ဂါဇာကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ အီတလီအစိုးရပြော

197

Pika (NP News) - အောက်တိုဘာ ၁၁
ဂါဇာကမ်းမြောင်ဒေသမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ လိုအပ်မယ်ဆိုရင် အီတလီက တပ်ဖွဲ့ဝင်တွေလွှတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အပစ်အခတ်ရပ်စဲရေးအစီအစဉ် ပထမ အဆင့်ကို ကြိုဆိုတယ်လို့လည်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီတလီဒုဝန်ကြီးချုပ် အန်တိုနီယိုတာဂျာနီက “ငြိမ်းချမ်းရေးက နီးကပ်နေပါပြီ။ အမေရိကန်ရဲ့အစီအစဉ်ကို အမြဲတမ်းထောက်ခံအားပေးခဲ့တဲ့ အီတလီနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအသစ်တွေ ဖြန့်ဖြုးပေးဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ပါလက်စတိုင်းတွေ ပြန်လည်ပေါင်းစည်းစေဖို့ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ကို ဖွဲ့စည်းမယ်ဆိုရင် တပ်ဖွဲ့ဝင်တွေ ပေးပို့ဖို့ အဆင်သင့်ရှိတယ်လို့လည်း အန်တိုနီယိုတာဂျာနီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဟာ နီးကပ်လာနေပြီဖြစ်ပြီး ဒေါ်နယ်ထရမ့် အဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးဖို့ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့က သဘောတူညီလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာကို ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ေစလႊတ္ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ အီတလီအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၁
ဂါဇာကမ္းေျမာင္ေဒသမွာ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ေတြ လိုအပ္မယ္ဆိုရင္ အီတလီက တပ္ဖြဲ႕ဝင္ေတြလႊတ္ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အပစ္အခတ္ရပ္စဲေရးအစီအစဥ္ ပထမ အဆင့္ကို ႀကိဳဆိုတယ္လို႔လည္း အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီတလီဒုဝန္ႀကီးခ်ဳပ္ အန္တိုနီယိုတာဂ်ာနီက “ၿငိမ္းခ်မ္းေရးက နီးကပ္ေနပါၿပီ။ အေမရိကန္ရဲ႕အစီအစဥ္ကို အၿမဲတမ္းေထာက္ခံအားေပးခဲ့တဲ့ အီတလီႏိုင္ငံဟာ အပစ္အခတ္ရပ္စဲေရးကို ေဖာ္ေဆာင္ဖို႔၊ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီအသစ္ေတြ ျဖန႔္ျဖဳးေပးဖို႔နဲ႔ ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ေဆာက္ေရးမွာ ပါဝင္ကူညီဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ပါလက္စတိုင္းေတြ ျပန္လည္ေပါင္းစည္းေစဖို႔ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ကို ဖြဲ႕စည္းမယ္ဆိုရင္ တပ္ဖြဲ႕ဝင္ေတြ ေပးပို႔ဖို႔ အဆင္သင့္ရွိတယ္လို႔လည္း အန္တိုနီယိုတာဂ်ာနီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးဟာ နီးကပ္လာေနၿပီျဖစ္ၿပီး ေဒၚနယ္ထရမ့္ အဆိုျပဳခဲ့တဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္မွတ္ေရးထိုးဖို႔ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က သေဘာတူညီလိုက္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။