ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်ကျောင်းအုပ်ကို PDF အဖွဲ့ကလာရောက်လုပ်ကြံ ပစ်ခတ်ရာ ဇနီးဖြစ်သူသေဆုံး

1778

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်ကျောင်းအုပ်ကို PDF အဖွဲ့ကလုပ်ကြံ ပစ်ခတ်ရာ ဇနီးဖြစ်သူကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက်၊ ည ၈ နာရီအချိန်က စစ်ကိုင်းမြိုနယ်၊ အုန်းတော (မြောက်) ကျေးရွာ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်ဝန်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောလိပ်ဝန်းအတွင်းရှိ ကျောင်းအုပ်ကြီး ဦးစိုးကြည်၏ နေအိမ်ကို PDF အဖွဲ့က ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် နေအိမ်အတွင်း ရှိနေသည့် ဦးစိုးကြည်၏ဇနီးဖြစ်သူ အသက် (၅၄) နှစ်အရွယ် ဒေါ်စန်းစန်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ ည ၇ နာရီ ၄၅ မိနစ်ကလည်း မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြိုနယ်၊ ထနောင်းပင်လဲကျေးရွာရှိ ပြည်လုံးချမ်း သာဘုန်းကြီး ကျောင်းအား PDF အကြမ်းဖက်အဖွဲက Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ သက်တော် (၈၁) နှစ်၊ ဝါတော် (၁၁) ဝါရှိ ဆရာတော် ဥူးဥတ္တမနှင့် သက်တော် (၄၇)နှစ် ဝါတော် (၅) ဝါရှိ ဆရာတော် ဥူးသုနန္ဒတို့ ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ရက်၊ ညပိုင်းကလည်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြိုနယ်၊ အိုးပေါက်ကျေးရွာတွင်နေထိုင်သည့် အသက် (၄၅)နှစ်အရွယ် ဦးလှမျိုးအောင် (ခ) အောင်အောင်ကို PDF အဖွဲ့က "ဒလန်" ဟုစွပ်စွဲကာ နေအိမ်အတွင်းဝင်ရောက်ကာ သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရးဒီဂရီေကာလိပ္ေက်ာင္းအုပ္ကို PDF အဖြဲ႕ကလာေရာက္လုပ္ႀကံ ပစ္ခတ္ရာ ဇနီးျဖစ္သူေသဆုံး
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရးဒီဂရီေကာလိပ္ေက်ာင္းအုပ္ကို PDF အဖြဲ႕ကလုပ္ႀကံ ပစ္ခတ္ရာ ဇနီးျဖစ္သူက်ည္ထိမွန္ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၁ရက္၊ ည ၈ နာရီအခ်ိန္က စစ္ကိုင္းၿမိဳနယ္၊ အုန္းေတာ (ေျမာက္) ေက်း႐ြာ၊ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရးဒီဂရီေကာလိပ္ဝန္းအတြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေကာလိပ္ဝန္းအတြင္းရွိ ေက်ာင္းအုပ္ႀကီး ဦးစိုးၾကည္၏ ေနအိမ္ကို PDF အဖြဲ႕က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ဝိုင္းဝန္းပစ္ခတ္ သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေနအိမ္အတြင္း ရွိေနသည့္ ဦးစိုးၾကည္၏ဇနီးျဖစ္သူ အသက္ (၅၄) ႏွစ္အ႐ြယ္ ေဒၚစန္းစန္းဝင္းတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္ကာ ေဆးကုသစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ ည ၇ နာရီ ၄၅ မိနစ္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳနယ္၊ ထေနာင္းပင္လဲေက်း႐ြာရွိ ျပည္လုံးခ်မ္း သာဘုန္းႀကီး ေက်ာင္းအား PDF အၾကမ္းဖက္အဖြဲက Drone ျဖင့္ Drop Bomb မ်ားပစ္ခ်တိုက္ခိုက္ခဲ့ရာ သက္ေတာ္ (၈၁) ႏွစ္၊ ဝါေတာ္ (၁၁) ဝါရွိ ဆရာေတာ္ ဥဴးဥတၱမႏွင့္ သက္ေတာ္ (၄၇)ႏွစ္ ဝါေတာ္ (၅) ဝါရွိ ဆရာေတာ္ ဥဴးသုနႏၵတို႔ ေပါက္ကြဲစထိမွန္ ဒဏ္ရာမ်ားရရွိ ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၀ရက္၊ ညပိုင္းကလည္း မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳနယ္၊ အိုးေပါက္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္ (၄၅)ႏွစ္အ႐ြယ္ ဦးလွမ်ိဳးေအာင္ (ခ) ေအာင္ေအာင္ကို PDF အဖြဲ႕က "ဒလန္" ဟုစြပ္စြဲကာ ေနအိမ္အတြင္းဝင္ေရာက္ကာ ေသနတ္ ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အထက္ပါျဖစ္စဥ္မ်ားမွ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။