စစ်သွေးကြွအဖွဲ့ဝင်(၃ဝ)ဦးကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်

 303

Pika (NP News) - အောက်တိုဘာ ၁၁

ပြီးခဲ့တဲ့ရက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်အနီးမှာ ပါကစ္စတန်စစ်တပ်ယာဉ်တန်းကို ခြုံခို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ စစ်သွေးကြွ(၃၀)ဦးကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ ပါကစ္စတန်စစ်တပ်ယာဉ်တန်းကို စစ်သွေးကြွအဖွဲ့တွေက ခြုံခိုတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် စစ်သား(၉)ဦးနဲ့ အရာရှိ(၂)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် ၎င်းတို့မှာတာဝန်ရှိတယ်လို့လည်း ပါကစ္စတန်တာလီဘန်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ အဲဒီဖြစ်ရပ်ဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kurram ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သွေးကြွ အဖွဲ့တွေက စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပါကစ္စတန်စစ်တပ်က “ယုံကြည်စိတ်ချရတဲ့ထောက်လှမ်းရေးတွေအပေါ်အခြေခံပြီး လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပြင်းထန်တဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း စစ်သွေးကြွ အဖွဲ့ဝင် (၃ဝ) ဦးကို သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
စစ်သွေးကြွအဖွဲ့တွေဟာ ပါကစ္စတန်ကို တိုက်ခိုက်ဖို့အတွက် စီစဥ်မှုတွေနဲ့လေ့ကျင့်မှုတွေအတွက် အာဖဂန်နစ္စတန် နိုင်ငံကို အသုံးပြုနေတယ်လို့လည်း ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ပါကစ္စတန်အစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေကို အာဖဂန်နစ္စတန်အစိုးရဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
စစ္ေသြးႂကြအဖြဲ႕ဝင္(၃ဝ)ဦးကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္ သတင္းထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၁၁
ၿပီးခဲ့တဲ့ရက္ပိုင္းက အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္အနီးမွာ ပါကစၥတန္စစ္တပ္ယာဥ္တန္းကို ၿခဳံခို တိုက္ခိုက္ရာမွာ ပါဝင္ခဲ့တဲ့ စစ္ေသြးႂကြ(၃၀)ဦးကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ ပါကစၥတန္စစ္တပ္ယာဥ္တန္းကို စစ္ေသြးႂကြအဖြဲ႕ေတြက ၿခဳံခိုတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ စစ္သား(၉)ဦးနဲ႔ အရာရွိ(၂)ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီတိုက္ခိုက္မႈအတြက္ ၎တို႔မွာတာဝန္ရွိတယ္လို႔လည္း ပါကစၥတန္တာလီဘန္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ အဲဒီျဖစ္ရပ္ဟာ ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Kurram ခ႐ိုင္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္ေသြးႂကြ အဖြဲ႕ေတြက စစ္တပ္ယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ ေသနတ္ေတြနဲ႔ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ပါကစၥတန္စစ္တပ္က “ယုံၾကည္စိတ္ခ်ရတဲ့ေထာက္လွမ္းေရးေတြအေပၚအေျခခံၿပီး လုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း ျပင္းထန္တဲ့အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ပါတယ္။ အဲဒီစစ္ဆင္ေရးအတြင္း စစ္ေသြးႂကြ အဖြဲ႕ဝင္ (၃ဝ) ဦးကို သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စစ္ေသြးႂကြအဖြဲ႕ေတြဟာ ပါကစၥတန္ကို တိုက္ခိုက္ဖို႔အတြက္ စီစဥ္မႈေတြနဲ႔ေလ့က်င့္မႈေတြအတြက္ အာဖဂန္နစၥတန္ ႏိုင္ငံကို အသုံးျပဳေနတယ္လို႔လည္း ပါကစၥတန္အစိုးရက စြပ္စြဲေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ပါကစၥတန္အစိုးရရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို အာဖဂန္နစၥတန္အစိုးရဘက္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.