နိုင်ငံတကာစနစ်၏ နိဂုံးနှင့် ဗင်နီဇွဲလားအပေါ် ကျူးကျော်မှု (နိုင်ငံတကာ အတွေးအမြင် ဆောင်းပါး)

1711

သန်းထိုက်စိုး
၂၀၂၆ ခုနှစ် နှစ်သစ်၏ ဒုတိယ (သို့မဟုတ်) တတိယမြောက်နေ့မှာပင် ကမ္ဘာကြီးသည် ထိတ်လန့် စရာ သတင်းတစ်ခုနှင့်အတူ နိုးထလာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤဖြစ်ရပ်နှင့် ပတ်သက်၍ အတွေ့အကြုံရင့် အမေရိကန်သံအမတ်ကြီးဟောင်း Chas Freeman က လက်ရှိကမ္ဘာ့ အခြေ အနေသည် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ် မတိုင်မီကဲ့သို့ စနစ်ကြီးတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်သည်။
သတင်းမှားများပေါ်တွင် တည်ဆောက်ထားသော စစ်ပွဲ
Chas Freeman ၏ ထောက်ပြချက်အရ ယခုစစ်ဆင်ရေးသည် သေချာစနစ်တကျ စီစဉ်ထားသည့် သတင်းမှားဖြန့်ချိရေး လှုပ်ရှားမှု (Disinformation Campaign) တစ်ခုဖြစ်သည်။ မာဒူရိုအစိုးရ အပေါ် မူးယစ်ဆေးဝါး ရောင်းဝယ်မှု စွပ်စွဲချက်များသည် အနှစ်သာရမရှိသော လုပ်ကြံဖန်တီးမှုများသာ ဖြစ်သည်။ အမှန်တကယ်တွင် အဆိုပါမူးယစ်ဆေးဝါးများသည် အမေရိကန်သို့ ဦးတည်ခြင်းမဟုတ်ဘဲ ထရီနီဒတ်(Trinidad)မှတစ်ဆင့် ဥရောပနှင့် အနောက် အာဖရိကသို့ ပို့ဆောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် အမေရိကန်အစိုးရသည် သတင်း မီဒီယာနှင့် သတင်းအချက်အလက် ပတ်ဝန်းကျင်ကို သေချာစွာ ပြင်ဆင်ပြီးမှသာ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မွန်ရိုးဝါဒ (Monroe Doctrine)၏ ဗားရှင်းသစ်ကို ကြေညာခြင်းဖြစ်ပြီး တောင်အမေရိက၊ ကာရစ်ဘီယံနှင့် မက္ကဆီကိုအပါအဝင် အနောက် ကမ္ဘာခြမ်း တစ်ခုလုံးကို အမေရိကန်၏ စိတ်ကြိုက် ခြယ်လှယ်မည့် အရိပ်အယောင်ပင် ဖြစ်သည်။
ဥပဒေစိုးမိုးရေးမှသည် ဥပဒေဖြင့် အုပ်ချုပ်ခြင်းသို့
၁၈ ရာစုမှစတင်ကာ ၂၀ ရာစုတစ်လျှောက်လုံး အမေရိကန်ကပင် ရှေ့တန်းမှ ဦးစီးဖော် ဆောင်ခဲ့သော နိုင်ငံတကာ ဥပဒေစိုးမိုးရေး အယူအဆသည် ယခုအခါ အဆုံးသတ်သွားပြီ ဖြစ် သည်။ ဘိုင်ဒန်အစိုးရ လက်ထက်တွင် "စည်းမျဉ်းအခြေပြုအမိန့်"(Rules-bound order)ဟု အမည် တပ်ခဲ့သော်လည်း အမှန်တကယ်တွင် "ငါတို့ စည်းမျဉ်းထုတ်မည်၊ ငါတို့ ကြိုက်သည့်သူကို အာဏာစက်သုံးမည်၊ ငါတို့ကိုယ်တိုင်နှင့် ငါတို့လူများကိုတော့ ကင်းလွတ်ခွင့်ပေးမည်" ဟူသော မူဝါဒသာ ဖြစ်လာသည်။ ယခုအခါ အာရှဒေသမှ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့ကဲ့သို့ နိုင်ငံငယ်များထံမှ ပြင်းထန်သည့် တုံ့ပြန်မှုများ ထွက်ပေါ်နေသည်။ ဥပဒေစိုးမိုးရေး၏ ရည်ရွယ်ချက်မှာ အားနည်းသူကို အားကြီးသူကနှိပ်စက်ခြင်းမှ ကာကွယ်ရန်ဖြစ်သော်လည်း ယခုအခါ အမေရိကန်သည် တစ်ကမ္ဘာလုံးအပေါ် မင်းမူ (Tyranny) နေပြီဖြစ်သည်။
စံနမူနာဆိုးများနှင့် တန်ပြန်အကျိုးသက်ရောက်မှုများ
သံအမတ်ကြီး Freeman က ထရမ့်၏ လုပ်ရပ်သည် မိမိအပေါ် ပြန်သုံးနိုင်သည့် စံနမူ နာဆိုး တစ်ခုကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ သူမြင်လိုက်ရသည့် ကာတွန်း တစ်ခုတွင် ရုပ်သံတင်ဆက်သူက "ငြိမ်းချမ်းရေးလိုလားသည့် ဒီမိုကရေစီနိုင်ငံတစ်ခု(ကနေဒါ)သည် အိမ်နီးချင်း စစ်လိုလားသောနိုင်ငံမှ အာဏာရှင်(ထရမ့်)ကို ဖမ်းဆီးလိုက်ပြီ"ဟု ပြောနေသည့် ပုံကဲ့သို့ပင် ခေါင်းဆောင်တစ်ဦး၏ အပြုအမူကို လက်မခံနိုင်ပါက အခြားသူများကလည်း အရေးယူခွင့်ရသွားပြီဖြစ်သည်။ ဥပမာအားဖြင့် မက္ကဆီကိုအစိုးရသည် အမေရိကန်မှ စီးဝင်နေ သည့် လက်နက်များကို တားဆီးရန် တောင်းဆိုချက် လျစ်လျူရှုခံရသည့်အတွက် ထရမ့်၏ စံနမူနာကိုယူကာ အဆိုပါလက်နက်သိုလှောင်ရုံများကို ဗုံးကြဲလိုက်လျှင်ပင် နိုင်ငံတကာ ဥပဒေ အရ ငြင်းစရာမရှိတော့သည့် အခြေအနေ ဖြစ်လာသည်။
ရေနံလောဘနှင့် မဟာဗျူဟာအမှား
ထရမ့်အစိုးရသည် မာဒူရိုကို ဖယ်ရှားပြီး ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) ကို မိမိအလိုကျ ခိုင်းစေနိုင်မည်ဟု မျှော်လင့်နေသည်။ သို့သော် ဤသည်မှာ လုံးဝ ရူးသွပ်မှု (Lunacy)သာ ဖြစ်သည်။ ရေနံလုပ်ငန်းသည် ပြန်လည်ပတ်ရန် နှစ်ပေါင်းများစွာ ကြာမြင့် သလို၊ မာဖီးယားပုံစံဖြင့် ခြိမ်းခြောက်ခြင်းမှာလည်း အောင်မြင်မည်မဟုတ်ပေ။ အီရတ်တွင် အမေရိကန်က စစ်တိုက်ခဲ့သော်လည်း စီးပွားရေး အကျိုးအမြတ်ကို တရုတ်ကုမ္ပဏီ များက ရသွားခြင်းမှာ အမေရိကန်အတွက် သင်ခန်းစာတစ်ခု ဖြစ်သင့်သည်။ ဗင်နီဇွဲလားကို ကျူးကျော် ခြင်းမှာ ခေါင်းဆောင်တစ်ဦးကို ဖယ်ရှားရုံဖြင့် ပြဿနာပြေလည်သွားမည် မဟုတ်ကြောင်း ဆဒ္ဒမ်ဟူစိန် နှင့် အာဆတ်တို့၏ ဖြစ်ရပ်များကို သာဓကပြခဲ့သည်။
Freeman က အမေရိကန်၏ အခြေအနေကို "ခွေးက ကားကို လိုက်ဟောင်ရင်း ကားကို မိသွားပြီ (The dog has caught the car)" ဟု ထိရောက်စွာ တင်စားခဲ့သည်။ ဆိုလိုသည်မှာ အမှန်တကယ် ကျူးကျော်လိုက်သည့်အခါ ဘာဆက်လုပ်ရမှန်း မသိသည့်အခြေအနေ ဖြစ်နေ ခြင်းဖြစ်သည်။ ထရမ့်သည် မာဒူရိုကို စွပ်စွဲနေချိန်မှာပင် မူးယစ်ဆေးမှုဖြင့် ပြစ်ဒဏ်ကျနေသော ဟွန်ဒူးရပ်စ် သမ္မတဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းက ၎င်း၏ မူဝါဒမှာ မည်မျှ ရှေ့နောက်မညီကြောင်း ပြသနေသည်။
ဥပဒေပြင်ပက လူရမ်းကား (The Outlaw)
မာဒူရိုကို အမေရိကန် တရားရုံးတွင် စစ်ဆေးရန် ကြိုးစားခြင်းမှာ ဗီယင်နာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ လုံးဝတရားမဝင်ပါ။ ယင်းမှာ ရုရှားက ဇလန်းစကီးကို ပြန်ပေးဆွဲသွားလျှင်ပင် ဘာမှပြောစရာ မရှိတော့သည့် အန္တရာယ်ရှိသော စံနမူနာ ဖြစ်သည်။ ယခုအခါ အမေရိကန်သည် ဥပဒေစိုးမိုးရေး (Rule of Law)မဟုတ်ဘဲ ဥပဒေဖြင့် အုပ်ချုပ်ခြင်း (Rule by Law) ကို ကျင့်သုံးနေခြင်းဖြစ်သည်။ ကျူးကျော်ခံရသူက ပြန်လည်ခုခံ လျှင်ပင် ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲသည့် လှည့်ကွက်များကို သုံးလာသည်။ ဂါဇာတွင် အစ္စရေး၏ ဥပဒေမဲ့မှုကို အတုယူကာ အမေရိကန်သည်လည်း "ဥပဒေပြင်ပက လူရမ်းကား" တစ်ဦး ဖြစ်လာနေသည်။
ယန္တရားသစ်များ လိုအပ်ချက်နှင့် နိဂုံး
လက်ရှိတွင် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီသည် အမေရိကန်၏ ဗီတိုအာဏာအောက် တွင် အသုံးမကျတော့ပေ။ လွှတ်တော်သည်လည်း ဘတ်ဂျက်ပင် မဆွဲနိုင်ဘဲ သမ္မတ၏ အလိုကျ သာ လုပ်ဆောင်နေသည်။ ထို့ကြောင့် BRICS ကဲ့သို့ နိုင်ငံများ ပူးပေါင်းပြီး သီးခြားကွန်ဖရင့်များ မှတစ်ဆင့် စံနှုန်းသစ်များ ချမှတ်သင့်သည်။ ဂျပန်၏ အမျိုးသမီးဝန်ကြီးချုပ်သစ်သည်လည်း မာဂရက်သက်ချာကဲ့သို့ ဖြစ်ချင်နေသော်လည်း လစ်ဇ်ထရပ်စ်ကဲ့သို့ ဖြစ်သွားနိုင်ပြီး အာရှတွင် စစ်မီးများ လောင်ကျွမ်းစေနိုင်သည်။
အမေရိကန် ရေနံကုမ္ပဏီများအတွက် ပျော်စရာဇာတ်လမ်း ဖြစ်လာမည် မဟုတ်ပါ။ ပြောက်ကျား စစ်များ၊ ဖျက်ဆီးမှုများနှင့် ကြုံရမည်သာ ဖြစ်သည်။ ဗင်နီဇွဲလား ယဉ်ကျေးမှုမှာ "ဂုဏ်သိက္ခာ" (honor)ကို အလေးထားကြသည်။ သို့ဖြစ်ရာ ဗင်နီဇွဲလားပြည်သူများက အလွယ်တကူ အလျှော့ပေးကြမည် မဟုတ်ဘဲ ခုခံကြမည် ဖြစ်သည်။ ယင်းအတွက် "ထရမ့်တွင် အဖြေမရှိပါ ။ ဒရိုင်ဘာ၏ ခေါင်းကို သေနတ်နှင့်ထောက်ထားရင် သူခိုင်းသည့်အတိုင်း မောင်းလိမ့် မည်ဟု ထင်နေပါသည်။ ယခုကျူးကျော်မှုသည် အာဖဂန်နစ္စတန်ထက် ပိုမိုဆိုးရွားသော ရွှံ့နွံ(Quagmire)ဖြစ်သွားနိုင်ပြီး ကမ္ဘာကြီးအနေဖြင့် ယင်းဥပဒေမဲ့မှုကို တားဆီးရန် ယန္တရားသစ် များကို အမြန်ဆုံး ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။

Zawgyi Version:
ႏိုင္ငံတကာစနစ္၏ နိဂုံးႏွင့္ ဗင္နီဇြဲလားအေပၚ က်ဴးေက်ာ္မႈ
(ႏိုင္ငံတကာ အေတြးအျမင္ ေဆာင္းပါး)
သန္းထိုက္စိုး
၂၀၂၆ ခုႏွစ္ ႏွစ္သစ္၏ ဒုတိယ (သို႔မဟုတ္) တတိယေျမာက္ေန႔မွာပင္ ကမာၻႀကီးသည္ ထိတ္လန႔္ စရာ သတင္းတစ္ခုႏွင့္အတူ ႏိုးထလာခဲ့သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဗင္နီဇြဲလားႏိုင္ငံအေပၚ စစ္ေရးအရ တိုက္ခိုက္မႈမ်ား စတင္ခဲ့သည္။ ဤျဖစ္ရပ္ႏွင့္ ပတ္သက္၍ အေတြ႕အႀကဳံရင့္ အေမရိကန္သံအမတ္ႀကီးေဟာင္း Chas Freeman က လက္ရွိကမာၻ႔ အေျခ အေနသည္ ၁၉၁၄ ခုႏွစ္ ပထမကမာၻစစ္ မတိုင္မီကဲ့သို႔ စနစ္ႀကီးတစ္ခုလုံး ၿပိဳလဲလုနီးပါး ျဖစ္ေနၿပီ ျဖစ္ေၾကာင္း ျပင္းထန္စြာ သတိေပးလိုက္သည္။
သတင္းမွားမ်ားေပၚတြင္ တည္ေဆာက္ထားေသာ စစ္ပြဲ
Chas Freeman ၏ ေထာက္ျပခ်က္အရ ယခုစစ္ဆင္ေရးသည္ ေသခ်ာစနစ္တက် စီစဥ္ထားသည့္ သတင္းမွားျဖန႔္ခ်ိေရး လႈပ္ရွားမႈ (Disinformation Campaign) တစ္ခုျဖစ္သည္။ မာဒူ႐ိုအစိုးရ အေပၚ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈ စြပ္စြဲခ်က္မ်ားသည္ အႏွစ္သာရမရွိေသာ လုပ္ႀကံဖန္တီးမႈမ်ားသာ ျဖစ္သည္။ အမွန္တကယ္တြင္ အဆိုပါမူးယစ္ေဆးဝါးမ်ားသည္ အေမရိကန္သို႔ ဦးတည္ျခင္းမဟုတ္ဘဲ ထရီနီဒတ္(Trinidad)မွတစ္ဆင့္ ဥေရာပႏွင့္ အေနာက္ အာဖရိကသို႔ ပို႔ေဆာင္ရန္ ႀကိဳးစားေနျခင္းျဖစ္သည္။ သို႔ေသာ္ အေမရိကန္အစိုးရသည္ သတင္း မီဒီယာႏွင့္ သတင္းအခ်က္အလက္ ပတ္ဝန္းက်င္ကို ေသခ်ာစြာ ျပင္ဆင္ၿပီးမွသာ တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။ ၎သည္ မြန္႐ိုးဝါဒ (Monroe Doctrine)၏ ဗားရွင္းသစ္ကို ေၾကညာျခင္းျဖစ္ၿပီး ေတာင္အေမရိက၊ ကာရစ္ဘီယံႏွင့္ မကၠဆီကိုအပါအဝင္ အေနာက္ ကမာၻျခမ္း တစ္ခုလုံးကို အေမရိကန္၏ စိတ္ႀကိဳက္ ျခယ္လွယ္မည့္ အရိပ္အေယာင္ပင္ ျဖစ္သည္။
ဥပေဒစိုးမိုးေရးမွသည္ ဥပေဒျဖင့္ အုပ္ခ်ဳပ္ျခင္းသို႔
၁၈ ရာစုမွစတင္ကာ ၂၀ ရာစုတစ္ေလွ်ာက္လုံး အေမရိကန္ကပင္ ေရွ႕တန္းမွ ဦးစီးေဖာ္ ေဆာင္ခဲ့ေသာ ႏိုင္ငံတကာ ဥပေဒစိုးမိုးေရး အယူအဆသည္ ယခုအခါ အဆုံးသတ္သြားၿပီ ျဖစ္ သည္။ ဘိုင္ဒန္အစိုးရ လက္ထက္တြင္ "စည္းမ်ဥ္းအေျချပဳအမိန႔္"(Rules-bound order)ဟု အမည္ တပ္ခဲ့ေသာ္လည္း အမွန္တကယ္တြင္ "ငါတို႔ စည္းမ်ဥ္းထုတ္မည္၊ ငါတို႔ ႀကိဳက္သည့္သူကို အာဏာစက္သုံးမည္၊ ငါတို႔ကိုယ္တိုင္ႏွင့္ ငါတို႔လူမ်ားကိုေတာ့ ကင္းလြတ္ခြင့္ေပးမည္" ဟူေသာ မူဝါဒသာ ျဖစ္လာသည္။ ယခုအခါ အာရွေဒသမွ စင္ကာပူ၊ မေလးရွား၊ ဗီယက္နမ္ႏွင့္ အင္ဒိုနီးရွား တို႔ကဲ့သို႔ ႏိုင္ငံငယ္မ်ားထံမွ ျပင္းထန္သည့္ တုံ႔ျပန္မႈမ်ား ထြက္ေပၚေနသည္။ ဥပေဒစိုးမိုးေရး၏ ရည္႐ြယ္ခ်က္မွာ အားနည္းသူကို အားႀကီးသူကႏွိပ္စက္ျခင္းမွ ကာကြယ္ရန္ျဖစ္ေသာ္လည္း ယခုအခါ အေမရိကန္သည္ တစ္ကမာၻလုံးအေပၚ မင္းမူ (Tyranny) ေနၿပီျဖစ္သည္။
စံနမူနာဆိုးမ်ားႏွင့္ တန္ျပန္အက်ိဳးသက္ေရာက္မႈမ်ား
သံအမတ္ႀကီး Freeman က ထရမ့္၏ လုပ္ရပ္သည္ မိမိအေပၚ ျပန္သုံးႏိုင္သည့္ စံနမူ နာဆိုး တစ္ခုကို ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း ဆိုသည္။ သူျမင္လိုက္ရသည့္ ကာတြန္း တစ္ခုတြင္ ႐ုပ္သံတင္ဆက္သူက "ၿငိမ္းခ်မ္းေရးလိုလားသည့္ ဒီမိုကေရစီႏိုင္ငံတစ္ခု(ကေနဒါ)သည္ အိမ္နီးခ်င္း စစ္လိုလားေသာႏိုင္ငံမွ အာဏာရွင္(ထရမ့္)ကို ဖမ္းဆီးလိုက္ၿပီ"ဟု ေျပာေနသည့္ ပုံကဲ့သို႔ပင္ ေခါင္းေဆာင္တစ္ဦး၏ အျပဳအမူကို လက္မခံႏိုင္ပါက အျခားသူမ်ားကလည္း အေရးယူခြင့္ရသြားၿပီျဖစ္သည္။ ဥပမာအားျဖင့္ မကၠဆီကိုအစိုးရသည္ အေမရိကန္မွ စီးဝင္ေန သည့္ လက္နက္မ်ားကို တားဆီးရန္ ေတာင္းဆိုခ်က္ လ်စ္လ်ဴရႈခံရသည့္အတြက္ ထရမ့္၏ စံနမူနာကိုယူကာ အဆိုပါလက္နက္သိုေလွာင္႐ုံမ်ားကို ဗုံးႀကဲလိုက္လွ်င္ပင္ ႏိုင္ငံတကာ ဥပေဒ အရ ျငင္းစရာမရွိေတာ့သည့္ အေျခအေန ျဖစ္လာသည္။
ေရနံေလာဘႏွင့္ မဟာဗ်ဴဟာအမွား
ထရမ့္အစိုးရသည္ မာဒူ႐ိုကို ဖယ္ရွားၿပီး ယာယီသမၼတ ဒယ္လ္ဆီ ႐ိုဒရီဂြက္ဇ္ (Delcy Rodríguez) ကို မိမိအလိုက် ခိုင္းေစႏိုင္မည္ဟု ေမွ်ာ္လင့္ေနသည္။ သို႔ေသာ္ ဤသည္မွာ လုံးဝ ႐ူးသြပ္မႈ (Lunacy)သာ ျဖစ္သည္။ ေရနံလုပ္ငန္းသည္ ျပန္လည္ပတ္ရန္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ သလို၊ မာဖီးယားပုံစံျဖင့္ ၿခိမ္းေျခာက္ျခင္းမွာလည္း ေအာင္ျမင္မည္မဟုတ္ေပ။ အီရတ္တြင္ အေမရိကန္က စစ္တိုက္ခဲ့ေသာ္လည္း စီးပြားေရး အက်ိဳးအျမတ္ကို တ႐ုတ္ကုမၸဏီ မ်ားက ရသြားျခင္းမွာ အေမရိကန္အတြက္ သင္ခန္းစာတစ္ခု ျဖစ္သင့္သည္။ ဗင္နီဇြဲလားကို က်ဴးေက်ာ္ ျခင္းမွာ ေခါင္းေဆာင္တစ္ဦးကို ဖယ္ရွား႐ုံျဖင့္ ျပႆနာေျပလည္သြားမည္ မဟုတ္ေၾကာင္း ဆဒၵမ္ဟူစိန္ ႏွင့္ အာဆတ္တို႔၏ ျဖစ္ရပ္မ်ားကို သာဓကျပခဲ့သည္။
Freeman က အေမရိကန္၏ အေျခအေနကို "ေခြးက ကားကို လိုက္ေဟာင္ရင္း ကားကို မိသြားၿပီ (The dog has caught the car)" ဟု ထိေရာက္စြာ တင္စားခဲ့သည္။ ဆိုလိုသည္မွာ အမွန္တကယ္ က်ဴးေက်ာ္လိုက္သည့္အခါ ဘာဆက္လုပ္ရမွန္း မသိသည့္အေျခအေန ျဖစ္ေန ျခင္းျဖစ္သည္။ ထရမ့္သည္ မာဒူ႐ိုကို စြပ္စြဲေနခ်ိန္မွာပင္ မူးယစ္ေဆးမႈျဖင့္ ျပစ္ဒဏ္က်ေနေသာ ဟြန္ဒူးရပ္စ္ သမၼတေဟာင္းကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ျခင္းက ၎၏ မူဝါဒမွာ မည္မွ် ေရွ႕ေနာက္မညီေၾကာင္း ျပသေနသည္။
ဥပေဒျပင္ပက လူရမ္းကား (The Outlaw)
မာဒူ႐ိုကို အေမရိကန္ တရား႐ုံးတြင္ စစ္ေဆးရန္ ႀကိဳးစားျခင္းမွာ ဗီယင္နာ ကြန္ဗင္းရွင္းကို ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး ႏိုင္ငံတကာ ဥပေဒအရ လုံးဝတရားမဝင္ပါ။ ယင္းမွာ ႐ုရွားက ဇလန္းစကီးကို ျပန္ေပးဆြဲသြားလွ်င္ပင္ ဘာမွေျပာစရာ မရွိေတာ့သည့္ အႏၲရာယ္ရွိေသာ စံနမူနာ ျဖစ္သည္။ ယခုအခါ အေမရိကန္သည္ ဥပေဒစိုးမိုးေရး (Rule of Law)မဟုတ္ဘဲ ဥပေဒျဖင့္ အုပ္ခ်ဳပ္ျခင္း (Rule by Law) ကို က်င့္သုံးေနျခင္းျဖစ္သည္။ က်ဴးေက်ာ္ခံရသူက ျပန္လည္ခုခံ လွ်င္ပင္ ဥပေဒခ်ိဳးေဖာက္သည္ဟု စြပ္စြဲသည့္ လွည့္ကြက္မ်ားကို သုံးလာသည္။ ဂါဇာတြင္ အစၥေရး၏ ဥပေဒမဲ့မႈကို အတုယူကာ အေမရိကန္သည္လည္း "ဥပေဒျပင္ပက လူရမ္းကား" တစ္ဦး ျဖစ္လာေနသည္။
ယႏၲရားသစ္မ်ား လိုအပ္ခ်က္ႏွင့္ နိဂုံး
လက္ရွိတြင္ ကုလသမဂၢႏွင့္ လုံၿခဳံေရးေကာင္စီသည္ အေမရိကန္၏ ဗီတိုအာဏာေအာက္ တြင္ အသုံးမက်ေတာ့ေပ။ လႊတ္ေတာ္သည္လည္း ဘတ္ဂ်က္ပင္ မဆြဲႏိုင္ဘဲ သမၼတ၏ အလိုက် သာ လုပ္ေဆာင္ေနသည္။ ထို႔ေၾကာင့္ BRICS ကဲ့သို႔ ႏိုင္ငံမ်ား ပူးေပါင္းၿပီး သီးျခားကြန္ဖရင့္မ်ား မွတစ္ဆင့္ စံႏႈန္းသစ္မ်ား ခ်မွတ္သင့္သည္။ ဂ်ပန္၏ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္သစ္သည္လည္း မာဂရက္သက္ခ်ာကဲ့သို႔ ျဖစ္ခ်င္ေနေသာ္လည္း လစ္ဇ္ထရပ္စ္ကဲ့သို႔ ျဖစ္သြားႏိုင္ၿပီး အာရွတြင္ စစ္မီးမ်ား ေလာင္ကြၽမ္းေစႏိုင္သည္။
အေမရိကန္ ေရနံကုမၸဏီမ်ားအတြက္ ေပ်ာ္စရာဇာတ္လမ္း ျဖစ္လာမည္ မဟုတ္ပါ။ ေျပာက္က်ား စစ္မ်ား၊ ဖ်က္ဆီးမႈမ်ားႏွင့္ ႀကဳံရမည္သာ ျဖစ္သည္။ ဗင္နီဇြဲလား ယဥ္ေက်းမႈမွာ "ဂုဏ္သိကၡာ" (honor)ကို အေလးထားၾကသည္။ သို႔ျဖစ္ရာ ဗင္နီဇြဲလားျပည္သူမ်ားက အလြယ္တကူ အေလွ်ာ့ေပးၾကမည္ မဟုတ္ဘဲ ခုခံၾကမည္ ျဖစ္သည္။ ယင္းအတြက္ "ထရမ့္တြင္ အေျဖမရွိပါ ။ ဒ႐ိုင္ဘာ၏ ေခါင္းကို ေသနတ္ႏွင့္ေထာက္ထားရင္ သူခိုင္းသည့္အတိုင္း ေမာင္းလိမ့္ မည္ဟု ထင္ေနပါသည္။ ယခုက်ဴးေက်ာ္မႈသည္ အာဖဂန္နစၥတန္ထက္ ပိုမိုဆိုး႐ြားေသာ ႐ႊံ႕ႏြံ(Quagmire)ျဖစ္သြားႏိုင္ၿပီး ကမာၻႀကီးအေနျဖင့္ ယင္းဥပေဒမဲ့မႈကို တားဆီးရန္ ယႏၲရားသစ္ မ်ားကို အျမန္ဆုံး ေဖာ္ေဆာင္ၾကရမည္ ျဖစ္ပါသည္။