ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရေးသားသော စာအုပ်ထွက်ရှိ

 285

Pearl (NP News) - ဇန်နဝါရီ ၂ဝ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရေးသားသော ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး၊ ပထမစီးပွားရေးလှိုင်းဂယက်များကြားမှ နိုင်ငံ့စီးပွားရေး စာအုပ်ထွက်ရှိပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပထဝီနိုင်ငံရေး Soft Power, Hard Power ကစားကွက်များကို လေ့လာသိရှိပြီး မိမိတို့နိုင်ငံအမျိုးသားအကျိုးစီးပွားကာကွယ်လိုသူတိုင်းဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ပြီး ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေခဲ့သည့် ကိုလိုနီအင်ပါယာ နယ်ချဲ့ဝါဒ ၊ တတိယကမ္ဘာစစ် ဖြစ်ပွားလာစေရန် တာစူလာစေခဲ့သော ခေတ်သစ်အင်ပါယာ ချဲ့ထွင်ရေးဝါဒ ၊ ထိုမူဝါဒများကိုမိတ်ဖက်နိုင်ငံရေး နှင့် ပါဝါနိုင်ငံရေး အားပြိုင်မှုပြုလာကြရာ ကကမ္ဘာ့အစီအစဉ် ရေစီးကြောင်း ပြောင်းလဲလာပြီး အမေရိကန်ပထမမူဝါဒရိုက်ခတ်မှုကြောင့်ကြီးမားသော ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအလှည့်အပြောင်းလှိုင်းဂယက်များတွင် နိုင်ငံတိုင်းက အမျိုးသားလုံခြုံရေးခံနိုင်ရည်ရှိရေး နှင့် စီးပွားရေးခံနိုင်ရည်ရှိမှု အတွက်ကြိုတင်ပြင်ဆင်နေကြပုံကို စာရေးသူ ဒေါက်တာဝါဝါမောင်က အသေးစိတ်လေ့လာပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး လေ့လာသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလေ့လာသူများ၊နိုင်ငံတကာနှင့်ဆက်ဆံ၍ ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊နိုင်ငံရေးသိပ္ပံ၊နိုင်ငံတကာဆက်ဆံရေး နှင့် မဟာဗျူဟာလေ့လာသူများ၊သုတေသန နှင့် ကျမ်းပြုစုမည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့်စာအုပ်ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေး စာပေဗိမာန်များတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္ ေရးသားေသာ စာအုပ္ထြက္ရွိ
Pearl (NP News) - ဇန္နဝါရီ ၂ဝ
ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္ ေရးသားေသာ ကမာၻ႔ပထဝီဝင္ႏိုင္ငံေရး၊ ပထမစီးပြားေရးလႈိင္းဂယက္မ်ားၾကားမွ ႏိုင္ငံ့စီးပြားေရး စာအုပ္ထြက္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ကမာၻ႔ပထဝီႏိုင္ငံေရး Soft Power, Hard Power ကစားကြက္မ်ားကို ေလ့လာသိရွိၿပီး မိမိတို႔ႏိုင္ငံအမ်ိဳးသားအက်ိဳးစီးပြားကာကြယ္လိုသူတိုင္းဖတ္ရႈသင့္သည့္ စာအုပ္ျဖစ္ၿပီး ပထမကမာၻစစ္ႏွင့္ ဒုတိယကမာၻစစ္ ျဖစ္ပြားေစခဲ့သည့္ ကိုလိုနီအင္ပါယာ နယ္ခ်ဲ႕ဝါဒ ၊ တတိယကမာၻစစ္ ျဖစ္ပြားလာေစရန္ တာစူလာေစခဲ့ေသာ ေခတ္သစ္အင္ပါယာ ခ်ဲ႕ထြင္ေရးဝါဒ ၊ ထိုမူဝါဒမ်ားကိုမိတ္ဖက္ႏိုင္ငံေရး ႏွင့္ ပါဝါႏိုင္ငံေရး အားၿပိဳင္မႈျပဳလာၾကရာ ကကမာၻ႔အစီအစဥ္ ေရစီးေၾကာင္း ေျပာင္းလဲလာၿပီး အေမရိကန္ပထမမူဝါဒ႐ိုက္ခတ္မႈေၾကာင့္ႀကီးမားေသာ ကမာၻ႔ပထဝီႏိုင္ငံေရးႏွင့္ ပထဝီစီးပြားေရးအလွည့္အေျပာင္းလႈိင္းဂယက္မ်ားတြင္ ႏိုင္ငံတိုင္းက အမ်ိဳးသားလုံၿခဳံေရးခံႏိုင္ရည္ရွိေရး ႏွင့္ စီးပြားေရးခံႏိုင္ရည္ရွိမႈ အတြက္ႀကိဳတင္ျပင္ဆင္ေနၾကပုံကို စာေရးသူ ေဒါက္တာဝါဝါေမာင္က အေသးစိတ္ေလ့လာျပဳစုထားျခင္းျဖစ္ေၾကာင္း သိရသည္။

ပထဝီႏိုင္ငံေရး၊ ပထဝီစီးပြားေရး ေလ့လာသူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿငိမ္းခ်မ္းေရးေလ့လာသူမ်ား၊ႏိုင္ငံတကာႏွင့္ဆက္ဆံ၍ ေဆာင္႐ြက္ေနၾကသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ႏိုင္ငံေရးသိပၸံ၊ႏိုင္ငံတကာဆက္ဆံေရး ႏွင့္ မဟာဗ်ဴဟာေလ့လာသူမ်ား၊သုေတသန ႏွင့္ က်မ္းျပဳစုမည့္ တကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ား ေလ့လာဖတ္ရႈသင့္သည့္စာအုပ္ျဖစ္ၿပီး ရန္ကုန္၊ ေနျပည္ေတာ္ ႏွင့္ မႏၲေလး စာေပဗိမာန္မ်ားတြင္ ဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.