Sony Pictures မှ သဘောတူညီချက်ရရှိပြီးနောက် Labubu ရုပ်ရှင်ရိုက်ကူးရေး စတင်လုပ်ဆောင်နေပြီဆိုတဲ့ သတင်းများထွက်ပေါ်နေ

 90

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈

ကမ္ဘာတဝန်း လူကြိုက်များခဲ့တဲ့ Labubu အရုပ်တွေဟာ အနာဂတ် ရုပ်ရှင်ဖန်သားပြင်ပေါ်မှာလည်း ထွက်ပေါ်လာဦးမယ်လို့ The Hollywood Reporter က နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုပ်ရှင်စတူဒီယို Sony Pictures ဟာ ဘီလူးတွေကို အခြေခံပြီး ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ ပြီးခဲ့တဲ့အပတ်က သဘောတူညီခဲ့တယ်လို့ အမေရိကန်ဖျော်ဖြေရေး ကုန်သွယ်ရေး စာစောင်က ဖော်ပြပါတယ်။ ဒါဟာ ရုပ်ရှင်ရိုက်ကူး ဖို့ အစောပိုင်းအဆင့်မှာ ရှိနေပြီး Live action ဖြစ်မလား၊ Animation ဖြစ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ Live Action movie "Jumanji" နဲ့ Animation movie "KPop Demon Hunters" ကို Netflix နဲ့ ပူးပေါင်းထုတ်လုပ် ခဲ့တဲ့ Sony ကတော့ ဒီအတွက် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ တရုတ်နိုင်ငံ Pop Mart မှတဆင့် ရောင်းချတဲ့ Labubus အရုပ်တွေဟာ ၂၀၂၄ ခုနှစ်၊ Blackpink အဖွဲ့ဝင် လီဆာ က သူ့ရဲ့ဖက်ရှင်တွေထဲမှာ တွဲဖက်ဝတ်ဆင် ပြသခဲ့ပြီးနောက် ရေပန်းစားခဲ့ပြီး ကမ္ဘာတဝန်း အရောင်းရဆုံး အရုပ်တွေ ဖြစ်လာခဲ့ပါတယ်။ အရုပ်ရဲ့ ထူးခြားချက် ကတော့ အကန့်အသတ်နဲ့ထုတ်ထားတဲ့ Blind Box တွေအဖြစ် ဝယ်ယူရတာဖြစ်ပြီး ဒီ Blind box တွေကို ဖောက်ရတာကကို trend ဖြစ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
Sony Pictures မွ သေဘာတူညီခ်က္ရရွိၿပီးေနာက္ Labubu ႐ုပ္ရွင္႐ိုက္ကူးေရး စတင္လုပ္ေဆာင္ေနၿပီဆိုတဲ့ သတင္းမ်ားထြက္ေပၚေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
ကမာၻတဝန္း လူႀကိဳက္မ်ားခဲ့တဲ့ Labubu အ႐ုပ္ေတြဟာ အနာဂတ္ ႐ုပ္ရွင္ဖန္သားျပင္ေပၚမွာလည္း ထြက္ေပၚလာဦးမယ္လို႔ The Hollywood Reporter က ႏိုဝင္ဘာ ၁၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
႐ုပ္ရွင္စတူဒီယို Sony Pictures ဟာ ဘီလူးေတြကို အေျခခံၿပီး ႐ုပ္ရွင္တစ္ကား ႐ိုက္ကူးဖို႔ ၿပီးခဲ့တဲ့အပတ္က သေဘာတူညီခဲ့တယ္လို႔ အေမရိကန္ေဖ်ာ္ေျဖေရး ကုန္သြယ္ေရး စာေစာင္က ေဖာ္ျပပါတယ္။ ဒါဟာ ႐ုပ္ရွင္႐ိုက္ကူး ဖို႔ အေစာပိုင္းအဆင့္မွာ ရွိေနၿပီး Live action ျဖစ္မလား၊ Animation ျဖစ္မလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ Live Action movie "Jumanji" နဲ႔ Animation movie "KPop Demon Hunters" ကို Netflix နဲ႔ ပူးေပါင္းထုတ္လုပ္ ခဲ့တဲ့ Sony ကေတာ့ ဒီအတြက္ မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။ တ႐ုတ္ႏိုင္ငံ Pop Mart မွတဆင့္ ေရာင္းခ်တဲ့ Labubus အ႐ုပ္ေတြဟာ ၂၀၂၄ ခုႏွစ္၊ Blackpink အဖြဲ႕ဝင္ လီဆာ က သူ႔ရဲ႕ဖက္ရွင္ေတြထဲမွာ တြဲဖက္ဝတ္ဆင္ ျပသခဲ့ၿပီးေနာက္ ေရပန္းစားခဲ့ၿပီး ကမာၻတဝန္း အေရာင္းရဆုံး အ႐ုပ္ေတြ ျဖစ္လာခဲ့ပါတယ္။ အ႐ုပ္ရဲ႕ ထူးျခားခ်က္ ကေတာ့ အကန႔္အသတ္နဲ႔ထုတ္ထားတဲ့ Blind Box ေတြအျဖစ္ ဝယ္ယူရတာျဖစ္ၿပီး ဒီ Blind box ေတြကို ေဖာက္ရတာကကို trend ျဖစ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.