အမေရိကန်နိုင်ငံက ကာရေဘီယံဒေသတွင်စစ်ပွဲဖြစ်လာစေရန် ကြိုးပမ်းနေဟု ကိုလံဘီယာသမ္မတ စွပ်စွဲ

121

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၂
အမေရိကန်အစိုးရသည် မူးယစ်ဆေးဝါး နှိမ်နင်းမှုလုပ်ငန်းများအကြောင်းပြပြီး ကာရေဘီယံ ဒေသတွင်စစ်ပွဲဖြစ် လာစေရန် ကြိုးပမ်းလျက်ရှိနေကြောင်းကိုလံဘီယာ သမ္မတ ဂူစတာဗို ပီထရိုက စွပ်စွဲ ပြောဆိုလိုက်သည်။ အမေရိကန် အစိုးရက မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို နှိမ်နှင်းချိန်အတွင်း ဗင်နီဇွဲလား ကမ်းလွန်တွင် ကိုလံဘီယာနိုင်ငံ သားများ သေဆုံးခဲ့ပြီးနောက် ကိုလံဗီယာသမ္မတက ယင်းကဲ့သို့ တုံ့ပြန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာသမ္မတက အမေရိကန်အစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နှင်ရေးလုပ်ငန်းများသည် မူးယစ်ဆေးဝါး လုပ်ငန်းများကိုပစ်မှတ်ထားရုံသာမက ဒေသအတွင်းရှိ သဘာဝအရင်းမြစ်များကိုလည်း ပစ်မှတ်ထားနေကြောင်း၊ ပြောသည်။ သို့သော်လည်း အမေရိကန်အစိုးရ အိမ်ဖြူတော်က ကိုလံဘီယာ သမ္မတ၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ပယ်ချ ထားကြောင်းသိရသည်။ အမေရိကန်လေတပ်သည် ဗင်နီဇွဲလားကမ်းလွန်တွင် မူးယစ်ဆေးဝါး သယ် ဆောင်လာသည်ဟု သံသယရှိသောသင်္ဘောများကို ပြီးခဲ့သည့်သီတင်းပတ်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်း ဆုံးလူပေါင်း (၂၀) ဦးသေဆုံးခဲ့ပြီး သင်္ဘောများနစ်မြုပ်ခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရက ၎င်းတို့သည် ကာရေ ဘီယံဒေသတွင် မူးယစ်ဆေးဝါးကုန်ကူးနေ ခြင်းများကို တားမြစ်ရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောသည်။ အမေရိကန်အစိုးရက ဗင်နီဇွဲ လားသမ္မတ မာဒူရိုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် အဆက်အသွယ်ရှိပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု မကြာခဏစွပ်စွဲပြောဆိုထား သော်လည်း ဗင်နီဇွဲလားအစိုးရက ငြင်းဆန်ပယ်ချ ထား သည်။
ကိုလံဘီယာသမ္မတက ‘သက်သေ မှတ်တမ်းတွေအရ အမေရိကန်လေတပ်က ဗင်နီဇွဲလား ကမ်းလွန်မှာ တိုက်ခိုက်ခဲ့တဲ့သင်္ဘောတွေထဲမှာ ကိုလံဘီယာသင်္ဘောတွေပါဝင်ခဲ့တယ်။ နောက်ဆုံး တိုက်ခိုက်ခံရတဲ့သင်္ဘောက ကိုလံ ဘီယာ သင်္ဘောဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာ ကိုလံဘီယာနိုင်ငံသားတွေ ပါဝင်နေတယ်။ အမေရိကန်နိုင်ငံဟာ မူးယစ် ဆေးဝါး မှောင်ခိုလုပ်ငန်းတွေကို စစ်ပွဲဆင်နွှဲတာမျိုးမဟုတ်ဘူး၊ ကာရေဘီယံဒေသကထွက်ရှိတဲ့ရေနံနဲ့ ဓာတ်ငွေ့တွေကို ရယူနိုင်အောင်စစ်ပွဲဆင်နွှဲနေတာ ဖြစ်တယ်။ ဗင်နီဇွဲလား ကမ်းလွန်မှာ ပြုလုပ်ခဲ့တဲ့အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ကာရေဘီယံဒေသနဲ့ လက်တင်အမေရိက နိုင်ငံသားအားလုံးကို ကျူး ကျော်ရန်စလိုက်တာမျိုး ဖြစ်တယ်’ ဟုပြောသည်။
ကိုလံဘီယာနိုင်ငံသည် တောင်အမေရိကတိုက်တွင် အမေရိကန်နိုင်ငံ၏ အရင်းနှီးဆုံးမိတ်ဖက် နိုင်ငံဖြစ်ခဲ့သော် လည်း လက်ရှိအချိန်တွင် နှစ်နိုင်ငံ ကြားဆက်ဆံရေး အငြင်းပွားမှုများရှိလာနေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံက ကာေရဘီယံေဒသတြင္စစ္ပြဲျဖစ္လာေစရန္ ႀကိဳးပမ္းေနဟု ကိုလံဘီယာသမၼတ စြပ္စြဲ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၂
အေမရိကန္အစိုးရသည္ မူးယစ္ေဆးဝါး ႏွိမ္နင္းမႈလုပ္ငန္းမ်ားအေၾကာင္းျပၿပီး ကာေရဘီယံ ေဒသတြင္စစ္ပြဲျဖစ္ လာေစရန္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္းကိုလံဘီယာ သမၼတ ဂူစတာဗို ပီထ႐ိုက စြပ္စြဲ ေျပာဆိုလိုက္သည္။ အေမရိကန္ အစိုးရက မူးယစ္ေဆးဝါးေမွာင္ခိုလုပ္ငန္းမ်ားကို ႏွိမ္ႏွင္းခ်ိန္အတြင္း ဗင္နီဇြဲလား ကမ္းလြန္တြင္ ကိုလံဘီယာႏိုင္ငံ သားမ်ား ေသဆုံးခဲ့ၿပီးေနာက္ ကိုလံဗီယာသမၼတက ယင္းကဲ့သို႔ တုံ႔ျပန္ေဝဖန္ခဲ့ျခင္းျဖစ္သည္။
ကိုလံဘီယာသမၼတက အေမရိကန္အစိုးရ၏ မူးယစ္ေဆးဝါးႏွိမ္ႏွင္ေရးလုပ္ငန္းမ်ားသည္ မူးယစ္ေဆးဝါး လုပ္ငန္းမ်ားကိုပစ္မွတ္ထား႐ုံသာမက ေဒသအတြင္းရွိ သဘာဝအရင္းျမစ္မ်ားကိုလည္း ပစ္မွတ္ထားေနေၾကာင္း၊ ေျပာသည္။ သို႔ေသာ္လည္း အေမရိကန္အစိုးရ အိမ္ျဖဴေတာ္က ကိုလံဘီယာ သမၼတ၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ် ထားေၾကာင္းသိရသည္။ အေမရိကန္ေလတပ္သည္ ဗင္နီဇြဲလားကမ္းလြန္တြင္ မူးယစ္ေဆးဝါး သယ္ ေဆာင္လာသည္ဟု သံသယရွိေသာသေဘၤာမ်ားကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာ အနည္း ဆုံးလူေပါင္း (၂၀) ဦးေသဆုံးခဲ့ၿပီး သေဘၤာမ်ားနစ္ျမဳပ္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္အစိုးရက ၎တို႔သည္ ကာေရ ဘီယံေဒသတြင္ မူးယစ္ေဆးဝါးကုန္ကူးေန ျခင္းမ်ားကို တားျမစ္ရန္အတြက္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ေျပာသည္။ အေမရိကန္အစိုးရက ဗင္နီဇြဲ လားသမၼတ မာဒူ႐ိုသည္ မူးယစ္ေဆးဝါးဂိုဏ္းမ်ားႏွင့္ အဆက္အသြယ္ရွိၿပီး မူးယစ္ေဆးဝါး လုပ္ငန္းမ်ား လုပ္ကိုင္ေနသည္ဟု မၾကာခဏစြပ္စြဲေျပာဆိုထား ေသာ္လည္း ဗင္နီဇြဲလားအစိုးရက ျငင္းဆန္ပယ္ခ် ထား သည္။
ကိုလံဘီယာသမၼတက ‘သက္ေသ မွတ္တမ္းေတြအရ အေမရိကန္ေလတပ္က ဗင္နီဇြဲလား ကမ္းလြန္မွာ တိုက္ခိုက္ခဲ့တဲ့သေဘၤာေတြထဲမွာ ကိုလံဘီယာသေဘၤာေတြပါဝင္ခဲ့တယ္။ ေနာက္ဆုံး တိုက္ခိုက္ခံရတဲ့သေဘၤာက ကိုလံ ဘီယာ သေဘၤာျဖစ္ၿပီး အဲဒီသေဘၤာေပၚမွာ ကိုလံဘီယာႏိုင္ငံသားေတြ ပါဝင္ေနတယ္။ အေမရိကန္ႏိုင္ငံဟာ မူးယစ္ ေဆးဝါး ေမွာင္ခိုလုပ္ငန္းေတြကို စစ္ပြဲဆင္ႏႊဲတာမ်ိဳးမဟုတ္ဘူး၊ ကာေရဘီယံေဒသကထြက္ရွိတဲ့ေရနံနဲ႔ ဓာတ္ေငြ႕ေတြကို ရယူႏိုင္ေအာင္စစ္ပြဲဆင္ႏႊဲေနတာ ျဖစ္တယ္။ ဗင္နီဇြဲလား ကမ္းလြန္မွာ ျပဳလုပ္ခဲ့တဲ့အေမရိကန္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေတြဟာ ကာေရဘီယံေဒသနဲ႔ လက္တင္အေမရိက ႏိုင္ငံသားအားလုံးကို က်ဴး ေက်ာ္ရန္စလိုက္တာမ်ိဳး ျဖစ္တယ္’ ဟုေျပာသည္။
ကိုလံဘီယာႏိုင္ငံသည္ ေတာင္အေမရိကတိုက္တြင္ အေမရိကန္ႏိုင္ငံ၏ အရင္းႏွီးဆုံးမိတ္ဖက္ ႏိုင္ငံျဖစ္ခဲ့ေသာ္ လည္း လက္ရွိအခ်ိန္တြင္ ႏွစ္ႏိုင္ငံ ၾကားဆက္ဆံေရး အျငင္းပြားမႈမ်ားရွိလာေနေၾကာင္း သိရသည္။