မြစ်ကြီးနားတွင် တိုးပွားလာသည့် တရားမဝင် လောင်းကစားရုံများနှင့် ရာဇဝတ်မှုများကြောင့် ဒေသခံများ နေ့စဉ်စိုးရိမ်နေရ

 66

ထိုက်စံ (NP News) - မတ်လ ၂၇

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ တွင် တိုးပွားလာသည့် တရားမဝင်လောင်းကစားရုံများ ကြောင့် ဒေသခံများ နေ့စဉ် စိုးရိမ်နေရသည့်အပြင် လောင်းကစားစွဲသူအများစုမှာ ဘဝပျက်သည်အထိ ဖြစ်ရသည့်အပြင် လောင်းကစားကြောင့် ဓားထိုးမှု၊ လူသတ်မှုများပါဖြစ်ပေါ်နေကြောင်း ဒေသခံများက NP News သို့ ပြောကြားချက်အရ သိရသည်။
ထိုသို့ မြစ်ကြီးနားမြို့ပေါ်တွင် လောင်းက စားရုံများဖွင့်လှစ်လာမှုနှင့်ပတ်သက်၍ ]]မြစ်ကြီးနား မှာ လောင်းကစားရုံတွေ အရမ်းများလာတယ်။ အရင်တုန်းက လောင်းကစားရုံတွေက မြို့ပြင်မှာပဲရှိတာ။ အခု မြို့ထဲကို (၂၀၂၂)နောက်ပိုင်းမှာ လာပြီးဖွင့်ခဲ့ တဲ့လောင်းကစားရုံ (၉)ခုထက်မနည်းရှိတယ်။ ကြက် ပေါင်ခြံ၊ မြို့သစ်ကြီး၊ ဗလမင်းထင် အကျော်ဘက်က မိုင်နား၊ ယုဇန၊ နန်မကြင်၊ ရမ်ပူ၊ အေးမြသာယာရပ် ကွက်တွေထဲမှာပေါ့။ သာမန်လူ တန်းစားတွေနေတဲ့ ရပ်ကွက်တွေထဲမှာ လာပြီးဖွင့်ကြတယ်။ အလုပ်သမား (၂၀)၊ (၃၀)နဲ့ဖွင့်ကြတယ်။ ရုံ တစ်ရုံမှာ ကန်ထရိုက် ဆွဲတဲ့သူက (၁)ယောက် ခေါင်းဆောင်ပေါ့။ သူဖွင့်တဲ့ နေရာမှာမှ ခုံ(၁၀)ခုထက်မနည်းရှိပြီး ဖဲခုံဆိုရင် ပိုင်ရှင်က(၁)ယောက်၊ ကျင်းခုံ ဆိုရင် ပိုင်ရှင်က(၁)ယောက် အဲဒီလိုမျိုးပေါ့။ သူတို့ တွေက ကန်ထရိုက် ဆွဲတဲ့သူကို ညကြေး (၁)ရက်ကို (၁)သိန်းပေးရ တာပေါ့" ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါလောင်းကစားရုံများသည် မြို့ပေါ် ရှိ လူတန်းစားအလွှာအသီးသီးကို မက်လုံးအမျိုးမျိုး ပေး၍ဆွဲဆောင်နေကြပြီး လောင်းကစားစွဲမိသူများ အနေဖြင့် အိမ်ရောင်း ယာပေါင်များပင် လုပ်ဆောင် လာကြပြီး အများစုမှာ ဘဝများပင်ပျက်သွားကြကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောသည်။
"အဲဒီလိုသာမန်လူတန်းစားတွေနေတဲ့ရပ်ကွက်မှာ လာဖွင့်ကြတော့ လူတွေဟာ လောင်းကစားဘက်မှာ တော်တော်လေးရောက်သွားကြ။ အချဉ်ပေါင်းသည်တို့ ပန်းရံလုပ်တဲ့သူ၊ လက်သမားလုပ်တဲ့သူ အဲဒီလို လူတွေ ဟိုအထက်က သူဌေးတွေရော လူလတ်တန်း စားတွေရော။ ပြီးတော့ ဝန်ထမ်းတွေတောင် သွား ကစားကြတယ်။ လောင်းကစားရုံတွေကလည်း (၁) ခါသွားရင် (၅၀ဝဝ)လည်းပေးတယ်။ ထမင်းလည်း ကျွေးတယ်လို့ပြောတယ်။ ပထမကတော့ လူတွေက အပျော်တမ်းသွားဆော့ကြတယ်။ နောက်ပိုင်းတော့ အဲဒီလောင်းကစားတွေမှာ စွဲလမ်းသွားကြတာပေါ့။ တချို့ဆို အိမ်ပစ်ယာပစ်နဲ့ အိမ်တွေပေါင်ပြီး လောင်း ကစားမှာ ဆုံးရှုံးသွားတဲ့လူတွေတော်တော်များတယ်။ မိသားစုတွေလည်း ဒုက္ခရောက်ကြတယ်။ အိမ်လည်း ဆုံးရှုံးသွားတယ်။ ဘဝတွေလည်း ပျက်ကြတယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါ လောင်းကစားရုံများကြောင့် မြစ် ကြီးနားမြို့တွင် ခိုးဝှက်လုယက်မှုများ မကြာခဏဖြစ် ပေါ်လာသည့်အပြင် ခိုက်ရန်ဖြစ်မှု၊ လူသတ်မှုကဲ့သို့ သော ရာဇဝတ်မှုများ များပြားလာပြီး မြို့ခံများအနေ ဖြင့် နေ့စဉ်စိုးရိမ်ပူပင်မှုများဖြင့်နေထိုင်နေရကြောင်း ဒေသခံများကဆိုသည်။"အဲဒီလိုမျိုးတွေဖြစ်လာ တော့ မြစ်ကြီးနားမှာ ခိုးယက်လုယက်သောင်းကျန်း မှုတွေ တော်တော်များလာတယ်။ လောင်းကစားရုံ ဖွင့် ထားတဲ့ပတ်ဝန်းကျင်ကလူတွေကတော့ တော်တော် ကို စိတ်ညစ်နေကြတယ်။ လောင်းကစားရုံက ဖဲဝိုင်း (၁)ဝိုင်းစာပဲမဟုတ်ဘဲနဲ့ အများကြီးဆိုတော့ တစ်ဦး နဲ့တစ်ဦး ရန်ဖြစ်တဲ့အသံတွေ မကြားဝံ့မနာသာ ဆဲဆို တဲ့အသံတွေ တစ်ခါတလေကျရင် အခန့်မသင့်ရင် ဓားထိုးမှုတွေဖြစ်တယ်။ အဲဒီလိုမျိုးတွေအထိဖြစ် တယ်။ ပတ်ဝန်းကျင်က မတိုင်တန်းဘူးလားဆိုတော့ တိုင်တန်းတယ်။ တိုင်တန်းပြီး လာဖမ်းတယ်။ ဒါပေမဲ့ ပြန်ဖွင့်တယ်။ ဘယ်လိုအကြောင်းလဲတော့မသိဘူး။ အဲဒီလိုလုပ်ကြတယ်။ ပတ်ဝန်းကျင်မှာ ကိုယ့်ကလေး က ဒီလောင်းကစားမှာ သွားဆော့မလား။ ကိုယ့်အိမ်က လူကသွားဆော့မလား အဲဒီလိုပူပန်မှုတွေနဲ့ နေရတာ ပေါ့"ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version;
ျမစ္ႀကီးနားတြင္ တိုးပြားလာသည့္ တရားမဝင္ ေလာင္းကစား႐ုံမ်ားႏွင့္ ရာဇဝတ္မႈမ်ားေၾကာင့္ ေဒသခံမ်ား ေန႔စဥ္ စိုးရိမ္ေနရ
ထိုက္စံ (NP News) - မတ္လ ၂၇
ကခ်င္ျပည္နယ္၏ၿမိဳ႕ေတာ္ ျမစ္ႀကီးနားၿမိဳ႕ တြင္ တိုးပြားလာသည့္ တရားမဝင္ေလာင္းကစား႐ုံမ်ား ေၾကာင့္ ေဒသခံမ်ား ေန႔စဥ္ စိုးရိမ္ေနရသည့္အျပင္ ေလာင္းကစားစြဲသူအမ်ားစုမွာ ဘဝပ်က္သည္အထိ ျဖစ္ရသည့္အျပင္ ေလာင္းကစားေၾကာင့္ ဓားထိုးမႈ၊ လူသတ္မႈမ်ားပါျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာၾကားခ်က္အရ သိရသည္။
ထိုသို႔ ျမစ္ႀကီးနားၿမိဳ႕ေပၚတြင္ ေလာင္းက စား႐ုံမ်ားဖြင့္လွစ္လာမႈႏွင့္ပတ္သက္၍ ]]ျမစ္ႀကီးနား မွာ ေလာင္းကစား႐ုံေတြ အရမ္းမ်ားလာတယ္။ အရင္တုန္းက ေလာင္းကစား႐ုံေတြက ၿမိဳ႕ျပင္မွာပဲရွိတာ။ အခု ၿမိဳ႕ထဲကို (၂၀၂၂)ေနာက္ပိုင္းမွာ လာၿပီးဖြင့္ခဲ့ တဲ့ေလာင္းကစား႐ုံ (၉)ခုထက္မနည္းရွိတယ္။ ၾကက္ ေပါင္ၿခံ၊ ၿမိဳ႕သစ္ႀကီး၊ ဗလမင္းထင္ အေက်ာ္ဘက္က မိုင္နား၊ ယုဇန၊ နန္မၾကင္၊ ရမ္ပူ၊ ေအးျမသာယာရပ္ ကြက္ေတြထဲမွာေပါ့။ သာမန္လူ တန္းစားေတြေနတဲ့ ရပ္ကြက္ေတြထဲမွာ လာၿပီးဖြင့္ၾကတယ္။ အလုပ္သမား (၂၀)၊ (၃၀)နဲ႔ဖြင့္ၾကတယ္။ ႐ုံ တစ္႐ုံမွာ ကန္ထ႐ိုက္ ဆြဲတဲ့သူက (၁)ေယာက္ ေခါင္းေဆာင္ေပါ့။ သူဖြင့္တဲ့ ေနရာမွာမွ ခုံ(၁၀)ခုထက္မနည္းရွိၿပီး ဖဲခုံဆိုရင္ ပိုင္ရွင္က(၁)ေယာက္၊ က်င္းခုံ ဆိုရင္ ပိုင္ရွင္က(၁)ေယာက္ အဲဒီလိုမ်ိဳးေပါ့။ သူတို႔ ေတြက ကန္ထ႐ိုက္ ဆြဲတဲ့သူကို ညေၾကး (၁)ရက္ကို (၁)သိန္းေပးရ တာေပါ့" ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
အဆိုပါေလာင္းကစား႐ုံမ်ားသည္ ၿမိဳ႕ေပၚ ရွိ လူတန္းစားအလႊာအသီးသီးကို မက္လုံးအမ်ိဳးမ်ိဳး ေပး၍ဆြဲေဆာင္ေနၾကၿပီး ေလာင္းကစားစြဲမိသူမ်ား အေနျဖင့္ အိမ္ေရာင္း ယာေပါင္မ်ားပင္ လုပ္ေဆာင္ လာၾကၿပီး အမ်ားစုမွာ ဘဝမ်ားပင္ပ်က္သြားၾကေၾကာင္း သတင္းရင္းျမစ္က ဆက္လက္ေျပာသည္။
"အဲဒီလိုသာမန္လူတန္းစားေတြေနတဲ့ရပ္ကြက္မွာ လာဖြင့္ၾကေတာ့ လူေတြဟာ ေလာင္းကစားဘက္မွာ ေတာ္ေတာ္ေလးေရာက္သြားၾက။ အခ်ဥ္ေပါင္းသည္တို႔ ပန္းရံလုပ္တဲ့သူ၊ လက္သမားလုပ္တဲ့သူ အဲဒီလို လူေတြ ဟိုအထက္က သူေဌးေတြေရာ လူလတ္တန္း စားေတြေရာ။ ၿပီးေတာ့ ဝန္ထမ္းေတြေတာင္ သြား ကစားၾကတယ္။ ေလာင္းကစား႐ုံေတြကလည္း (၁) ခါသြားရင္ (၅၀ဝဝ)လည္းေပးတယ္။ ထမင္းလည္း ေကြၽးတယ္လို႔ေျပာတယ္။ ပထမကေတာ့ လူေတြက အေပ်ာ္တမ္းသြားေဆာ့ၾကတယ္။ ေနာက္ပိုင္းေတာ့ အဲဒီေလာင္းကစားေတြမွာ စြဲလမ္းသြားၾကတာေပါ့။ တခ်ိဳ႕ဆို အိမ္ပစ္ယာပစ္နဲ႔ အိမ္ေတြေပါင္ၿပီး ေလာင္း ကစားမွာ ဆုံးရႈံးသြားတဲ့လူေတြေတာ္ေတာ္မ်ားတယ္။ မိသားစုေတြလည္း ဒုကၡေရာက္ၾကတယ္။ အိမ္လည္း ဆုံးရႈံးသြားတယ္။ ဘဝေတြလည္း ပ်က္ၾကတယ္" ဟု ၎က ဆိုသည္။
အဆိုပါ ေလာင္းကစား႐ုံမ်ားေၾကာင့္ ျမစ္ ႀကီးနားၿမိဳ႕တြင္ ခိုးဝွက္လုယက္မႈမ်ား မၾကာခဏျဖစ္ ေပၚလာသည့္အျပင္ ခိုက္ရန္ျဖစ္မႈ၊ လူသတ္မႈကဲ့သို႔ ေသာ ရာဇဝတ္မႈမ်ား မ်ားျပားလာၿပီး ၿမိဳ႕ခံမ်ားအေန ျဖင့္ ေန႔စဥ္စိုးရိမ္ပူပင္မႈမ်ားျဖင့္ေနထိုင္ေနရေၾကာင္း ေဒသခံမ်ားကဆိုသည္။"အဲဒီလိုမ်ိဳးေတြျဖစ္လာ ေတာ့ ျမစ္ႀကီးနားမွာ ခိုးယက္လုယက္ေသာင္းက်န္း မႈေတြ ေတာ္ေတာ္မ်ားလာတယ္။ ေလာင္းကစား႐ုံ ဖြင့္ ထားတဲ့ပတ္ဝန္းက်င္ကလူေတြကေတာ့ ေတာ္ေတာ္ ကို စိတ္ညစ္ေနၾကတယ္။ ေလာင္းကစား႐ုံက ဖဲဝိုင္း (၁)ဝိုင္းစာပဲမဟုတ္ဘဲနဲ႔ အမ်ားႀကီးဆိုေတာ့ တစ္ဦး နဲ႔တစ္ဦး ရန္ျဖစ္တဲ့အသံေတြ မၾကားဝံ့မနာသာ ဆဲဆို တဲ့အသံေတြ တစ္ခါတေလက်ရင္ အခန႔္မသင့္ရင္ ဓားထိုးမႈေတြျဖစ္တယ္။ အဲဒီလိုမ်ိဳးေတြအထိျဖစ္ တယ္။ ပတ္ဝန္းက်င္က မတိုင္တန္းဘူးလားဆိုေတာ့ တိုင္တန္းတယ္။ တိုင္တန္းၿပီး လာဖမ္းတယ္။ ဒါေပမဲ့ ျပန္ဖြင့္တယ္။ ဘယ္လိုအေၾကာင္းလဲေတာ့မသိဘူး။ အဲဒီလိုလုပ္ၾကတယ္။ ပတ္ဝန္းက်င္မွာ ကိုယ့္ကေလး က ဒီေလာင္းကစားမွာ သြားေဆာ့မလား။ ကိုယ့္အိမ္က လူကသြားေဆာ့မလား အဲဒီလိုပူပန္မႈေတြနဲ႔ ေနရတာ ေပါ့"ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.