သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံး ဆီးနှင်းကျဆင်းမှုကို ရုရှားမြို့တော်ရင်ဆိုင်နေရ

178
Pika (NP News) - ဇန်နဝါရီ ၃၁
ရုရှားနိုင်ငံ မော်စကိုမြို့ဟာ အင်အားပြင်းနှင်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက်တိုက်ခတ်မှုကို ခံနေရပြီး နှစ်ပေါင်း(၇၀) အတွင်း မြို့တွင်းမှာ စံချိန်တင်အမြင့်ဆုံး နှင်းကျဆင်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
မော်စကိုမြို့မှာ ဆီးနှင်းကျဆင်းမှုပမာဏဟာ (၆၂)စင်တီမီတာအထိရှိခဲ့ပြီး (၁၉၅၆)ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ဆီးနှင်း ကျဆင်းမှုပမာဏ (၅၇)စင်တီမီတာထက် ပိုမိုကျော်လွန်ခဲ့တယ်လို့လည်း သိရပါတယ်။
(၂၀၂၆) ခုနှစ် ဇန်နဝါရီလဟာ ရာစုနှစ်(၂)ခုကျော်အတွင်း မော်စကိုမြို့တွင်းမှာ နှင်းအထူထပ်ဆုံး ကျဆင်းတဲ့ လ တစ်လဖြစ်လာခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး TASS သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
မိုးလေဝသပညာရှင်တစ်ဦးက “ဆီးနှင်းတွေ ထူထပ်စွာကျဆင်းမှုဟာ မော်စကိုမြို့ကိုဖြတ်သန်းသွားတဲ့ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ မော်စကိုမြို့ဟာ သမိုင်း တစ်လျှောက် စံချိန်တင်အမြင့်ဆုံး ဆီးနှင်းကျဆင်းမှုတစ်ခုကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံး ဆီးႏွင္းက်ဆင္းမႈကို ႐ုရွားၿမိဳ႕ေတာ္ရင္ဆိုင္ေနရ
Pika (NP News) - ဇန္နဝါရီ ၃၁
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ဟာ အင္အားျပင္းႏွင္းမုန္တိုင္းႀကီးတစ္ခု ဝင္ေရာက္တိုက္ခတ္မႈကို ခံေနရၿပီး ႏွစ္ေပါင္း(၇၀) အတြင္း ၿမိဳ႕တြင္းမွာ စံခ်ိန္တင္အျမင့္ဆုံး ႏွင္းက်ဆင္းမႈတစ္ခုကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ မိုးေလဝသပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။
ေမာ္စကိုၿမိဳ႕မွာ ဆီးႏွင္းက်ဆင္းမႈပမာဏဟာ (၆၂)စင္တီမီတာအထိရွိခဲ့ၿပီး (၁၉၅၆)ခုႏွစ္မွာ စံခ်ိန္တင္ခဲ့တဲ့ ဆီးႏွင္း က်ဆင္းမႈပမာဏ (၅၇)စင္တီမီတာထက္ ပိုမိုေက်ာ္လြန္ခဲ့တယ္လို႔လည္း သိရပါတယ္။
(၂၀၂၆) ခုႏွစ္ ဇန္နဝါရီလဟာ ရာစုႏွစ္(၂)ခုေက်ာ္အတြင္း ေမာ္စကိုၿမိဳ႕တြင္းမွာ ႏွင္းအထူထပ္ဆုံး က်ဆင္းတဲ့ လ တစ္လျဖစ္လာခဲ့တယ္လို႔ မိုးေလဝသပညာရွင္ေတြရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး TASS သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
မိုးေလဝသပညာရွင္တစ္ဦးက “ဆီးႏွင္းေတြ ထူထပ္စြာက်ဆင္းမႈဟာ ေမာ္စကိုၿမိဳ႕ကိုျဖတ္သန္းသြားတဲ့ နက္ရႈိင္းၿပီး က်ယ္ျပန႔္တဲ့ဆိုင္ကလုန္းမုန္တိုင္းေတြေၾကာင့္ ျဖစ္ေပၚလာတာပဲျဖစ္ပါတယ္။ ေမာ္စကိုၿမိဳ႕ဟာ သမိုင္း တစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံး ဆီးႏွင္းက်ဆင္းမႈတစ္ခုကို ရင္ဆိုင္ေနရတာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။