မြစ်ကြီးနားလေတပ်စခန်းအနီး ပစ်ခတ်မှုများဖြစ်နေ

 2628

သန့်ဇင်၊ ထိုက်စံ (NP News)-ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အနီးတွင် ယနေ့( ဇန်နဝါရီ ၁၅ ရက်)၊ နံနက်ပိုင်းမှစတင်ကာ ပစ်ခတ်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အမှတ် ၅၀၃ လေတပ်စခန်းအဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်အလွန်၊ မြို့ပြင်ဖက်တွင် ရှိသည့်လေတပ်ဖြစ်ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လိုင်းပေါ်မှာ နမ့်ပေါင်လေတပ်လို့ ပြောနေကြတယ် ။ သတင်းကမသေချာသေးဘူး။ ည (၉)နာရီခွဲလောက်က တစ်ချက်ကြားတယ် ။ ဒီတစ်မနက်ကလည်း ပစ်နေတာပဲ ။ တစ်ချက်တစ်ချက်ပဲပစ်တာ ။ ဆက်တိုက်မပစ်ဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။
ပစ်ခတ်မှုများသည် လေတပ်အနီးဝင်ကျင်တွင်သာ ဖြစ်ပွားနေပြီး ယခင်က ပစ်ခတ်မှုများကဲ့သို့ မကြီးမားကြောင်း ၎င်းကဆိုသည်။
“ဒီတိုင်းပဲ ပစ်နေတာပဲ ။ ဘာမှတော့ မဟုတ်ဘူးတဲ့ ။ တိုက်ပွဲပုံစံမျိုးတော့မဟုတ်ဘူး။ ဟိုဘက်ခြမ်းကို လှမ်းမေးကြည့်တော့လည်း ဒီတိုင်းပဲ ဟိုပစ်ဒီပစ်ဘဲပစ်နေကြတာတဲ့ ။လက်နက်ကြီးအသံမျိုးလည်း မဟုတ်ဘူး ။ အသေးလည်း မဟုတ်ဘူး ။ အရင်တုန်းကကြား ရသလို အကြီးကြီးလည်းမဟုတ်ဘူး။ ဒီတိုင်းပဲ လှမ်းပစ်လိုက်လို့ ကျသွားတဲ့အသံမျိုးပဲ ။ အရင်တုန်းကလို ဆက်တိုက်ဆက်တိုက် ကြီးတွေမဟုတ်ဘူး ။နည်းနည်း အလတ်စားပေါ့ ။ အကုန်လုံးအေးအေးဆေးဆေးပဲ ။ မြို့ပေါ်မှာလည်းအေးအေးဆေးဆေးပဲ ။ ဟိုဘက် ကမိုင်းနားဘက်တွေလည်းအေးအေးဆေးဆေးပဲ ။ ပမ္မတီးဘက်တွေလည်းအေးအေးဆေးဆေးပဲ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်း ၉ နာရီ အချိန်ခန့်ကလည်း KIA၊ PDF အဖွဲ့က အထက်ပါမြစ်ကြီးနားလေတပ်စခန်းကို ဒရုန်း(၃)စီး အစဉ်လိုက် လွှတ်ကာ တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမစ္ႀကီးနားေလတပ္စခန္းအနီး ပစ္ခတ္မႈမ်ားျဖစ္ေန
သန႔္ဇင္၊ ထိုက္စံ (NP News)-ဇန္နဝါရီ ၁၅
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားေလတပ္အနီးတြင္ ယေန႔( ဇန္နဝါရီ ၁၅ ရက္)၊ နံနက္ပိုင္းမွစတင္ကာ ပစ္ခတ္မႈမ်ားျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္ သည္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၊ အမွတ္ ၅၀၃ ေလတပ္စခန္းအျဖစ္ ေျမာက္ပိုင္းတိုင္းစစ္ဌာ နခ်ဳပ္အလြန္၊ ၿမိဳ႕ျပင္ဖက္တြင္ ရွိသည့္ေလတပ္ျဖစ္ၿပီး KIA၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လိုင္းေပၚမွာ နမ့္ေပါင္ေလတပ္လို႔ ေျပာေနၾကတယ္ ။ သတင္းကမေသခ်ာေသးဘူး။ ည (၉)နာရီခြဲေလာက္က တစ္ခ်က္ၾကားတယ္ ။ ဒီတစ္မနက္ကလည္း ပစ္ေနတာပဲ ။ တစ္ခ်က္တစ္ခ်က္ပဲပစ္တာ ။ ဆက္တိုက္မပစ္ဘူး”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။
ပစ္ခတ္မႈမ်ားသည္ ေလတပ္အနီးဝင္က်င္တြင္သာ ျဖစ္ပြားေနၿပီး ယခင္က ပစ္ခတ္မႈမ်ားကဲ့သို႔ မႀကီးမားေၾကာင္း ၎ကဆိုသည္။
“ဒီတိုင္းပဲ ပစ္ေနတာပဲ ။ ဘာမွေတာ့ မဟုတ္ဘူးတဲ့ ။ တိုက္ပြဲပုံစံမ်ိဳးေတာ့မဟုတ္ဘူး။ ဟိုဘက္ျခမ္းကို လွမ္းေမးၾကည့္ေတာ့လည္း ဒီတိုင္းပဲ ဟိုပစ္ဒီပစ္ဘဲပစ္ေနၾကတာတဲ့ ။လက္နက္ႀကီးအသံမ်ိဳးလည္း မဟုတ္ဘူး ။ အေသးလည္း မဟုတ္ဘူး ။ အရင္တုန္းကၾကား ရသလို အႀကီးႀကီးလည္းမဟုတ္ဘူး။ ဒီတိုင္းပဲ လွမ္းပစ္လိုက္လို႔ က်သြားတဲ့အသံမ်ိဳးပဲ ။ အရင္တုန္းကလို ဆက္တိုက္ဆက္တိုက္ ႀကီးေတြမဟုတ္ဘူး ။နည္းနည္း အလတ္စားေပါ့ ။ အကုန္လုံးေအးေအးေဆးေဆးပဲ ။ ၿမိဳ႕ေပၚမွာလည္းေအးေအးေဆးေဆးပဲ ။ ဟိုဘက္ ကမိုင္းနားဘက္ေတြလည္းေအးေအးေဆးေဆးပဲ ။ ပမၼတီးဘက္ေတြလည္းေအးေအးေဆးေဆးပဲ”ဟု ၎က ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၅ ရက္၊ နံနက္ပိုင္း ၉ နာရီ အခ်ိန္ခန႔္ကလည္း KIA၊ PDF အဖြဲ႕က အထက္ပါျမစ္ႀကီးနားေလတပ္စခန္းကို ဒ႐ုန္း(၃)စီး အစဥ္လိုက္ လႊတ္ကာ တိုက္ခိုက္ခဲ့ေသာ္လည္း မေအာင္ျမင္ျဖစ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.