အမြင့် (၂၀၉၄၅)ပေတွင် ရဟတ်ယာဉ်ပေါ်မှခုန်ချကာ လေဟုန်စီးပြခဲ့ပြီးနောက် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့သည့် ဘီလာရုစ်အမျိုးသမီး

87

Pika (NP News) - ဇန်နဝါရီ ၂ဝ
ဘီလာရုစ်နိုင်ငံမှအမျိုးသမီးတစ်ဦးသည် အမြင့်ပေ(၂၀၉၄၅)ပေတွင် ရဟတ်ယာဉ်ပေါ်မှ ဧဝရက် တောင်ပေါ်သို့ခုန်ချပြကာ လေဟုန်စီးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အချိန်(၁၅)နှစ်ကြာအောင် လေဟုန်စီးခြင်းကိုလုပ်ဆောင်ခဲ့သော အိုလ်ဂါနော် မိုဗာဆိုသည့် အမျိုးသမီးသည် အမြင့်ပေအမြင့်ဆုံးတွင် လေဟုန်စီးခြင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် နီပေါ နိုင်ငံ Syangboche ရွာသို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် အိုလ်ဂါနော်မိုဗာသည် ရဟတ်ယာဉ်ဖြင့် ဧဝရက်တောင်ပေါ်သို့ပျံသန်းခဲ့ပြီး အမြင့်ပေ (၂၀၉၄၅)ပေအရောက်တွင် လေထဲသို့ခုန်ချခဲ့ပြီးနောက် ယခုကဲ့သို့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် သည်။ အိုလ်ဂါနော်မိုဗာသည် ရဟတ်ယာဉ်ပေါ်မှခုန်ချခဲ့ပြီးနောက် အမြင့် (၁၂၃၅၆)ပေအရောက်တွင် လေထီးဖွင့်ကာ မြေပြင်ပေါ်သို့ ဘေးကင်းစွာဖြင့် အောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ကြောင်း သိရ သည်။
အိုလ်ဂါနော်မိုဗာက “လေဟုန်စီးတာကို စတင်လေ့လာပြီးတဲ့နောက်ပိုင်းတည်းက အလွန် ထူး ခြားတဲ့လေဟုန်စီးမှုတစ်ခုကိုပြုလုပ်ဖို့ ဆန္ဒက ကျွန်မမှာရှိနေခဲ့တာပါ။ ပြီးတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိန်းကလေးတွေအားလုံးကို ရဲရင့်ကြဖို့နဲ့ အိပ်မက်ကြီးကြီးမက်ပြီး ဖြစ်အောင်လုပ်ကြဖို့အတွက် လှုံ့ဆော် ပေးနိုင်ဖို့က ကျွန်မရဲ့အိပ်မက်တစ်ခုပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အျမင့္ (၂၀၉၄၅)ေပတြင္ ရဟတ္ယာဥ္ေပၚမွခုန္ခ်ကာ ေလဟုန္စီးျပခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ ႏိုင္ခဲ့သည့္ ဘီလာ႐ုစ္အမ်ိဳးသမီး
Pika (NP News) - ဇန္နဝါရီ ၂ဝ
ဘီလာ႐ုစ္ႏိုင္ငံမွအမ်ိဳးသမီးတစ္ဦးသည္ အျမင့္ေပ(၂၀၉၄၅)ေပတြင္ ရဟတ္ယာဥ္ေပၚမွ ဧဝရက္ ေတာင္ေပၚသို႔ခုန္ခ်ျပကာ ေလဟုန္စီးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အခ်ိန္(၁၅)ႏွစ္ၾကာေအာင္ ေလဟုန္စီးျခင္းကိုလုပ္ေဆာင္ခဲ့ေသာ အိုလ္ဂါေနာ္ မိုဗာဆိုသည့္ အမ်ိဳးသမီးသည္ အျမင့္ေပအျမင့္ဆုံးတြင္ ေလဟုန္စီးျခင္း ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ နီေပါ ႏိုင္ငံ Syangboche ႐ြာသို႔လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ေနာက္ အိုလ္ဂါေနာ္မိုဗာသည္ ရဟတ္ယာဥ္ျဖင့္ ဧဝရက္ေတာင္ေပၚသို႔ပ်ံသန္းခဲ့ၿပီး အျမင့္ေပ (၂၀၉၄၅)ေပအေရာက္တြင္ ေလထဲသို႔ခုန္ခ်ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ သည္။ အိုလ္ဂါေနာ္မိုဗာသည္ ရဟတ္ယာဥ္ေပၚမွခုန္ခ်ခဲ့ၿပီးေနာက္ အျမင့္ (၁၂၃၅၆)ေပအေရာက္တြင္ ေလထီးဖြင့္ကာ ေျမျပင္ေပၚသို႔ ေဘးကင္းစြာျဖင့္ ေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏိုင္ခဲ့ေၾကာင္း သိရ သည္။
အိုလ္ဂါေနာ္မိုဗာက “ေလဟုန္စီးတာကို စတင္ေလ့လာၿပီးတဲ့ေနာက္ပိုင္းတည္းက အလြန္ ထူး ျခားတဲ့ေလဟုန္စီးမႈတစ္ခုကိုျပဳလုပ္ဖို႔ ဆႏၵက ကြၽန္မမွာရွိေနခဲ့တာပါ။ ၿပီးေတာ့ ကမာၻတစ္ဝန္းမွာရွိတဲ့ မိန္းကေလးေတြအားလုံးကို ရဲရင့္ၾကဖို႔နဲ႔ အိပ္မက္ႀကီးႀကီးမက္ၿပီး ျဖစ္ေအာင္လုပ္ၾကဖို႔အတြက္ လႈံ႕ေဆာ္ ေပးႏိုင္ဖို႔က ကြၽန္မရဲ႕အိပ္မက္တစ္ခုပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။