စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ဖိအားပေးမှုကြောင့် TikTok က ဥရောပမှာ အသက်အရွယ်စစ်ဆေးမှုကို ပိုမို တင်းကျပ်မည်

55

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
TikTok ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဥရောပတစ်ဝှမ်း အသုံးပြုသူတွေရဲ့အသက်အရွယ် ခွဲခြမ်း စိတ်ဖြာမှုနည်းစနစ်အသစ်ကို စတင်အသုံးပြုတော့မယ်လို့ သောကြာနေ့(ဇန်နဝါရီ ၁၇ ရက်) မှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ByteDance ပိုင် ပလက်ဖောင်းဖြစ်တဲ့ TikTok ဟာ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ အကောင့်တွေကို ခွဲခြားသတ်မှတ်ပြီး ဖယ်ရှားပစ်ဖို့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ အကောင့်တစ်ခု အသက်မပြည့်သေးခြင်း ရှိ၊ မရှိ ခန့်မှန်းဖို့ ပရိုဖိုင်အချက်အလက်တွေ၊ တင်ထားတဲ့ ဗီဒီယိုတွေနဲ့အပြုအမူဆိုင်ရာ အချက်ပြမှုတွေနဲ့ခွဲခြမ်းစိတ်ဖြာပြီး နည်းပညာနဲ့ အကောင့်တွေကို အလိုအလျှောက် ပိတ်ပစ်မယ့်အစား အထူးပြု စီမံခန့်ခွဲသူတွေနဲ့ပြန်လည်သုံးသပ်ပြီးမှ ပိတ်ဆို့သွားမယ်လို့ ဆိုပါတယ်။
ယခင်နှစ်ကလည်း ဥရောပမှာ သြစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ် မီဒီယာပိတ်ဆို့ခြင်း၊ ဒိန်းမတ်နိုင်ငံက အသက် ၁၅ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာ ပိတ်ဆို့ခြင်း၊ ယူကေမှာ အသက် ၁၃ နှစ်အောက် အသုံးပြုသူ အကောင့်ထောင်ပေါင်းများစွာကို ဖယ်ရှားခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
TikTok က နည်းပညာအသစ်ကို ဒေသတွင်း စည်းမျဉ်းစည်းကမ်း လိုအပ်ချက်တွေနဲ့ကိုက်ညီစေဖို့ ဥရောပအတွက် သီးသန့်တည်ဆောက်ထားပြီး EU ကိုယ်ရေးကိုယ်တာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ၊ ဒေတာကာကွယ်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ နည်းပညာ စတင်မိတ်ဆက်တာနဲ့ ဥရောပအသုံးပြုသူတွေကို အကြောင်းကြားပေးမယ်လို့ TikTok က ပြောကြားပါတယ်။

Zawgyi Version;
စည္းမ်ဥ္းထိန္းသိမ္းေရးအဖြဲ႕ရဲ႕ဖိအားေပးမႈေၾကာင့္ TikTok က ဥေရာပမွာ အသက္အ႐ြယ္စစ္ေဆးမႈကို ပိုမို တင္းက်ပ္မည္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
TikTok ဟာ လာမယ့္ ရက္သတၱပတ္ေတြအတြင္း ဥေရာပတစ္ဝွမ္း အသုံးျပဳသူေတြရဲ႕အသက္အ႐ြယ္ ခြဲျခမ္း စိတ္ျဖာမႈနည္းစနစ္အသစ္ကို စတင္အသုံးျပဳေတာ့မယ္လို႔ ေသာၾကာေန႔(ဇန္နဝါရီ ၁၇ ရက္) မွာ ႐ိုက္တာ သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
ByteDance ပိုင္ ပလက္ေဖာင္းျဖစ္တဲ့ TikTok ဟာ အသက္ ၁၃ ႏွစ္ေအာက္ ကေလးေတြရဲ႕ အေကာင့္ေတြကို ခြဲျခားသတ္မွတ္ၿပီး ဖယ္ရွားပစ္ဖို႔ စည္းမ်ဥ္းစည္းကမ္းဆိုင္ရာ ဖိအားေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ အေကာင့္တစ္ခု အသက္မျပည့္ေသးျခင္း ရွိ၊ မရွိ ခန႔္မွန္းဖို႔ ပ႐ိုဖိုင္အခ်က္အလက္ေတြ၊ တင္ထားတဲ့ ဗီဒီယိုေတြနဲ႔အျပဳအမူဆိုင္ရာ အခ်က္ျပမႈေတြနဲ႔ခြဲျခမ္းစိတ္ျဖာၿပီး နည္းပညာနဲ႔ အေကာင့္ေတြကို အလိုအေလွ်ာက္ ပိတ္ပစ္မယ့္အစား အထူးျပဳ စီမံခန႔္ခြဲသူေတြနဲ႔ျပန္လည္သုံးသပ္ၿပီးမွ ပိတ္ဆို႔သြားမယ္လို႔ ဆိုပါတယ္။
ယခင္ႏွစ္ကလည္း ဥေရာပမွာ ၾသစေၾတးလ်ႏိုင္ငံက အသက္ ၁၆ ႏွစ္ေအာက္ ကေလးေတြအတြက္ ဆိုရွယ္ မီဒီယာပိတ္ဆို႔ျခင္း၊ ဒိန္းမတ္ႏိုင္ငံက အသက္ ၁၅ ႏွစ္ေအာက္ ကေလးေတြအတြက္ ဆိုရွယ္မီဒီယာ ပိတ္ဆို႔ျခင္း၊ ယူေကမွာ အသက္ ၁၃ ႏွစ္ေအာက္ အသုံးျပဳသူ အေကာင့္ေထာင္ေပါင္းမ်ားစြာကို ဖယ္ရွားျခင္းတို႔ ျပဳလုပ္ခဲ့ပါတယ္။
TikTok က နည္းပညာအသစ္ကို ေဒသတြင္း စည္းမ်ဥ္းစည္းကမ္း လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီေစဖို႔ ဥေရာပအတြက္ သီးသန႔္တည္ေဆာက္ထားၿပီး EU ကိုယ္ေရးကိုယ္တာ စည္းမ်ဥ္းထိန္းသိမ္းေရးအဖြဲ႕ျဖစ္တဲ့ အိုင္ယာလန္ႏိုင္ငံ၊ ေဒတာကာကြယ္ေရးေကာ္မရွင္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။ နည္းပညာ စတင္မိတ္ဆက္တာနဲ႔ ဥေရာပအသုံးျပဳသူေတြကို အေၾကာင္းၾကားေပးမယ္လို႔ TikTok က ေျပာၾကားပါတယ္။