အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်(၃)ရပ်ဆိုင်ရာရွေးကောက်ပွဲဥပဒေများကို ဥပဒေအရာရှိများက ကျေညက် စွာလေ့လာထားရန် ပြည်ထောင်စုဝန်ကြီးပြော

 186

သန့်ဇင် (NP News) - အောက်တိုဘာ ၁၂

အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်(၃)ရပ်ဆိုင်ရာရွေးကောက်ပွဲဥပဒေများကို ဥပဒေအရာရှိများက ကျေညက်စွာလေ့လာထားရန် လိုကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(အောက်တိုဘာ ၁၁ ရက်) နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရှေ့နေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့သည်။
ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော် သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို ကျေညက်စွာလေ့လာထားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဖြင့် ဥပဒေအကြံပြုချက် တောင်းခံသည့်အမှုများကို ဥပဒေအကြံပြု ပြန်ကြားရာတွင် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက် များကို ပြည့်စုံစွာကိုးကား၍ အကြံပြုပြန်ကြားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင် သက်ဆိုင်ရာတာဝန်ခံဥပဒေ အရာရှိများက အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည့်အတွက် အဖွဲ့ဝင်အဖြစ်ပါဝင်ကြသော တာဝန်ခံဥပဒေအရာရှိများ အနေဖြင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများတရားမျှတမှု ရရှိစေရေးသာမက ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသောအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို အများပြည်သူက နားလည်သိရှိပြီး ဆောင်ရွက်ချက် များအပေါ် ယုံကြည်အားကိုးမှုရှိစေရေး ရည်မှန်းချက်အတွက် ဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ် ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တတိယမြောက် မဟာဗျူဟာစီမံကိန်းအရ အသစ်ဆောင်ရွက်ရမည့်လုပ်ငန်းများအဖြစ် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ် ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် TOT သင်တန်းများဆောင်ရွက်ခြင်း၊ e - library တည်ထောင်ခြင်း စသည့် ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များကို လည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူက သိရှိစေရန်နှင့် ယုံကြည် ကိုးစားနိုင်ရန်၊ မဟာဗျူဟာစီမံကိန်းပါ ပန်းတိုင်များ အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများကလည်း လုပ်ငန်း အစီအစဉ်များကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ပေးကြရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သတင်းအချက်အလက် နည်းပညာ(IT) နှင့်ပတ်သက်၍ “သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာမူဝါဒ” ကို ရေးဆွဲပြီးဖြစ်၍ ယင်းမူဝါဒနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံး များတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင်လုပ်ငန်းခွင်တွင် ခေတ်မီနည်းပညာများကို ပေါင်းစပ်အသုံး ပြုနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေများတောင်းခံ၍ ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
အသစ္ျပင္ဆင္ျပ႒ာန္းခဲ့သည့္ လႊတ္ေတာ္(၃)ရပ္ဆိုင္ရာေ႐ြးေကာက္ပြဲဥပေဒမ်ားကို ဥပေဒအရာရွိမ်ားက ေက်ညက္ စြာေလ့လာထားရန္ ျပည္ေထာင္စုဝန္ႀကီးေျပာ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၂
အသစ္ျပင္ဆင္ျပ႒ာန္းခဲ့သည့္ လႊတ္ေတာ္(၃)ရပ္ဆိုင္ရာေ႐ြးေကာက္ပြဲဥပေဒမ်ားကို ဥပေဒအရာရွိမ်ားက ေက်ညက္စြာေလ့လာထားရန္ လိုေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္ ေဒါက္တာသီတာဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ေအာက္တိုဘာ ၁၁ ရက္) နံနက္ပိုင္းက ဥပေဒေရးရာဝန္ႀကီးဌာန ေျမညီထပ္ အစည္းအေဝးခန္းမ၌ က်င္းပေသာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္ေရွ႕ေနခ်ဳပ္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ဥပေဒအရာရွိမ်ား၏ သတၱမအႀကိမ္လုပ္ငန္းညႇိႏႈိင္းေဆြးေႏြးပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့သည္။
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဒီဇင္ဘာ ၂၈ ရက္တြင္ က်င္းပမည္ျဖစ္သည့္အတြက္ ဥပေဒ႐ုံးအဆင့္ဆင့္ရွိ ဥပေဒအရာရွိမ်ားအေနျဖင့္ အသစ္ျပင္ဆင္ျပ႒ာန္းခဲ့သည့္ လႊတ္ေတာ္ သုံးရပ္ဆိုင္ရာ ေ႐ြးေကာက္ပြဲဥပေဒမ်ားကို ေက်ညက္စြာေလ့လာထားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့သည္။
ဥပေဒ႐ုံးအဆင့္ဆင့္ရွိ ဥပေဒအရာရွိမ်ားအေနျဖင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒျဖင့္ ဥပေဒအႀကံျပဳခ်က္ ေတာင္းခံသည့္အမႈမ်ားကို ဥပေဒအႀကံျပဳ ျပန္ၾကားရာတြင္ သက္ဆိုင္ရာဥပေဒျပ႒ာန္းခ်က္ မ်ားကို ျပည့္စုံစြာကိုးကား၍ အႀကံျပဳျပန္ၾကားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ၌ ေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈေကာ္မတီအဆင့္ဆင့္တြင္ သက္ဆိုင္ရာတာဝန္ခံဥပေဒ အရာရွိမ်ားက အဖြဲ႕ဝင္အျဖစ္ ပါဝင္လ်က္ရွိသည့္အတြက္ အဖြဲ႕ဝင္အျဖစ္ပါဝင္ၾကေသာ တာဝန္ခံဥပေဒအရာရွိမ်ား အေနျဖင့္ ဥပေဒအရ ေပးအပ္ေသာတာဝန္မ်ားကို ေက်ပြန္ေအာင္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူမ်ားတရားမွ်တမႈ ရရွိေစေရးသာမက ဥပေဒကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေသာအဖြဲ႕အစည္း၏ လုပ္ငန္းတာဝန္မ်ားကို အမ်ားျပည္သူက နားလည္သိရွိၿပီး ေဆာင္႐ြက္ခ်က္ မ်ားအေပၚ ယုံၾကည္အားကိုးမႈရွိေစေရး ရည္မွန္းခ်က္အတြက္ ဝန္ႀကီးဌာနအေနျဖင့္ ၂ဝ၂၅ ခုႏွစ္ မွ ၂၀၂၉ ခုႏွစ္ထိ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ တတိယေျမာက္ မဟာဗ်ဴဟာစီမံကိန္းကို “ျပည္သူ႔အတြက္ တည္ေဆာက္လ်က္ ဥပေဒယုံၾကည္ခ်က္” “Building Legal Trust for the People” ဟူသည့္ ေဆာင္ပုဒ္ ခ်မွတ္ခဲ့ၿပီး ပန္းတိုင္ ၅ ရပ္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

တတိယေျမာက္ မဟာဗ်ဴဟာစီမံကိန္းအရ အသစ္ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားအျဖစ္ ဥပေဒအသိပညာဆိုင္ရာ ဒီပလိုမာဘြဲ႕သင္တန္းဖြင့္လွစ္ျခင္း၊ တကၠသိုလ္ေက်ာင္းသားမ်ားႏွင့္ ေရွ႕ေနေရွ႕ရပ္မ်ားအတြက္ ဥပေဒပညာရပ္ ဆိုင္ရာသင္တန္းမ်ားဖြင့္လွစ္ျခင္း၊ Grade 12 သင္႐ိုးၫႊန္းတမ္းတြင္ ဥပေဒဘာသာရပ္ ထည့္သြင္းပို႔ခ်ႏိုင္ရန္ TOT သင္တန္းမ်ားေဆာင္႐ြက္ျခင္း၊ e - library တည္ေထာင္ျခင္း စသည့္ ပထမ ဦးစားေပးလုပ္ငန္းအစီအစဥ္မ်ားကို လည္း စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
“ျပည္သူ႔အတြက္ တည္ေဆာက္လ်က္ ဥပေဒယုံၾကည္ခ်က္” ေခါင္းစဥ္ႏွင့္အညီ ဥပေဒေရးရာဝန္ႀကီးဌာန၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို အမ်ားျပည္သူက သိရွိေစရန္ႏွင့္ ယုံၾကည္ ကိုးစားႏိုင္ရန္၊ မဟာဗ်ဴဟာစီမံကိန္းပါ ပန္းတိုင္မ်ား ေအာင္ျမင္ေစေရးအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္ဥပေဒခ်ဳပ္႐ုံးမ်ားကလည္း လုပ္ငန္း အစီအစဥ္မ်ားကို အရွိန္အဟုန္မျပတ္ေဆာင္႐ြက္ေပးၾကရန္လိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သတင္းအခ်က္အလက္ နည္းပညာ(IT) ႏွင့္ပတ္သက္၍ “သတင္းအခ်က္ အလက္ႏွင့္ဆက္သြယ္ေရးဆိုင္ရာမူဝါဒ” ကို ေရးဆြဲၿပီးျဖစ္၍ ယင္းမူဝါဒႏွင့္အညီ တိုင္းေဒသႀကီး၊ ျပည္နယ္ဥပေဒခ်ဳပ္႐ုံးမ်ားႏွင့္ လက္ေအာက္ခံ ဥပေဒ႐ုံး မ်ားတြင္ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ လိုက္နာေဆာင္႐ြက္ရန္ ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္လုပ္ငန္းခြင္တြင္ ေခတ္မီနည္းပညာမ်ားကို ေပါင္းစပ္အသုံး ျပဳႏိုင္ေရးအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္ ဥပေဒခ်ဳပ္႐ုံးမ်ားႏွင့္ လက္ေအာက္ခံဥပေဒ႐ုံးမ်ားတြင္ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ အေထာက္အပံ့ပစၥည္းမ်ား၊ အေျခခံအေဆာက္အအုံမ်ား ေကာင္းမြန္ေစရန္အတြက္ ဘ႑ာႏွစ္အလိုက္ လိုအပ္သည့္ ဘ႑ာေငြမ်ားေတာင္းခံ၍ ေဆာင္႐ြက္ၾကရန္လည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.