ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းတာက တရုတ်(တိုင်ပေ)ကျွန်းအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရပြော

137

Pika (NP News) - အောက်တိုဘာ ၂၇
ငြိမ်းချမ်းတဲ့နည်းလမ်းတွေကနေတစ်ဆင့် တရုတ်(တိုင်ပေ)ကျွန်းနဲ့ ပြန်လည်ပေါင်းစည်းတာဟာ တရုတ်(တိုင်ပေ) ပြည်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ တရုတ်(တိုင်ပေ)ကျွန်းရဲ့လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေအားလုံးကို အပြည့်အဝထည့်သွင်း စဉ်းစားပေးသွားမှာဖြစ်ပေမယ့်လည်း တရုတ်(တိုင်ပေ)လွတ်လပ်ရေးကိုမြှင့်တင်မယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို သည်းခံမှာမဟုတ်ဘူးလို့ တရုတ်အစိုးရတာဝန်ရှိသူ Wang Huning က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပြင် တရုတ်နိုင်ငံဟာ ၎င်းရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အသီးအပွင့်တွေကို တရုတ်(တိုင်ပေ)ပြည်သူတွေနဲ့ မျှဝေရာမှာ ဦးဆောင်သွားမှာဖြစ်တယ်လို့လည်း Wang Huning က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်အစိုးရဟာ တူညီတဲ့သတင်းစကားကိုသာ ထပ်ခါတလဲလဲပြောကြားနေပြီး တရုတ်ရဲ့အဓိကရည်ရွယ်ချက်ဟာ တရုတ်(တိုင်ပေ) ကျွန်းကို သိမ်းပိုက်ဖို့ဖြစ်တယ်လို့ တရုတ်(တိုင်ပေ)အစိုးရက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
တရုတ်(တိုင်ပေ)အစိုးရက “တူညီတဲ့သတင်းစကားတွေကိုသာ ထပ်ခါတလဲလဲပြောကြားနေပေမယ့်လည်း တရုတ်ရဲ့အဓိကရည်ရွယ်ချက်က တရုတ်(တိုင်ပေ)ကျွန်းကို သိမ်းပိုက်ဖို့ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းတာက တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အေကာင္းဆုံးနည္းလမ္းတစ္ခုျဖစ္တယ္ လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၇
ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြကေနတစ္ဆင့္ တ႐ုတ္(တိုင္ေပ)ကြၽန္းနဲ႔ ျပန္လည္ေပါင္းစည္းတာဟာ တ႐ုတ္(တိုင္ေပ) ျပည္သူေတြအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈတစ္ခုျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းရဲ႕လက္ရွိျဖစ္ပြားေနတဲ့အေျခအေနေတြအားလုံးကို အျပည့္အဝထည့္သြင္း စဥ္းစားေပးသြားမွာျဖစ္ေပမယ့္လည္း တ႐ုတ္(တိုင္ေပ)လြတ္လပ္ေရးကိုျမႇင့္တင္မယ့္ ဘယ္လိုလုပ္ရပ္မ်ိဳးကိုမဆို သည္းခံမွာမဟုတ္ဘူးလို႔ တ႐ုတ္အစိုးရတာဝန္ရွိသူ Wang Huning က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါျပင္ တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔အသီးအပြင့္ေတြကို တ႐ုတ္(တိုင္ေပ)ျပည္သူေတြနဲ႔ မွ်ေဝရာမွာ ဦးေဆာင္သြားမွာျဖစ္တယ္လို႔လည္း Wang Huning က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္အစိုးရဟာ တူညီတဲ့သတင္းစကားကိုသာ ထပ္ခါတလဲလဲေျပာၾကားေနၿပီး တ႐ုတ္ရဲ႕အဓိကရည္႐ြယ္ခ်က္ဟာ တ႐ုတ္(တိုင္ေပ) ကြၽန္းကို သိမ္းပိုက္ဖို႔ျဖစ္တယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရက တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။
တ႐ုတ္(တိုင္ေပ)အစိုးရက “တူညီတဲ့သတင္းစကားေတြကိုသာ ထပ္ခါတလဲလဲေျပာၾကားေနေပမယ့္လည္း တ႐ုတ္ရဲ႕အဓိကရည္႐ြယ္ခ်က္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို သိမ္းပိုက္ဖို႔ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။