ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျရှုံးခဲ့မယ်ဆိုရင် စစ်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ပါကစ္စတန်စစ်ဘက် သတိပေး

 123

Pika (NP News) - အောက်တိုဘာ ၂၇

အာဖဂန်နစ္စတန်နိုင်ငံက ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာကို ယုံကြည်ပေမယ့်လည်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှလုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေအတွင်း သဘောတူညီချက်မရရှိခဲ့ခြင်းဟာ စစ်ပွဲကို ဆိုလိုတာမျိုး ဖြစ်တယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Muhammad Asif က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နယ်စပ်တိုက်ပွဲတွေအတွင်း လူအများအပြားသေဆုံးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲဖို့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တို့က သဘောတူညီခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲဟာ (၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာရလာချိန်ကနေစတင်ပြီး ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အစိုးရတို့ကြား အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ချိန်ကနေစတင်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေကို ကြားသိရတာမျိုးမရှိသေးဘူးလို့လည်း Khawaja Muhammad Asif က ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ Khawaja Muhammad Asif က “အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်တဲ့ ဆွေးနွေးပွဲတွေအတွင်း သဘောတူညီ ချက်မရရှိခဲ့ဘူးဆိုရင် စစ်ပွဲတစ်ခုကိုဆင်နွှဲဖို့ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အာဖဂန် နစ္စတန်က ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ က်ရႈံးခဲ့မယ္ဆိုရင္ စစ္ပြဲျဖစ္ပြားလာႏိုင္တယ္လို႔ ပါကစၥတန္စစ္ဘက္ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၂၇
အာဖဂန္နစၥတန္ႏိုင္ငံက ၿငိမ္းခ်မ္းေရးကို လိုလားတယ္ဆိုတာကို ယုံၾကည္ေပမယ့္လည္း တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွလုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲေတြအတြင္း သေဘာတူညီခ်က္မရရွိခဲ့ျခင္းဟာ စစ္ပြဲကို ဆိုလိုတာမ်ိဳး ျဖစ္တယ္လို႔ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီး Khawaja Muhammad Asif က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ နယ္စပ္တိုက္ပြဲေတြအတြင္း လူအမ်ားအျပားေသဆုံးခဲ့ၿပီးေနာက္ အပစ္အခတ္ရပ္စဲဖို႔ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ တို႔က သေဘာတူညီခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲဟာ (၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕ အာဏာရလာခ်ိန္ကေနစတင္ၿပီး ပါကစၥတန္နဲ႔အာဖဂန္နစၥတန္အစိုးရတို႔ၾကား အၾကမ္းဖက္မႈေတြကို ကာကြယ္ဖို႔ လုပ္ေဆာင္ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္ႀကိဳးပမ္းမႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကား အပစ္အခတ္ရပ္စဲဖို႔ သေဘာတူညီခဲ့ခ်ိန္ကေနစတင္ၿပီး လက္ရွိအခ်ိန္အထိ တိုက္ပြဲျဖစ္ပြားတဲ့ သတင္းေတြကို ၾကားသိရတာမ်ိဳးမရွိေသးဘူးလို႔လည္း Khawaja Muhammad Asif က ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ Khawaja Muhammad Asif က “အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္တဲ့ ေဆြးေႏြးပြဲေတြအတြင္း သေဘာတူညီ ခ်က္မရရွိခဲ့ဘူးဆိုရင္ စစ္ပြဲတစ္ခုကိုဆင္ႏႊဲဖို႔ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္ခြင့္ရွိပါတယ္။ ဒါေပမယ့္လည္း အာဖဂန္ နစၥတန္က ၿငိမ္းခ်မ္းေရးကို လိုလားတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.