာရော့က ထုတ်ဖော် ပြောခဲ့သည်။
ဂျင်းနိုရယ်ဘာရော့က “အသက်(၁၉)နှစ်အရွယ် Lennart Monterlos ဟာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ” ဟု ပြောခဲ့သည်။ Lennart Monterlos ၏ မိဘများက “ကျွန်တော်တို့ရဲ့သားဖြစ်သူ ပြန်လည်လွတ်မြောက်လာပြီဆိုလို့ တကယ်ကို ဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။
Lennart Monterlos သည် ပြီးခဲ့သည့်ဇွန်လ(၁၆)ရက်တွင် သူလျှိုလုပ်သည်ဆိုသည့်စွပ်စွဲချက်များနှင့်အတူ Bandar Abbas မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။အားကစားနှင့်ခရီးသွားခြင်းကို နှစ်သက်သည့် Lennart Monterlos သည် ဥရောပမှအာရှသို့သွားရောက်မည့်ခရီးစဉ်တွင် အီရန်နိုင်ငံတစ်ဝှမ်း တစ်ယောက်တည်း စက်ဘီးစီး လာခဲ့ပြီးနောက် Bandar Abbas မြို့အရောက်တွင် အီရန်တပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် Lennart Monterlos အပေါ်စွဲချက်တင်ထားသည့် သူလျှိုလုပ်သည်ဆိုသည့်စွဲချက်များကို လာမည့် အောက်တိုဘာလ(၁၃)ရက်တွင် ရုတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း အီရန်တရားရေးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။ Lennart Monterlos သည် ၎င်း၏ အီရန်ဗီဇာသက်တမ်းကုန်ဆုံးခါနီး အာဖဂန်နစ္စတန်သို့ နယ်စပ်ဖြတ်ကျော်ရန် ပြင်ဆင်နေချိန်တွင် အီရန်-အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဆိုသည့်စွဲချက်များနှင့်အတူ အမျိုးသားတစ်ဦးကို အီရန်အစိုးရက ပြီးခဲ့သည့်လတွင် ကွပ်မျက်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် သူလျှိုစွဲချက်များဖြင့် စွဲချက်တင်ခံ ထားရသည့် Lennart Monterlos ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သူလွ်ိဳအျဖစ္ စြပ္စြဲခံထားရသည့္ ျပင္သစ္-ဂ်ာမနီအမ်ိဳးသားကို အီရန္ ျပန္လႊတ္
Pika (NP News) - ေအာက္တိုဘာ ၁၁
သူလွ်ိဳအျဖစ္ ေဆာင္႐ြက္ေနသည္ဟု စြပ္စြဲေျပာဆိုခံခဲ့ရသည့္ အသက္(၁၉)ႏွစ္အ႐ြယ္ ျပင္သစ္-ဂ်ာမနီအမ်ိဳးသားကို အီရန္အစိုးရက ျပန္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်င္းႏိုရယ္ဘာေရာ့က ထုတ္ေဖာ္ ေျပာခဲ့သည္။
ဂ်င္းႏိုရယ္ဘာေရာ့က “အသက္(၁၉)ႏွစ္အ႐ြယ္ Lennart Monterlos ဟာ ျပန္လည္လြတ္ေျမာက္လာခဲ့ပါၿပီ” ဟု ေျပာခဲ့သည္။ Lennart Monterlos ၏ မိဘမ်ားက “ကြၽန္ေတာ္တို႔ရဲ႕သားျဖစ္သူ ျပန္လည္လြတ္ေျမာက္လာၿပီဆိုလို႔ တကယ္ကို ဝမ္းသာမိပါတယ္” ဟု ေျပာခဲ့သည္။
Lennart Monterlos သည္ ၿပီးခဲ့သည့္ဇြန္လ(၁၆)ရက္တြင္ သူလွ်ိဳလုပ္သည္ဆိုသည့္စြပ္စြဲခ်က္မ်ားႏွင့္အတူ Bandar Abbas ၿမိဳ႕တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။အားကစားႏွင့္ခရီးသြားျခင္းကို ႏွစ္သက္သည့္ Lennart Monterlos သည္ ဥေရာပမွအာရွသို႔သြားေရာက္မည့္ခရီးစဥ္တြင္ အီရန္ႏိုင္ငံတစ္ဝွမ္း တစ္ေယာက္တည္း စက္ဘီးစီး လာခဲ့ၿပီးေနာက္ Bandar Abbas ၿမိဳ႕အေရာက္တြင္ အီရန္တပ္ဖြဲ႕မ်ား၏ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ Lennart Monterlos အေပၚစြဲခ်က္တင္ထားသည့္ သူလွ်ိဳလုပ္သည္ဆိုသည့္စြဲခ်က္မ်ားကို လာမည့္ ေအာက္တိုဘာလ(၁၃)ရက္တြင္ ႐ုတ္သိမ္းေပးသြားမည္ျဖစ္ေၾကာင္း အီရန္တရားေရးဌာနက ထုတ္ျပန္ေၾကညာခဲ့ သည္။ Lennart Monterlos သည္ ၎၏ အီရန္ဗီဇာသက္တမ္းကုန္ဆုံးခါနီး အာဖဂန္နစၥတန္သို႔ နယ္စပ္ျဖတ္ေက်ာ္ရန္ ျပင္ဆင္ေနခ်ိန္တြင္ အီရန္-အစၥေရးစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ အစၥေရးအတြက္ သူလွ်ိဳလုပ္ေပးသည္ဆိုသည့္စြဲခ်က္မ်ားႏွင့္အတူ အမ်ိဳးသားတစ္ဦးကို အီရန္အစိုးရက ၿပီးခဲ့သည့္လတြင္ ကြပ္မ်က္ခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာတြင္ သူလွ်ိဳစြဲခ်က္မ်ားျဖင့္ စြဲခ်က္တင္ခံ ထားရသည့္ Lennart Monterlos ကို ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။