DEMU ရထားအား ကြွေပြားကျိုးဖြင့် ပစ်ပေါက်သူကို အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် ချမှတ်

895

သန့်ဇင်(NP News)-ဒီဇင်ဘာ ၅
ရန်ကုန်-မန္တလေးရထားလမ်းတွင် DEMU ရထားအား ကြွေပြားကျိုးဖြင့် ပစ်ပေါက်သူကို ယနေ့(ဒီဇင်ဘာ ၅ရက်)တွင် အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်၊ညနေ ၃ နရီခန့်က ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင်အမှတ် ၁၃၄/၈ နှင့် ၁၃၄/၉ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော အမှတ်- ၇ အဆန်၊ DEMU အမြန်ရထားအား ထက်ဦးလွင်(ခ) ငထော်နီက ကြွေပြားကျိုးဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပစ်ပေါက်မှုကြောင့် DEMU ရထား၏ ပထမတန်းတွဲ(၂)၊ ဘေးမှန်ချပ်အား ထိမှန်ပြီး အလျား (၄) ပေ အနံ (၁) ပေခွဲ ခန့်ရှိ မှန်ချပ်တစ်ခုလုံး အက်ကွဲခဲ့သည့်အပြင် မှန်ချပ်ပြင်၏ အပေါ်ထောင့်စွန်း (၂) လက်မ ပတ်လည်ခန့် ပေါက်ထွက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ (၈၄) ဖြင့် တောင်ငူခရိုင်တရားရုံးသို့ တရားစွဲ ဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ယနေ့တွင် ကျူးလွန်သူကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ (၈၄) အရ အလုပ်နှင့် ထောင်ဒဏ် (၁၅)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း(သို့)တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှနှစ် ၂ဝ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချ မှတ်နိုင်ကြောင်း သိရသည်။

Zawgyi Version:
DEMU ရထားအား ေႂကြျပားက်ိဳးျဖင့္ ပစ္ေပါက္သူကို အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅)ႏွစ္ ခ်မွတ္
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၅
ရန္ကုန္-မႏၲေလးရထားလမ္းတြင္ DEMU ရထားအား ေႂကြျပားက်ိဳးျဖင့္ ပစ္ေပါက္သူကို ယေန႔(ဒီဇင္ဘာ ၅ရက္)တြင္ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅)ႏွစ္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၈ရက္၊ညေန ၃ နရီခန႔္က ရန္ကုန္-မႏၲေလးရထားလမ္း မိုင္တိုင္အမွတ္ ၁၃၄/၈ ႏွင့္ ၁၃၄/၉ ၾကားတြင္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ ေမာင္းႏွင္လာေသာ အမွတ္- ၇ အဆန္၊ DEMU အျမန္ရထားအား ထက္ဦးလြင္(ခ) ငေထာ္နီက ေႂကြျပားက်ိဳးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ပစ္ေပါက္မႈေၾကာင့္ DEMU ရထား၏ ပထမတန္းတြဲ(၂)၊ ေဘးမွန္ခ်ပ္အား ထိမွန္ၿပီး အလ်ား (၄) ေပ အနံ (၁) ေပခြဲ ခန႔္ရွိ မွန္ခ်ပ္တစ္ခုလုံး အက္ကြဲခဲ့သည့္အျပင္ မွန္ခ်ပ္ျပင္၏ အေပၚေထာင့္စြန္း (၂) လက္မ ပတ္လည္ခန႔္ ေပါက္ထြက္ ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ကို ရထားပို႔ေဆာင္ေရးလုပ္ငန္း ဥပေဒပုဒ္မ (၈၄) ျဖင့္ ေတာင္ငူခ႐ိုင္တရား႐ုံးသို႔ တရားစြဲ ဆို တင္ပို႔ခဲ့ရာ ရာဇဝတ္ႀကီးမႈအမွတ္ ၁၂၅/၂၀၂၅ ျဖင့္ လက္ခံစစ္ေဆးခဲ့ၿပီး ယေန႔တြင္ က်ဴးလြန္သူကို ရထားပို႔ေဆာင္ေရးလုပ္ငန္း ဥပေဒပုဒ္မ (၈၄) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၅ ရက္တြင္ ထုတ္ျပန္ၿပီးျဖစ္သည့္ ရထားပို႔ေဆာင္ေရးလုပ္ငန္းဥပေဒ၊ အခန္း ၁၈၊ ပုဒ္မ ၇၉ (ခ)အရ ရထားကို တစ္စုံတစ္ရာျဖင့္ ပစ္ေပါက္ျခင္း(သို႔)တစ္စုံတစ္ရာျပဳလုပ္ျခင္းအတြက္ ျပစ္ဒဏ္အေနျဖင့္ ပုဒ္မ (၈၄)အရ ထိုသူကို အနည္းဆုံး ၅ ႏွစ္မွႏွစ္ ၂ဝ အထိ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္ကိုလည္းခ် မွတ္ႏိုင္ေၾကာင္း သိရသည္။