တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကို (၁)နှစ် (၁)ကြိမ် ကျင်းပရာမှ (၁)နှစ် (၂) ကြိမ် ပြောင်းလဲကျင်းပရန် စီစဉ်နေ

141

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆
တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကို (၁)နှစ်(၁)ကြိမ်မှ (၁)နှစ်(၂)ကြိမ် ပြောင်းလဲကျင်းပ သွားတော့မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အီလက် ထရွန်နစ်အားကစားအဖွဲ့ချုပ် (MESF) က NP News သို့ပြောသည်။
(၂၀၁၇)ခုနှစ်ကစတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံအီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ် (MESF) သည် မြန်မာနိုင်ငံတွင် Esports ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်လျက်ရှိရာ (၂၀၂၄)မှစတင်၍ တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကို (၁)နှစ်လျှင် (၁)ကြိမ် ကျင်းပခဲ့ကြောင်းသိရသည်။
“အဖွဲ့ချုပ်ဦးစီးဖွဲ့စည်းထားတဲ့ University Esports Network ကနေတစ်ဆင့် ကျောင်းတွင်း ပြိုင်ပွဲတွေ ပိုမိုတွင်ကျယ်လာအောင်လုပ်ဆောင်ပြီး Esports ကိုစိတ်ပါဝင်စားတဲ့ ကျောင်းသား ကျောင်းသူ တွေအတွက်လည်း Career based Free Workshop လေးတွေ စီစဉ်ပေးသွားဖို့ရှိပါတယ်။ (၂၀၂၄)မှာ စတင်ကျင်းပခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲ ကိုလည်း (၁)နှစ်(၁)ကြိမ်မှ (၁)နှစ်(၂)ကြိမ် ပြောင်းလဲကျင်းပသွားဖို့ရှိပါတယ်”ဟု MESF မှ အထွေထွေ အ တွင်းရေးမှူး ဦးကျော်ထက်လင်းကပြောသည်။
ထို့ပြင် မြန်မာ့ Esports လောကတိုင်းနှင့် ပြည်နယ်အဆင့်တွေဖွံ့ဖြိုးလာစေရန် ယခုနှစ်မှစတင်ကာ ကျောင်း တွင်းအဆင့် အားကစားတိုးတက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ National Esports Development Plan ဆိုတဲ့ စီမံချက်တွေရေးဆွဲပြီး လုပ်ဆောင်နေပါတယ်။ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံကနေ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်မယ့် အားကစားသမားတွေမွေးထုတ်ပြီးတော့ နိုင်ငံနဲ့ လူမျိုးအတွက် ချန်ပီယံဆုတွေ ဆက်လက်ရယူနိုင်အောင် ရည်မှန်းထားပါတယ်။ (၂၀၂၆)မှာ တိုင်းနှင့်ပြည်နယ် အဆင့် တွေဖွံ့ဖြိုးလာအောင်၊ ကျောင်းတွင်းအဆင့် အားကစားတိုးတက်အောင်လုပ်ဆောင်သွားပါမယ်”ဟု ၎င်းကပြောသည်။
အဆိုပါပြိုင်ပွဲများသည် တက္ကသိုလ်အဆင့်ပြိုင်ပွဲများအတွက်သာ ကနဦးရည်ရွယ်ထားခြင်းဖြစ်ပြီး အခြေခံပညာ ကျောင်းများတွင် ကျင်းပနိုင်ရေး အတွက်လည်း အစီစဉ်များရေးဆွဲလုပ်ဆောင်နေ လျက်ရှိကြောင်း သိရသည်။
MESF သည် နိုင်ငံအတွင်း Esports အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း Esports အားကစားဖွံ့ဖြိုးတိုး တက်ရေးများအတွက် နိုင်ငံတ ကာနှင့် လက်တွဲလုပ်ဆောင်သွားရန်ရှိကြောင်းလည်း ဦးကျော်ထက်လင်းက ဆိုသည်။

Zawgyi Version:
တကၠသိုလ္ေပါင္းစုံ Esports ၿပိဳင္ပြဲကို (၁)ႏွစ္ (၁)ႀကိမ္ က်င္းပရာမွ (၁)ႏွစ္ (၂) ႀကိမ္ ေျပာင္းလဲ က်င္းပရန္ စီစဥ္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
တကၠသိုလ္ေပါင္းစုံ Esports ၿပိဳင္ပြဲကို (၁)ႏွစ္(၁)ႀကိမ္မွ (၁)ႏွစ္(၂)ႀကိမ္ ေျပာင္းလဲက်င္းပ သြားေတာ့မည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ အီလက္ ထ႐ြန္နစ္အားကစားအဖြဲ႕ခ်ဳပ္ (MESF) က NP News သို႔ေျပာသည္။
(၂၀၁၇)ခုႏွစ္ကစတင္တည္ေထာင္ခဲ့သည့္ ျမန္မာႏိုင္ငံအီလက္ထ႐ြန္နစ္အားကစားအဖြဲ႕ခ်ဳပ္ (MESF) သည္ ျမန္မာႏိုင္ငံတြင္ Esports က႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လုပ္ေဆာင္လ်က္ရွိရာ (၂၀၂၄)မွစတင္၍ တကၠသိုလ္ေပါင္းစုံ Esports ၿပိဳင္ပြဲကို (၁)ႏွစ္လွ်င္ (၁)ႀကိမ္ က်င္းပခဲ့ေၾကာင္းသိရသည္။
“အဖြဲ႕ခ်ဳပ္ဦးစီးဖြဲ႕စည္းထားတဲ့ University Esports Network ကေနတစ္ဆင့္ ေက်ာင္းတြင္း ၿပိဳင္ပြဲေတြ ပိုမိုတြင္က်ယ္လာေအာင္လုပ္ေဆာင္ၿပီး Esports ကိုစိတ္ပါဝင္စားတဲ့ ေက်ာင္းသား ေက်ာင္းသူ ေတြအတြက္လည္း Career based Free Workshop ေလးေတြ စီစဥ္ေပးသြားဖို႔ရွိပါတယ္။ (၂၀၂၄)မွာ စတင္က်င္းပခဲ့တဲ့ တကၠသိုလ္ေပါင္းစုံ Esports ၿပိဳင္ပြဲ ကိုလည္း (၁)ႏွစ္(၁)ႀကိမ္မွ (၁)ႏွစ္(၂)ႀကိမ္ ေျပာင္းလဲက်င္းပသြားဖို႔ရွိပါတယ္”ဟု MESF မွ အေထြေထြ အ တြင္းေရးမႉး ဦးေက်ာ္ထက္လင္းကေျပာသည္။
ထို႔ျပင္ ျမန္မာ့ Esports ေလာကတိုင္းႏွင့္ ျပည္နယ္အဆင့္ေတြဖြံ႕ၿဖိဳးလာေစရန္ ယခုႏွစ္မွစတင္ကာ ေက်ာင္း တြင္းအဆင့္ အားကစားတိုးတက္ေစရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“ National Esports Development Plan ဆိုတဲ့ စီမံခ်က္ေတြေရးဆြဲၿပီး လုပ္ေဆာင္ေနပါတယ္။ အဖြဲ႕ခ်ဳပ္ရဲ႕ ရည္မွန္းခ်က္ကေတာ့ ျမန္မာႏိုင္ငံကေန ကမာၻႏွင့္ရင္ေပါင္တန္းႏိုင္မယ့္ အားကစားသမားေတြေမြးထုတ္ၿပီးေတာ့ ႏိုင္ငံနဲ႔ လူမ်ိဳးအတြက္ ခ်န္ပီယံဆုေတြ ဆက္လက္ရယူႏိုင္ေအာင္ ရည္မွန္းထားပါတယ္။ (၂၀၂၆)မွာ တိုင္းႏွင့္ျပည္နယ္ အဆင့္ ေတြဖြံ႕ၿဖိဳးလာေအာင္၊ ေက်ာင္းတြင္းအဆင့္ အားကစားတိုးတက္ေအာင္လုပ္ေဆာင္သြားပါမယ္”ဟု ၎ကေျပာသည္။
အဆိုပါၿပိဳင္ပြဲမ်ားသည္ တကၠသိုလ္အဆင့္ၿပိဳင္ပြဲမ်ားအတြက္သာ ကနဦးရည္႐ြယ္ထားျခင္းျဖစ္ၿပီး အေျခခံပညာ ေက်ာင္းမ်ားတြင္ က်င္းပႏိုင္ေရး အတြက္လည္း အစီစဥ္မ်ားေရးဆြဲလုပ္ေဆာင္ေန လ်က္ရွိေၾကာင္း သိရသည္။
MESF သည္ ႏိုင္ငံအတြင္း Esports အားကစား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေဒသတြင္း Esports အားကစားဖြံ႕ၿဖိဳးတိုး တက္ေရးမ်ားအတြက္ ႏိုင္ငံတ ကာႏွင့္ လက္တြဲလုပ္ေဆာင္သြားရန္ရွိေၾကာင္းလည္း ဦးေက်ာ္ထက္လင္းက ဆိုသည္။