NUG အတွင်းဝန် တိုင်ကြားခံရသော်လည်း သူခိုးသေဖော်ညှိထားသဖြင့် အမှုမှန်ပေါ်ပေါက်ဖွယ်မရှိ

320

သုတကျော်၊ သန့်ဇင်(NP News)-နိုဝင်ဘာ ၂၃
မိသားစုကောင်းစားရေးလုပ်သော NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံ ရသော်လည်း NUG ခေါင်းဆောင်အချင်းချင်း သူခိုး သေဖော်ညှိထားဖွယ်ရှိကြောင်း တိုင်ကြားခံရသူ ဒေါ်ကြည်ပြာ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ ထက်တွင်ရှင်းလင်းရေးသားထားချက်အရသိရသည်။
တောတွင်းက PDF တို့ငတ်ပြတ်ပြီး အသက်သေဆုံးနေရချိန် NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက ဇိမ်ခံနေသည့်အပြင် ခွေးမွေးနေ့ပွဲပါကျင်းပခဲ့ကြောင်း အပါအဝင် ယင်းရုံးဝန်ထမ်း (၁၉) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ်ထံ စာပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားသူများထဲ NUG ဝန်ကြီးချုပ် ရုံး၌လုပ်ကိုင်ခဲ့သော တွဲဖက်အတွင်းဝန် (၂)၊ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးမှ စတင်ကာ ရုံးအဖွဲ့ဝင်ယာဉ်မောင်းအထိ အလွှာစုံပါဝင် ကြောင်းသိရသည်။ ဒေါ်ကြည် ပြာသည် ကျောက်တံတား မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး NUG ဝန်ကြီးချုပ်ရုံး၏အတွင်းဝန်ဖြစ်လာခဲ့ရာ (၂၀၂၂) ခုနှစ်မှ (၂၀၂၅) ခုနှစ်အတွင်း ဝန်ထမ်း (၁၉) ဦးအထိ နုတ် ထွက်ခဲ့ကြောင်း သိရသည်။
ဒေါ်ကြည်ပြာတို့ဇနီးမောင်နှံက ခွေးနှစ် ကောင်မွေးမြူထားရာ ယင်းခွေးနှစ်ကောင်၏လစဉ် အသုံးစရိတ်မှာ ဘတ်သောင်းဂဏန်းအထိပင် ရှိနေရာ ခွေးအတွက် ကုန်ကျစရိတ်က ဝန်ထမ်းလစာ ထက်ပင် နှစ်ဆကျော်များနေပြီး ခွေးအတွက်မွေးနေ့ လုပ်ပေးခြင်း၊ ခွေးနှင့်လူ တစ်ခန်းတည်းတွင် အတူ ရုံးတက်ရခြင်းများရှိခဲ့ကြောင်း သိရသည်။
ခွေးနေမကောင်းသောကြောင့် ရုံးကား အသုံးပြုပြီး အချိန်မတော် ဆေးခန်းပို့ခိုင်းခြင်း၊ ရုံးကား ယာဉ်မောင်းကို ပိတ်ရက်တွင် ဈေးပို့ခိုင်းခြင်း၊ KTV ၊ BAR သွားလျှင် ရုံးကားသုံးခြင်း၊ အိမ်သာ ကိုပင်လျှင် ဝန်ထမ်းနှင့်ခွဲခြားပြီး အသုံးပြုခြင်း၊ လစာ မလောက်သောကြောင့် ပြင်ပတွင်အလုပ်လုပ်ခြင်းကိုလည်း ခွင့်မပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တိုင်စာအရ သိရသည်။ ဝန်ထမ်းများသည် ဝန်ကြီးချုပ်ရုံးက ထောက်ပံ့သည့် ငွေမလုံလောက်သဖြင့် ရုံးချိန်ပြင်ပတွင် အခြားအလုပ်များ လုပ်ကိုင်ခြင်းကိုသိရှိပါက ခွင့်မပြုကြောင်း ယင်းသို့ ထပ်မံမပြုလုပ်ရန်သတိ ပေးခြင်းများကိုလည်း ပြုလုပ်ခံခဲ့ရသည်။
ထို့ပြင် NUG ဝန်ကြီးချုပ်ရုံးသည် နေရာ သုံးနေရာပြောင်းခဲ့ရာတွင် နေရာပြောင်းတိုင်း သုံးခန်းတွဲ ခြံဝန်းပါ အိမ်ကိုသာ ရွေးငှားလေ့ရှိပြီး ယင်းတွင် ဒေါ်ကြည်ပြာ၏ မိခင်က တစ်ခန်း၊ ၎င်းတို့ဇနီးမောင်နှံအတွက် တစ်ခန်းသုံးပြီး ရုံးကိုတစ်ခန်းပေးကာ ယင်းရုံးမှာလည်း ဝန်ထမ်း (၈) ဦးအတွက် ကျပ်ကျပ် တည်းတည်း အလုပ်လုပ်ရကြောင်း သိရ သည်။
ထို့ပြင် ရုံးဝန်ထမ်းဖွဲ့စည်းပုံတွင် ဒေါ် ကြည်ပြာက အတွင်းဝန်၊ ခင်ပွန်းဖြစ်သူက ရုံးဦးစီး အဖွဲ့မှူးဖြစ်ပြီး တူ (၂) ဦးကလည်း ဝန်ထမ်းများအဖြစ် ပါဝင်နေကြောင်း သိရသည်။ NUG က ဘတ် ဂျက် ချထားပေးရာတွင် ဝန်ထမ်းလစာကို ဒေါ်ကြည် ပြာက စိတ်တိုင်းကျသတ်မှတ်ပေးသည့်အပြင် ယင်းရုံးအတွက် ရသောအလှူငွေများ အပါအဝင် အခြား ဝင်ငွေများကိုလည်း ဒေါ်ကြည်ပြာတို့ ဇနီးမောင်နှံက ကိုင်တွယ်သည့်အပြင် မှတ်တမ်းလည်း မရှိကြောင်း သိရသည်။
ယင်း တိုင်စာနှင့် ပတ်သက်၍ ပြည်ပရောက်မီဒီယာအချို့တွင် သတင်းဖော်ပြခဲ့ကြပြီး ဒေါ်ကြည်ပြာက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရှင်းလင်းချက်ရေးသားခဲ့သည်။ ယင်းတွင် “တကယ်တော့ ဒီစာက သမ္မတ၊ CRPH ဥက္ကဋ္ဌနှင့်ဝန်ကြီးများဆီကို (၁၉) ရက်မှာ ပို့တယ်လို့ သိရပြီး ဝန်ကြီးချုပ်ဆီတော့ တိုင်စာရောက်မလာဘဲ (၂၀) ရက်နေ့မှာ စနစ်တကျအချိန်ကိုက် သတင်းမီဒီ ယာပေါ်ရောက်လာပါတယ်” ဟု ၎င်းကဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်ကြည်ပြာ၏ ရေးသားချက်အရ NUG အတွင်းမှာပင် တိုင်စာကို တိုင်ကြားခံရသူထံ ပေးဖတ်သော သဘောသက် ရောက်နေပြီး တိုင်စာ သို့မဟုတ် မကောင်းပြောခံရလျှင် NUG အတွင်းမှာပင် ဝိုင်းဝန်းဖုံးဖိပေးသလောဟု မေးခွန်းဖြစ်ပေါ်လာသည်။ “သတင်းမှားတွေကို သတင်းမီဒီယာကို အင်တာဗျူးသူတွေ၊ တိုင်ကြားခြင်းကို ဦးဆောင်ခဲ့သူ တွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟုလည်း ဒေါ်ကြည်ပြာက ၎င်း၏ ပို့စ်အတွင်း ခြိမ်း ခြောက်ရေးသားထားသည်။

Zawgyi Version:
NUG အတြင္းဝန္ တိုင္ၾကားခံရေသာ္လည္း သူခိုးေသေဖာ္ညႇိထားသျဖင့္ အမႈမွန္ေပၚေပါက္ဖြယ္မရွိ
သုတေက်ာ္၊ သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၃
မိသားစုေကာင္းစားေရးလုပ္ေသာ NUG ဝန္ႀကီးခ်ဳပ္႐ုံးအတြင္းဝန္ ေဒၚၾကည္ျပာ တိုင္ၾကားခံ ရေသာ္လည္း NUG ေခါင္းေဆာင္အခ်င္းခ်င္း သူခိုး ေသေဖာ္ညႇိထားဖြယ္ရွိေၾကာင္း တိုင္ၾကားခံရသူ ေဒၚၾကည္ျပာ၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ ထက္တြင္ရွင္းလင္းေရးသားထားခ်က္အရသိရသည္။NUG အတွင်းဝန် တိုင်ကြားခံရသော်လည်း သူခိုးသေဖော်ညှိထားသဖြင့် အမှုမှန်ပေါ်ပေါက်ဖွယ်မရှိ
ေတာတြင္းက PDF တို႔ငတ္ျပတ္ၿပီး အသက္ေသဆုံးေနရခ်ိန္ NUG ဝန္ႀကီးခ်ဳပ္႐ုံး အၿမဲတမ္းအတြင္းဝန္ ေဒၚၾကည္ျပာက ဇိမ္ခံေနသည့္အျပင္ ေခြးေမြးေန႔ပြဲပါက်င္းပခဲ့ေၾကာင္း အပါအဝင္ ယင္း႐ုံးဝန္ထမ္း (၁၉) ဦးက NUG ယာယီသမၼတ၊ CRPH ဥကၠ႒၊ NUG ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ထံ စာပို႔တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
တိုင္ၾကားသူမ်ားထဲ NUG ဝန္ႀကီးခ်ဳပ္ ႐ုံး၌လုပ္ကိုင္ခဲ့ေသာ တြဲဖက္အတြင္းဝန္ (၂)၊ ၫႊန္ၾကားေရးမႉး၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမွ စတင္ကာ ႐ုံးအဖြဲ႕ဝင္ယာဥ္ေမာင္းအထိ အလႊာစုံပါဝင္ ေၾကာင္းသိရသည္။ ေဒၚၾကည္ ျပာသည္ ေက်ာက္တံတား မဲဆႏၵနယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္တာဝန္ယူခဲ့သူျဖစ္ၿပီး NUG ဝန္ႀကီးခ်ဳပ္႐ုံး၏အတြင္းဝန္ျဖစ္လာခဲ့ရာ (၂၀၂၂) ခုႏွစ္မွ (၂၀၂၅) ခုႏွစ္အတြင္း ဝန္ထမ္း (၁၉) ဦးအထိ ႏုတ္ ထြက္ခဲ့ေၾကာင္း သိရသည္။
ေဒၚၾကည္ျပာတို႔ဇနီးေမာင္ႏွံက ေခြးႏွစ္ ေကာင္ေမြးျမဴထားရာ ယင္းေခြးႏွစ္ေကာင္၏လစဥ္ အသုံးစရိတ္မွာ ဘတ္ေသာင္းဂဏန္းအထိပင္ ရွိေနရာ ေခြးအတြက္ ကုန္က်စရိတ္က ဝန္ထမ္းလစာ ထက္ပင္ ႏွစ္ဆေက်ာ္မ်ားေနၿပီး ေခြးအတြက္ေမြးေန႔ လုပ္ေပးျခင္း၊ ေခြးႏွင့္လူ တစ္ခန္းတည္းတြင္ အတူ ႐ုံးတက္ရျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
ေခြးေနမေကာင္းေသာေၾကာင့္ ႐ုံးကား အသုံးျပဳၿပီး အခ်ိန္မေတာ္ ေဆးခန္းပို႔ခိုင္းျခင္း၊ ႐ုံးကား ယာဥ္ေမာင္းကို ပိတ္ရက္တြင္ ေဈးပို႔ခိုင္းျခင္း၊ KTV ၊ BAR သြားလွ်င္ ႐ုံးကားသုံးျခင္း၊ အိမ္သာ ကိုပင္လွ်င္ ဝန္ထမ္းႏွင့္ခြဲျခားၿပီး အသုံးျပဳျခင္း၊ လစာ မေလာက္ေသာေၾကာင့္ ျပင္ပတြင္အလုပ္လုပ္ျခင္းကိုလည္း ခြင့္မျပဳျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း တိုင္စာအရ သိရသည္။ ဝန္ထမ္းမ်ားသည္ ဝန္ႀကီးခ်ဳပ္႐ုံးက ေထာက္ပံ့သည့္ ေငြမလုံေလာက္သျဖင့္ ႐ုံးခ်ိန္ျပင္ပတြင္ အျခားအလုပ္မ်ား လုပ္ကိုင္ျခင္းကိုသိရွိပါက ခြင့္မျပဳေၾကာင္း ယင္းသို႔ ထပ္မံမျပဳလုပ္ရန္သတိ ေပးျခင္းမ်ားကိုလည္း ျပဳလုပ္ခံခဲ့ရသည္။
ထို႔ျပင္ NUG ဝန္ႀကီးခ်ဳပ္႐ုံးသည္ ေနရာ သုံးေနရာေျပာင္းခဲ့ရာတြင္ ေနရာေျပာင္းတိုင္း သုံးခန္းတြဲ ၿခံဝန္းပါ အိမ္ကိုသာ ေ႐ြးငွားေလ့ရွိၿပီး ယင္းတြင္ ေဒၚၾကည္ျပာ၏ မိခင္က တစ္ခန္း၊ ၎တို႔ဇနီးေမာင္ႏွံအတြက္ တစ္ခန္းသုံးၿပီး ႐ုံးကိုတစ္ခန္းေပးကာ ယင္း႐ုံးမွာလည္း ဝန္ထမ္း (၈) ဦးအတြက္ က်ပ္က်ပ္ တည္းတည္း အလုပ္လုပ္ရေၾကာင္း သိရ သည္။
ထို႔ျပင္ ႐ုံးဝန္ထမ္းဖြဲ႕စည္းပုံတြင္ ေဒၚ ၾကည္ျပာက အတြင္းဝန္၊ ခင္ပြန္းျဖစ္သူက ႐ုံးဦးစီး အဖြဲ႕မႉးျဖစ္ၿပီး တူ (၂) ဦးကလည္း ဝန္ထမ္းမ်ားအျဖစ္ ပါဝင္ေနေၾကာင္း သိရသည္။ NUG က ဘတ္ ဂ်က္ ခ်ထားေပးရာတြင္ ဝန္ထမ္းလစာကို ေဒၚၾကည္ ျပာက စိတ္တိုင္းက်သတ္မွတ္ေပးသည့္အျပင္ ယင္း႐ုံးအတြက္ ရေသာအလႉေငြမ်ား အပါအဝင္ အျခား ဝင္ေငြမ်ားကိုလည္း ေဒၚၾကည္ျပာတို႔ ဇနီးေမာင္ႏွံက ကိုင္တြယ္သည့္အျပင္ မွတ္တမ္းလည္း မရွိေၾကာင္း သိရသည္။
ယင္း တိုင္စာႏွင့္ ပတ္သက္၍ ျပည္ပေရာက္မီဒီယာအခ်ိဳ႕တြင္ သတင္းေဖာ္ျပခဲ့ၾကၿပီး ေဒၚၾကည္ျပာက ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ရွင္းလင္းခ်က္ေရးသားခဲ့သည္။ ယင္းတြင္ “တကယ္ေတာ့ ဒီစာက သမၼတ၊ CRPH ဥကၠ႒ႏွင့္ဝန္ႀကီးမ်ားဆီကို (၁၉) ရက္မွာ ပို႔တယ္လို႔ သိရၿပီး ဝန္ႀကီးခ်ဳပ္ဆီေတာ့ တိုင္စာေရာက္မလာဘဲ (၂၀) ရက္ေန႔မွာ စနစ္တက်အခ်ိန္ကိုက္ သတင္းမီဒီ ယာေပၚေရာက္လာပါတယ္” ဟု ၎ကဆိုခဲ့ျခင္း ျဖစ္သည္။ ေဒၚၾကည္ျပာ၏ ေရးသားခ်က္အရ NUG အတြင္းမွာပင္ တိုင္စာကို တိုင္ၾကားခံရသူထံ ေပးဖတ္ေသာ သေဘာသက္ ေရာက္ေနၿပီး တိုင္စာ သို႔မဟုတ္ မေကာင္းေျပာခံရလွ်င္ NUG အတြင္းမွာပင္ ဝိုင္းဝန္းဖုံးဖိေပးသေလာဟု ေမးခြန္းျဖစ္ေပၚလာသည္။ “သတင္းမွားေတြကို သတင္းမီဒီယာကို အင္တာဗ်ဴးသူေတြ၊ တိုင္ၾကားျခင္းကို ဦးေဆာင္ခဲ့သူ ေတြအေနနဲ႔လည္း မိမိလုပ္ရပ္အေပၚ တာဝန္ယူရမွာ ျဖစ္ပါတယ္” ဟုလည္း ေဒၚၾကည္ျပာက ၎၏ ပို႔စ္အတြင္း ၿခိမ္း ေျခာက္ေရးသားထားသည္။