မြင်းမူနှင့် အရာတော်မြို့နယ်တို့တွင် NUG အုပ်စုက အသက်မပြည့်သေးသူများပါ ဆေးခြောက်သုံးစွဲစေ သည်အထိ ဆေးခြောက်စိုက်၍ ငွေရှာနေ

481

သန့်ဇင် (NP News)-ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူနှင့် အရာတော်မြို့နယ်တို့တွင် NUG လက်အောက်ခံ ပကဖ များ က ဆေးခြောက်စိုက်ကာ ငွေရှာခြင်းများရှိနေရာ ယခုနှစ် နှစ်ဦးပိုင်းတွင် ဧက (၁၀ဝ) နီးပါးအထိ ရှိလာ သဖြင့် အသက်မပြည့်သေးသူများပါ ဆေးခြောက်သုံးစွဲလာကြောင်း ဒေသခံများက NP News သို့ ပြော သည်။
မြင်းမူမြို့နယ်အတွင်းရှိ NUG လက်အောက်ခံ ပကဖများထိန်းချုပ်ထားသော ကျေးရွာများတွင် နယ်မြေမတည်ငြိမ်မှုများအပေါ် အခွင့်ကောင်းယူကာ ပကဖများက ယာခင်းများစွာတွင် ဆေးခြောက် စိုက်ပျိုးခြင်းကို (၂၀၂၂) ခုနှစ်ကစတင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရာတော်မြို့နယ်တွင်လည်း အထက်ပါအဖွဲ့များက ကျေးရွာပေါင်း (၅) ရွာထက် မနည်း က ယာမြေများပေါ်တွင် ဆေးခြောက်စိုက်ပျိုးခြင်းကို လုပ်ဆောင်လာခဲ့ပြီး ၎င်းအဖွဲ့များ၏ အကျိုးစီးပွား အတွက် ဆေးခြောက်ကို ဒေသအတွင်းသာမက အခြားဒေသများကိုလည်း ဈေးကွက်ဖြန့်ရောင်းချခြင်း များလုပ်ဆောင်လာကြကြောင်း သိရှိသူဒေသခံတစ်ဦးက ဆိုသည်။
“အခုနှစ်ပိုင်းမှ စစိုက်ကြတာ။ ပြီးတော့ ကလေးတွေစွဲလမ်းလာတာက များတယ်ပြောရမယ်။ ဧက ဆယ်ဂဏန်းကြီးကြီးအထက်ရှိတယ် ကြားပါ တယ်။ စီးပွားဖြစ်လုပ်ကြတာဆိုတော့လေ။ မြို့နယ် ပကဖတွေ ဦးဆောင်ပြီးလုပ်နေတာလို့ပဲသိတာ။ နာမည်တွေတော့မသိပါဘူး”ဟု ၎င်းကပြောသည်။
ဆေးခြောက်စိုက်ပျိုးသည့်မြေနေရာများသည် ယခင်ကဒေသခံများ မြေပဲနှင့် နှမ်းတို့စိုက်ပျိုးရာ ယာမြေများဖြစ်ပြီး လက်ရှိတွင် ပကဖများ၏ ဆေးခြောက်စိုက်ပျိုးဧရိယာများ တစ်စတစ်စ များပြားလာ ပြီဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“စိုက်တဲ့ယာမှာက အရင်က မြေပဲ နှမ်းတို့ စိုက်ကြတာ။ ပကဖနဲ့ PDF တွေက သူတို့စီးပွားရေး အတွက်စိုက်ကြတာ။ ဒေသခံတွေတော့မပါဘူး”ဟု ၎င်းကဆက်ပြောသည်။
ထိုသို့ ဆေးခြောက်စိုက်ပျိုးဧရိယာများ များပြားလာသည်နှင့်အမျှ ဒေသတွင်း အသက်မပြည့် သေးသော လူငယ်များတွင်ပင် ဆေးခြောက်သုံးစွဲမှု နှုန်း များပြားလာပြီဖြစ်ကြောင်း သိရသည်။ ယင်းမြို့ နယ်များတွင် ဆေးခြောက်စိုက်ပျိုးရောင်းချမှုများ နှင့်ပတ်သက်၍ NUG လက် အောက်ခံ ပကဖအဖွဲ့ များ က သတိပေးတားမြစ်ချက်များနှင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေသော် လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version:
ျမင္းမူႏွင့္ အရာေတာ္ၿမိဳ႕နယ္တို႔တြင္ NUG အုပ္စုက အသက္မျပည့္ေသးသူမ်ားပါ ေဆးေျခာက္သုံးစြဲေစ သည္အထိ ေဆးေျခာက္စိုက္၍ ေငြရွာေန
သန႔္ဇင္ (NP News)-ဒီဇင္ဘာ ၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူႏွင့္ အရာေတာ္ၿမိဳ႕နယ္တို႔တြင္ NUG လက္ေအာက္ခံ ပကဖ မ်ား က ေဆးေျခာက္စိုက္ကာ ေငြရွာျခင္းမ်ားရွိေနရာ ယခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ဧက (၁၀ဝ) နီးပါးအထိ ရွိလာ သျဖင့္ အသက္မျပည့္ေသးသူမ်ားပါ ေဆးေျခာက္သုံးစြဲလာေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာ သည္။
ျမင္းမူၿမိဳ႕နယ္အတြင္းရွိ NUG လက္ေအာက္ခံ ပကဖမ်ားထိန္းခ်ဳပ္ထားေသာ ေက်း႐ြာမ်ားတြင္ နယ္ေျမမတည္ၿငိမ္မႈမ်ားအေပၚ အခြင့္ေကာင္းယူကာ ပကဖမ်ားက ယာခင္းမ်ားစြာတြင္ ေဆးေျခာက္ စိုက္ပ်ိဳးျခင္းကို (၂၀၂၂) ခုႏွစ္ကစတင္ လုပ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အရာေတာ္ၿမိဳ႕နယ္တြင္လည္း အထက္ပါအဖြဲ႕မ်ားက ေက်း႐ြာေပါင္း (၅) ႐ြာထက္ မနည္း က ယာေျမမ်ားေပၚတြင္ ေဆးေျခာက္စိုက္ပ်ိဳးျခင္းကို လုပ္ေဆာင္လာခဲ့ၿပီး ၎အဖြဲ႕မ်ား၏ အက်ိဳးစီးပြား အတြက္ ေဆးေျခာက္ကို ေဒသအတြင္းသာမက အျခားေဒသမ်ားကိုလည္း ေဈးကြက္ျဖန႔္ေရာင္းခ်ျခင္း မ်ားလုပ္ေဆာင္လာၾကေၾကာင္း သိရွိသူေဒသခံတစ္ဦးက ဆိုသည္။
“အခုႏွစ္ပိုင္းမွ စစိုက္ၾကတာ။ ၿပီးေတာ့ ကေလးေတြစြဲလမ္းလာတာက မ်ားတယ္ေျပာရမယ္။ ဧက ဆယ္ဂဏန္းႀကီးႀကီးအထက္ရွိတယ္ ၾကားပါ တယ္။ စီးပြားျဖစ္လုပ္ၾကတာဆိုေတာ့ေလ။ ၿမိဳ႕နယ္ ပကဖေတြ ဦးေဆာင္ၿပီးလုပ္ေနတာလို႔ပဲသိတာ။ နာမည္ေတြေတာ့မသိပါဘူး”ဟု ၎ကေျပာသည္။
ေဆးေျခာက္စိုက္ပ်ိဳးသည့္ေျမေနရာမ်ားသည္ ယခင္ကေဒသခံမ်ား ေျမပဲႏွင့္ ႏွမ္းတို႔စိုက္ပ်ိဳးရာ ယာေျမမ်ားျဖစ္ၿပီး လက္ရွိတြင္ ပကဖမ်ား၏ ေဆးေျခာက္စိုက္ပ်ိဳးဧရိယာမ်ား တစ္စတစ္စ မ်ားျပားလာ ၿပီျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“စိုက္တဲ့ယာမွာက အရင္က ေျမပဲ ႏွမ္းတို႔ စိုက္ၾကတာ။ ပကဖနဲ႔ PDF ေတြက သူတို႔စီးပြားေရး အတြက္စိုက္ၾကတာ။ ေဒသခံေတြေတာ့မပါဘူး”ဟု ၎ကဆက္ေျပာသည္။
ထိုသို႔ ေဆးေျခာက္စိုက္ပ်ိဳးဧရိယာမ်ား မ်ားျပားလာသည္ႏွင့္အမွ် ေဒသတြင္း အသက္မျပည့္ ေသးေသာ လူငယ္မ်ားတြင္ပင္ ေဆးေျခာက္သုံးစြဲမႈ ႏႈန္း မ်ားျပားလာၿပီျဖစ္ေၾကာင္း သိရသည္။ ယင္းၿမိဳ႕ နယ္မ်ားတြင္ ေဆးေျခာက္စိုက္ပ်ိဳးေရာင္းခ်မႈမ်ား ႏွင့္ပတ္သက္၍ NUG လက္ ေအာက္ခံ ပကဖအဖြဲ႕ မ်ား က သတိေပးတားျမစ္ခ်က္မ်ားႏွင့္ ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္ လည္း သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။