ဒီအာကွန်ဂိုနိုင်ငံမှာ မြေပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၈)ဦးသေဆုံး

94

Pika (NP News) - ဇန်နဝါရီ ၁၇
ဒီအာကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက ဝေးလံခေါင်သီတဲ့ရွာလေးတစ်ရွာမှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၈)ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဒီအာကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Burutsi ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီပေါင်းများစွာကြာအောင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုကျမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မြေပြိုကျမှုနဲ့အတူ ရွှံ့နဲ့အပျက်အစီးတွေ ရွာထဲကို စီးဝင်လာခဲ့ပြီး အိမ်ခြေများစွာ မြေမြှုပ်ခံခဲ့ရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးက “သဘာဝတရားကြီးရဲ့ရက်စက်မှုကြောင့် လူတွေ အိပ်ပျော်နေတဲ့အချိန်မှာ ပြိုကျလာတဲ့မြေကြီးတွေနဲ့ ရွှံ့တွေက ရွာထဲက အိမ်တွေကို မြေမြှုပ်ပစ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေက လည်း ပူးပေါင်းပါဝင်ကူညီပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် အစိုးရကိုအကူအညီလှမ်းတောင်းခဲ့ပေမယ့်လည်း လမ်းတွေပိတ်သွားခဲ့တာကြောင့် တုံ့ပြန်နိုင်စွမ်းတွေ သိသိသာသာလျော့ကျသွားခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဒီအာကြန္ဂိုႏိုင္ငံမွာ ေျမၿပိဳက်မႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၈)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၇
ဒီအာကြန္ဂိုႏိုင္ငံ အေရွ႕ပိုင္းက ေဝးလံေခါင္သီတဲ့႐ြာေလးတစ္႐ြာမွာ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၂၈)ဦးေသဆုံးခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ ဒီအာကြန္ဂိုႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Burutsi ႐ြာမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး နာရီေပါင္းမ်ားစြာၾကာေအာင္ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီးေနာက္ ေျမၿပိဳက်မႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေျမၿပိဳက်မႈနဲ႔အတူ ႐ႊံ႕နဲ႔အပ်က္အစီးေတြ ႐ြာထဲကို စီးဝင္လာခဲ့ၿပီး အိမ္ေျခမ်ားစြာ ေျမျမႇဳပ္ခံခဲ့ရတာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ တာဝန္ရွိသူတစ္ဦးက “သဘာဝတရားႀကီးရဲ႕ရက္စက္မႈေၾကာင့္ လူေတြ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ၿပိဳက်လာတဲ့ေျမႀကီးေတြနဲ႔ ႐ႊံ႕ေတြက ႐ြာထဲက အိမ္ေတြကို ေျမျမႇဳပ္ပစ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေျမၿပိဳက်မႈျဖစ္ပြားခဲ့ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ေဒသခံေတြက လည္း ပူးေပါင္းပါဝင္ကူညီေပးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အစိုးရကိုအကူအညီလွမ္းေတာင္းခဲ့ေပမယ့္လည္း လမ္းေတြပိတ္သြားခဲ့တာေၾကာင့္ တုံ႔ျပန္ႏိုင္စြမ္းေတြ သိသိသာသာေလ်ာ့က်သြားခဲ့ရတယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။