အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အကြီးတန်းတပ်မှူးတစ်ဦး သေဆုံး

36

Pika (NP News) - နိုဝင်ဘာ ၂၆
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Haytham Ali Tabatabai လို့အမည်ရတဲ့ အမျိုးသား ဟာ ဘေရွတ်မြို့မှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့အဓိကနေရာတစ်ခုဖြစ်တဲ့ Haret Hreikခရိုင်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် Haytham Ali Tabatabai ရဲ့သေဆုံးမှုကို ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့က အတည်ပြု ခဲ့တယ်လို့လည်း သိရပါတယ်။ Haytham Ali Tabatabai သေဆုံးသွားခဲ့တဲ့ အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၅)ဦးသေဆုံးပြီး အခြားလူ(၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်တာမျိုးကို တားဆီးဖို့အတွက် လိုအပ်တာမှန်သမျှကို အစ္စရေး ကလုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အစ္စရေးဟာ လက်ဘနွန်နိုင်ငံက ပစ်မှတ်ပေါင်းများစွာကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့လောင်ချာတွေနဲ့ စစ်ဘက် ဆိုင်ရာနေရာတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အႀကီးတန္းတပ္မႉးတစ္ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၆
လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ကို အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုအတြင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ အႀကီးတန္းတပ္မႉးတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ Haytham Ali Tabatabai လို႔အမည္ရတဲ့ အမ်ိဳးသား ဟာ ေဘ႐ြတ္ၿမိဳ႕မွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕အဓိကေနရာတစ္ခုျဖစ္တဲ့ Haret Hreikခ႐ိုင္မွာ ဗုံးႀကဲတိုက္ခိုက္ခံခဲ့ရၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ Haytham Ali Tabatabai ရဲ႕ေသဆုံးမႈကို ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ အစၥေရးစစ္တပ္တို႔က အတည္ျပဳ ခဲ့တယ္လို႔လည္း သိရပါတယ္။ Haytham Ali Tabatabai ေသဆုံးသြားခဲ့တဲ့ အစၥေရးရဲ႕ေလေၾကာင္း တိုက္ခိုက္မႈအတြင္း အနည္းဆုံးလူ(၅)ဦးေသဆုံးၿပီး အျခားလူ(၂၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လက္ဘႏြန္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ လက္ဘႏြန္ႏိုင္ငံမွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ျပန္လည္ဖြဲ႕စည္းမႈေတြ လုပ္ေဆာင္တာမ်ိဳးကို တားဆီးဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို အစၥေရး ကလုပ္ေဆာင္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံက ပစ္မွတ္ေပါင္းမ်ားစြာကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေလာင္ခ်ာေတြနဲ႔ စစ္ဘက္ ဆိုင္ရာေနရာေတြကို တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။