အိန္ဒိယနိုင်ငံမှာ နီပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိ

117

ရောင်နီ (NP News) ဇန်နဝါရီ ၃ဝ
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလက အနောက်ဘင်္ဂလားပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ သံသယရှိ လူနာ ၂ ဦးမှာ အသက် အန္တရာယ်ရှိ နီပါဗိုင်းရပ်စ် ကူးစက်မှု အတည်ပြုတွေ့ရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ တိရစ္ဆာန်တွေကနေ လူသားကို ကူးစက်နိုင်တဲ့ နီပါဗိုင်းရပ်စ်မှာ ကာကွယ် ဆေးမရှိသေးသလို သေဆုံးမှုနှုန်းဟာလည်း ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။ ယခု ကူးစက်လူနာ ၂ ဦး အတည်ပြုတွေ့ရှိလာရခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက "တိုးမြှင့်စောင့် ကြည့်မှု၊ ဓာတ်ခွဲခန်းစမ်းသပ်မှုနဲ့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကူးစက်မှုတွေကို အချိန်မီထိန်းချုပ်နိုင်ပါတယ်" လို့ အင်္ဂါနေ့(ဇန်နဝါရီ ၂၇ ရက်) နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူနှစ်ဦးရဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခြင်းမရှိပါဘူး။
"အခြေအနေကို အဆက်မပြတ်စောင့်ကြည့်နေပြီး လိုအပ်တဲ့ပြည်သူ့ကျန်းမာရေးအစီအမံတွေအားလုံးကို လုပ်ဆောင်နေပါတယ်" လို့ ၎င်းက ထပ်လောင်းပြောကြားပြီး ကူးစက်မှုလူနာတွေနဲ့ဆက်စပ်နေတဲ့ လူ ၁၉၆ ဦးဟာ လည်း ကူးစက်မှုသံသယ မတွေ့ရှိရဘူးလို့ ပြောကြားပါတယ်။
နီပါဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ ဝက်မွေးမြူရေးမှတဆင့် စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာကတော့ ၂၀၀၁ ခုနှစ်မှာမှ ပထမဆုံးကူးစက်မှု ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာ နီပါဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ရောဂါ လက္ခဏာတွေအနေနဲ့ အပြင်းအထန်ဖျားခြင်း၊ အော့အန်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းတို့ တွေ့ရလေ့ရှိပြီး ပြင်းထန်အခြေအနေမှာကတော့ တက်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ မေ့မြောခြင်းတို့ ဖြစ်လာနိုင် တယ်လို့ သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံမွာ နီပါ ဗိုင္းရပ္စ္ကူးစက္ခံရသူ ႏွစ္ဦး ေတြ႕ရွိ
ေရာင္နီ (NP News) ဇန္နဝါရီ ၃ဝ
အိႏၵိယႏိုင္ငံမွာ ၿပီးခဲ့တဲ့ဒီဇင္ဘာလက အေနာက္ဘဂၤလားျပည္နယ္မွာ ေတြ႕ရွိခဲ့တဲ့ သံသယရွိ လူနာ ၂ ဦးမွာ အသက္ အႏၲရာယ္ရွိ နီပါဗိုင္းရပ္စ္ ကူးစက္မႈ အတည္ျပဳေတြ႕ရွိခဲ့တယ္လို႔ အိႏၵိယအာဏာပိုင္ေတြက ေျပာပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕အဆိုအရ တိရစာၦန္ေတြကေန လူသားကို ကူးစက္ႏိုင္တဲ့ နီပါဗိုင္းရပ္စ္မွာ ကာကြယ္ ေဆးမရွိေသးသလို ေသဆုံးမႈႏႈန္းဟာလည္း ၄၀ ရာခိုင္ႏႈန္းကေန ၇၅ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔ သိရပါတယ္။ ယခု ကူးစက္လူနာ ၂ ဦး အတည္ျပဳေတြ႕ရွိလာရျခင္းနဲ႔ပတ္သက္ၿပီး အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက "တိုးျမႇင့္ေစာင့္ ၾကည့္မႈ၊ ဓာတ္ခြဲခန္းစမ္းသပ္မႈနဲ႔ ကြင္းဆင္းစုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ကူးစက္မႈေတြကို အခ်ိန္မီထိန္းခ်ဳပ္ႏိုင္ပါတယ္" လို႔ အဂၤါေန႔(ဇန္နဝါရီ ၂၇ ရက္) ေႏွာင္းပိုင္းမွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ကူးစက္ခံရသူႏွစ္ဦးရဲ႕ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပျခင္းမရွိပါဘူး။
"အေျခအေနကို အဆက္မျပတ္ေစာင့္ၾကည့္ေနၿပီး လိုအပ္တဲ့ျပည္သူ႔က်န္းမာေရးအစီအမံေတြအားလုံးကို လုပ္ေဆာင္ေနပါတယ္" လို႔ ၎က ထပ္ေလာင္းေျပာၾကားၿပီး ကူးစက္မႈလူနာေတြနဲ႔ဆက္စပ္ေနတဲ့ လူ ၁၉၆ ဦးဟာ လည္း ကူးစက္မႈသံသယ မေတြ႕ရွိရဘူးလို႔ ေျပာၾကားပါတယ္။
နီပါဗိုင္းရပ္စ္ကို ၁၉၉၈ ခုႏွစ္က မေလးရွားႏိုင္ငံမွာ ဝက္ေမြးျမဴေရးမွတဆင့္ စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး အိႏၵိယ ႏိုင္ငံမွာကေတာ့ ၂၀၀၁ ခုႏွစ္မွာမွ ပထမဆုံးကူးစက္မႈ ရွိလာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ အိႏၵိယႏိုင္ငံ၊ ကီရာလာျပည္နယ္မွာ နီပါဗိုင္းရပ္စ္ေၾကာင့္ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးခဲ့ရပါတယ္။ ေရာဂါ လကၡဏာေတြအေနနဲ႔ အျပင္းအထန္ဖ်ားျခင္း၊ ေအာ့အန္ျခင္းနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ပိုးဝင္ျခင္းတို႔ ေတြ႕ရေလ့ရွိၿပီး ျပင္းထန္အေျခအေနမွာကေတာ့ တက္ျခင္း၊ ဦးေႏွာက္ေရာင္ရမ္းျခင္း၊ ေမ့ေျမာျခင္းတို႔ ျဖစ္လာႏိုင္ တယ္လို႔ သိရပါတယ္။