လေပိုင်နက်အနီးကို ချဉ်းကပ်လာတဲ့ရုရှားထောက်လှမ်းရေးလေယာဉ်ကို ပိုလန်တိုက်လေယာဉ်တွေ ကြားဖြတ် ဟန့်တား

211

Pika (NP News) - ဒီဇင်ဘာ ၂၇
ဘော်လ်တစ်ပင်လယ်ပြင်ကိုဖြတ်သန်းပြီး ပိုလန်လေပိုင်နက်အနီးမှာ နီးနီးကပ်ကပ်ပျံသန်းခဲ့တဲ့ ရုရှားထောက်လှမ်း ရေးလေယာဉ်တစ်စီးကို ပိုလန်တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ပိုလန် စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ဒရုန်းအစင်းရေ(၂၀)ကျော်ဟာ ပိုလန်လေပိုင်နက်ထဲကို ချိုးဖောက် ဝင်ရောက်လာခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ပိုလန်နိုင်ငံဟာ စစ်တပ်ကို အမြင့်ဆုံး သတိပေးချက် အဆင့်မှာ ထားရှိခဲ့တာလည်းဖြစ်ပါတယ်။
ပိုလန်စစ်တပ်က “ဘောလ်တစ်ပင်လယ်ပြင်ကိုဖြတ်သန်းပြီး ပိုလန်လေပိုင်နက်အနီးမှာ ပျံသန်းခဲ့တဲ့ ရုရှား ထောက်လှမ်းရေးလေယာဉ်ကို ပိုလန်တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ပိုလန်တိုက်လေယာဉ် တွေဟာ ရုရှားထောက်လှမ်းရေးလေယာဉ်ကို လေပိုင်နက်အနီးကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပြီး သတ်မှတ်ထားတဲ့ နေရာအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဘီလာရုစ်နိုင်ငံဘက်ကနေလာတဲ့အမျိုးအမည်မသိအရာဝတ္ထုတွေ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်လာခဲ့ တယ်လို့လည်း ပိုလန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
ပိုလန်စစ်တပ်က “အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဆောင်ပြီးတဲ့နောက်မှာတော့ အဲဒီအရာဝတ္ထုတွေက လေတိုက်ရာလမ်းကြောင်းနဲအညီ လျင်မြန်စွာ ပျံသန်းနေတဲ့ လျှို့ဝှက်မိုးပျံပူဖောင်းတွေ ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေလပိုင္နက္အနီးကို ခ်ဥ္းကပ္လာတဲ့႐ုရွားေထာက္လွမ္းေရးေလယာဥ္ကို ပိုလန္တိုက္ေလယာဥ္ေတြ ၾကားျဖတ္ ဟန႔္တား
Pika (NP News) - ဒီဇင္ဘာ ၂၇
ေဘာ္လ္တစ္ပင္လယ္ျပင္ကိုျဖတ္သန္းၿပီး ပိုလန္ေလပိုင္နက္အနီးမွာ နီးနီးကပ္ကပ္ပ်ံသန္းခဲ့တဲ့ ႐ုရွားေထာက္လွမ္း ေရးေလယာဥ္တစ္စီးကို ပိုလန္တိုက္ေလယာဥ္ေတြက ၾကားျဖတ္ဟန႔္တားမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ပိုလန္ စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားရဲ႕ဒ႐ုန္းအစင္းေရ(၂၀)ေက်ာ္ဟာ ပိုလန္ေလပိုင္နက္ထဲကို ခ်ိဳးေဖာက္ ဝင္ေရာက္လာခဲ့တဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ပိုလန္ႏိုင္ငံဟာ စစ္တပ္ကို အျမင့္ဆုံး သတိေပးခ်က္ အဆင့္မွာ ထားရွိခဲ့တာလည္းျဖစ္ပါတယ္။
ပိုလန္စစ္တပ္က “ေဘာလ္တစ္ပင္လယ္ျပင္ကိုျဖတ္သန္းၿပီး ပိုလန္ေလပိုင္နက္အနီးမွာ ပ်ံသန္းခဲ့တဲ့ ႐ုရွား ေထာက္လွမ္းေရးေလယာဥ္ကို ပိုလန္တိုက္ေလယာဥ္ေတြက ၾကားျဖတ္ဟန႔္တားခဲ့ပါတယ္။ ပိုလန္တိုက္ေလယာဥ္ ေတြဟာ ႐ုရွားေထာက္လွမ္းေရးေလယာဥ္ကို ေလပိုင္နက္အနီးကေန ထြက္ခြာဖို႔ တိုက္တြန္းခဲ့ၿပီး သတ္မွတ္ထားတဲ့ ေနရာအထိ လိုက္ပါပို႔ေဆာင္ေပးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဘီလာ႐ုစ္ႏိုင္ငံဘက္ကေနလာတဲ့အမ်ိဳးအမည္မသိအရာဝတၳဳေတြ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္လာခဲ့ တယ္လို႔လည္း ပိုလန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ပိုလန္စစ္တပ္က “အေသးစိတ္ခြဲျခမ္းစိတ္ျဖာမႈေတြလုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ အဲဒီအရာဝတၳဳေတြက ေလတိုက္ရာလမ္းေၾကာင္းနဲအညီ လ်င္ျမန္စြာ ပ်ံသန္းေနတဲ့ လွ်ိဳ႕ဝွက္မိုးပ်ံပူေဖာင္းေတြ ျဖစ္ႏိုင္တယ္လို႔ ဆုံးျဖတ္ခဲ့ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။