သူရ မချစ်ပိုအပြီးတွင် သူရဘွဲ့ရရှိသော အမျိုးသမီး (၂) ဦး ထွက်ပေါ်

 630

ပီယ (NP News) - မတ် ၂၇

နိုင်ငံတော်အတွက် စွန့်စွန့်စားစား သတင်းထောက်လှမ်းခြင်း၊ အသက်ကို မစွန့်ပဲ ရန်သူကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် သူရဘွဲ့ရရှိခဲ့သည့် မချစ်ပို အပြီး နှစ်ပေါင်း (၇၀) ကျော်အကြာတွင် သူရဘွဲ့ ရရှိသော အမျိုးသမီး (၂) ဦး ထပ်မံ ချီးမြှင့်ခံခဲ့ရသည်။
ယာယီသမ္မတက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ် ချီးမြှင့် ရာတွင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သူရဘွဲ့ ဗိုလ်မှူးဇော်မျိုးနိုင်အပြင် ဒေါ်စန်းမော်အေး နှင့် ဒေါ်စနေမ တို့က ရရှိခဲ့ကြခြင်းဖြစ်သည်။
တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တွင် ဗိုလ်မှူး အောင်နိုင်မိုးလှိုင်၊ ဗိုလ်မှူး ရဲဇော်ထွန်း အပါအဝင် ၇ ဦး ရရှိခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော ရဲဗလတံဆိပ်ကို မောင်အောင်ဖြိုးပိုင်၊ မောင် ပိုင်သက်ကျော် (ခ) မောင်မျိုးဇင်သက် အပါအဝင် (၃၂) ဦးက ရရှိခဲ့သည်။

Zawgyi Version;
သူရ မခ်စ္ပိုအၿပီးတြင္ သူရဘြဲ႕ရရွိေသာ အမ်ိဳးသမီး (၂) ဦး ထြက္ေပၚ
ပီယ (NP News) - မတ္ ၂၇
ႏိုင္ငံေတာ္အတြက္ စြန႔္စြန႔္စားစား သတင္းေထာက္လွမ္းျခင္း၊ အသက္ကို မစြန႔္ပဲ ရန္သူကို ျပန္လည္တိုက္ခိုက္ခဲ့ျခင္းတို႔ေၾကာင့္ သူရဘြဲ႕ရရွိခဲ့သည့္ မခ်စ္ပို အၿပီး ႏွစ္ေပါင္း (၇၀) ေက်ာ္အၾကာတြင္ သူရဘြဲ႕ ရရွိေသာ အမ်ိဳးသမီး (၂) ဦး ထပ္မံ ခ်ီးျမႇင့္ခံခဲ့ရသည္။
ယာယီသမၼတက ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရး တာဝန္မ်ားကို စြမ္းစြမ္းတမံထမ္းေဆာင္ခဲ့သည့္ ေအာက္ေဖာ္ျပပါပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ေပးအပ္ ခ်ီးျမႇင့္ ရာတြင္ တပ္မေတာ္ဆိုင္ရာစြမ္းရည္သတၱိဂုဏ္ထူးေဆာင္ဘြဲ႕ျဖစ္ေသာ သူရဘြဲ႕ ဗိုလ္မႉးေဇာ္မ်ိဳးႏိုင္အျပင္ ေဒၚစန္းေမာ္ေအး ႏွင့္ ေဒၚစေနမ တို႔က ရရွိခဲ့ၾကျခင္းျဖစ္သည္။
တပ္မေတာ္ဆိုင္ရာစြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္ျဖစ္ေသာ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္တြင္ ဗိုလ္မႉး ေအာင္ႏိုင္မိုးလႈိင္၊ ဗိုလ္မႉး ရဲေဇာ္ထြန္း အပါအဝင္ ၇ ဦး ရရွိခဲ့သည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆိုင္ရာစြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္ျဖစ္ေသာ ရဲဗလတံဆိပ္ကို ေမာင္ေအာင္ၿဖိဳးပိုင္၊ ေမာင္ ပိုင္သက္ေက်ာ္ (ခ) ေမာင္မ်ိဳးဇင္သက္ အပါအဝင္ (၃၂) ဦးက ရရွိခဲ့သည္။

Related news

© 2021. All rights reserved.