၂၀၂၆ ခုနှစ် အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆုကို ကလောမြို့ ရရှိ

389

Photo: Credit
ကိုဖြိုး(NP News)ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ကို ၂၀၂၆ ခုနှစ် အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆု ရရှိခဲ့ကြောင်း သိရသည်။
"ကလောမြို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လှပတဲ့ ခရီးသွား မြို့တစ်မြို့လည်း ဖြစ်သလို အင်မတန် လည်း လည်ပတ်ဖို့ ပျော်စရာကောင်းတဲ့ နေရလည်း ဖြစ်တယ်။ နှစ်ပေါင်းများစွာအတွင်း ခရီးသွားတွေကို ဆွဲဆောင်ရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။” ဟု ခရီးသွားလုပ်ငန်း ဆောင်ရွက်သူ တစ်ဦးက ပြောသည်။
အဆိုပါဆုကို အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၆ ၊ ASEAN Tourism Forum- 2026 ကာလ အတွင်း ဖိလစ်ပိုင်နိုင်ငံ ၊ စီဘူးမြို့တွင် ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အတွင်း ဆုပေးအပ်သွားမည် ဖြစ်ပြီး ၊ အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုများကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အတွက် အာဆီယံ ခရီးသွား လုပ်ငန်းစံနှုန်းဆု ရရှိသော နေရာများမှာ (၁) အာဆီယံ သန့်ရှင်းသော ခရီးသွား မြို့တော်ဆု ကို ပင်းတယမြို့ (၂) အာဆီယံ အစိမ်းရောင် ဟိုတယ်ဆု ကို (က)Kalaw Heritage Hotel,Kalaw (ခ) Hotel SS-Aung Ban, Aung Ban (၃) အာဆီယံ MICE Venue (Meeting Room) ဆုကို Merry Go Round Meeting Room, Merriment Hotel, Kalaw (၄) အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆုကို Kalaw, Shan State (Urban Sustainable Tourism Product Category) တို့ ဆုအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် ၂၀၂၅ ခုနှစ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာဆီယံ ဆု ၂ ဆုကို ရရှိခဲ့ပြီး (၁) ASEAN CBT Award ဆုကို ပင်းတယမြို့နယ် ၊ ဆီးကျအင်း ကျေးရွာ CBT၊ (၂) ASEAN Public Award ဆုကို တောင်ကြီးမြို့ ရှိ စူဠာမုနိ လောကချမ်းသာစေတီတော်ရှိ အများသုံး သန့်စင်ခန်းတို့ဆု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
၂၀၂၆ ခုႏွစ္ အာဆီယံ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ခရီးသြား လုပ္ငန္းဆုကို ကေလာၿမိဳ႕ ရရွိ
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၂၆
ရွမ္းျပည္နယ္ ေတာင္ပိုင္း ကေလာၿမိဳ႕ကို ၂၀၂၆ ခုႏွစ္ အာဆီယံ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ခရီးသြား လုပ္ငန္းဆု ရရွိခဲ့ေၾကာင္း သိရသည္။
"ကေလာၿမိဳ႕ဟာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ လွပတဲ့ ခရီးသြား ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္သလို အင္မတန္ လည္း လည္ပတ္ဖို႔ ေပ်ာ္စရာေကာင္းတဲ့ ေနရလည္း ျဖစ္တယ္။ ႏွစ္ေပါင္းမ်ားစြာအတြင္း ခရီးသြားေတြကို ဆြဲေဆာင္ရာ ေဒသတစ္ခုလည္း ျဖစ္ပါတယ္။” ဟု ခရီးသြားလုပ္ငန္း ေဆာင္႐ြက္သူ တစ္ဦးက ေျပာသည္။
အဆိုပါဆုကို အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ - ၂၀၂၆ ၊ ASEAN Tourism Forum- 2026 ကာလ အတြင္း ဖိလစ္ပိုင္ႏိုင္ငံ ၊ စီဘူးၿမိဳ႕တြင္ ဇန္နဝါရီလ ၂၆ ရက္မွ ၃၀ ရက္အတြင္း ဆုေပးအပ္သြားမည္ ျဖစ္ၿပီး ၊ အာဆီယံ ခရီးသြားလုပ္ငန္းဆိုင္ရာ စံႏႈန္းဆုမ်ားကို ေပးအပ္ခ်ီးျမႇင့္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ အတြက္ အာဆီယံ ခရီးသြား လုပ္ငန္းစံႏႈန္းဆု ရရွိေသာ ေနရာမ်ားမွာ (၁) အာဆီယံ သန႔္ရွင္းေသာ ခရီးသြား ၿမိဳ႕ေတာ္ဆု ကို ပင္းတယၿမိဳ႕ (၂) အာဆီယံ အစိမ္းေရာင္ ဟိုတယ္ဆု ကို (က)Kalaw Heritage Hotel,Kalaw (ခ) Hotel SS-Aung Ban, Aung Ban (၃) အာဆီယံ MICE Venue (Meeting Room) ဆုကို Merry Go Round Meeting Room, Merriment Hotel, Kalaw (၄) အာဆီယံ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ခရီးသြား လုပ္ငန္းဆုကို Kalaw, Shan State (Urban Sustainable Tourism Product Category) တို႔ ဆုအသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ ၂၀၂၅ ခုႏွစ္ကလည္း ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ အာဆီယံ ဆု ၂ ဆုကို ရရွိခဲ့ၿပီး (၁) ASEAN CBT Award ဆုကို ပင္းတယၿမိဳ႕နယ္ ၊ ဆီးက်အင္း ေက်း႐ြာ CBT၊ (၂) ASEAN Public Award ဆုကို ေတာင္ႀကီးၿမိဳ႕ ရွိ စူဠာမုနိ ေလာကခ်မ္းသာေစတီေတာ္ရွိ အမ်ားသုံး သန႔္စင္ခန္းတို႔ဆု အသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။