အမေရိကန်ဒေါ်လာငွေစက္ကူများတွင် သမ္မတထရမ့်၏လက်မှတ်ကို ပထမဆုံးအကြိမ် ထည့်သွင်းရိုက်နှိပ်မည်

207

ဂျန်ဇက် (NP News) - မတ်လ ၂၇
အမေရိကန်ဒေါ်လာငွေစက္ကူများပေါ်တွင် လက်ရှိသမ္မတဒေါ်နယ်ထရမ့် ၏ လက်မှတ်ကို ရိုက်နှိပ်ထုတ်ဝေသွား မည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်သည်။
သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ငွေစက္ကူများတွင် လက်မှတ်ရေးထိုးသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာတော့မည်ဖြစ်သည်။ လာမည့် အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးရခြင်း နှစ် (၂၅၀) ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် နှစ်ပေါင်း (၁၆၅) နှစ်ကတည်းက ဒေါ်လာငွေစက္ကူများပေါ်တွင် အစဉ်အလာတရပ်အနေဖြင့် ပါဝင်ခဲ့သည့် "အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးမှူး" ၏ လက်မှတ်ကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း သိရသည်။
ငွေစက္ကူသစ်များပေါ်တွင် အစဉ်အဆက် ပါဝင်လေ့ရှိသည့် ဘဏ္ဍာရေးမှူး၏ လက်မှတ်နေရာတွင် သမ္မတ ထရမ့်၏ လက်မှတ်က အစားထိုးဝင်ရောက်လာမည်ဖြစ်ပြီး၊ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့် ၏ လက်မှတ်နှင့် အတူ ယှဉ်တွဲပါဝင်မည်ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က "အမေရိကန်နိုင်ငံနဲ့ သမ္မတထရမ့်တို့ရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို အသိအမှတ်ပြုဖို့အတွက် သူ့ရဲ့နာမည်ပါဝင်တဲ့ ဒေါ်လာငွေစက္ကူတွေ ထုတ်ဝေတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး" ဟု ပြောသည်။
အမေရိကန်သမ္မတ ထရမ့်၏ လက်မှတ်ပါဝင်မည့် ပထမဆုံး "ဒေါ်လာ ၁၀၀ တန်" ငွေစက္ကူများကို ၂၀၂၆ခုနှစ် ဇွန်လ တွင် စတင်ရိုက်နှိပ်သွားမည်ဖြစ်ပြီး အခြာကျန်ရှိသည့် အခြားသော ငွေစက္ကူအမျိုးအစားများကို နောက်ပိုင်း လများတွင် အစဉ်လိုက် ဆက်လက်ရိုက်နှိပ်သွားမည်ဟု သိရသည်။
လက်ရှိလည်ပတ်နေသော အမေရိကန်ဒေါ်လာများပေါ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က ဘဏ္ဍာရေး ဝန်ကြီး ဂျဲနက်ယဲလန် နှင့် ဘဏ္ဍာရေးမှူး လင်း မာလာဘာတို့၏ လက်မှတ်များ ပါဝင်သည်။ ယခုတရားဝင် ကြေညာချက်ကြောင့် လင်းမာလာဘာ သည် ၁၈၆၁ ခုနှစ်နောက်ပိုင်း ဒေါ်လာငွေစက္ကူများပေါ်တွင် လက်မှတ် ရေးထိုးခွင့်ရခဲ့သည့် အမေရိကန်ဘဏ္ဍာရေးမှူးများ သမိုင်းတစ်လျှောက် နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာမည်ဖြစ်သည်။
အစိုးရအဆောက်အအုံများ၊ အဖွဲ့အစည်းများ၊ စစ်သင်္ဘောများနှင့် အကြွေစေ့များပေါ်တွင် သမ္မတ၏ အမည်နှင့် ပုံရိပ်ကို ထည့်သွင်းရန် ကြိုးပမ်းနေသည့်သမ္မတထရမ့် ဦးဆောင်သောအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များထဲမှ နောက်ဆုံးပေါ်ထွက်လာသော သမိုင်းဝင် အပြောင်းအလဲတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ေဒၚလာေငြစကၠဴမ်ားတြင္ သမၼတထရမ့္၏လက္မွတ္ကို ပထမဆုံးအႀကိမ္ ထည့္သြင္း႐ိုက္ႏွိပ္မည္
ဂ်န္ဇက္ (NP News) - မတ္လ ၂၇
အေမရိကန္ေဒၚလာေငြစကၠဴမ်ားေပၚတြင္ လက္ရွိသမၼတေဒၚနယ္ထရမ့္ ၏ လက္မွတ္ကို ႐ိုက္ႏွိပ္ထုတ္ေဝသြား မည္ျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက တရားဝင္ ေၾကညာလိုက္သည္။
သမၼတေဒၚနယ္ထရမ့္သည္ အေမရိကန္ေငြစကၠဴမ်ားတြင္ လက္မွတ္ေရးထိုးသည့္ ပထမဆုံး အေမရိကန္သမၼတ ျဖစ္လာေတာ့မည္ျဖစ္သည္။ လာမည့္ အေမရိကန္ျပည္ေထာင္စုလြတ္လပ္ေရးရျခင္း ႏွစ္ (၂၅၀) ျပည့္ အထိမ္းအမွတ္ကို ဂုဏ္ျပဳေသာအားျဖင့္ ယခုကဲ့သို႔ စီစဥ္ျခင္းျဖစ္သည္ဟု သိရသည္။
ထို႔ျပင္ ႏွစ္ေပါင္း (၁၆၅) ႏွစ္ကတည္းက ေဒၚလာေငြစကၠဴမ်ားေပၚတြင္ အစဥ္အလာတရပ္အေနျဖင့္ ပါဝင္ခဲ့သည့္ "အေမရိကန္ျပည္ေထာင္စုဘ႑ာေရးမႉး" ၏ လက္မွတ္ကို ဖယ္ရွားသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ေငြစကၠဴသစ္မ်ားေပၚတြင္ အစဥ္အဆက္ ပါဝင္ေလ့ရွိသည့္ ဘ႑ာေရးမႉး၏ လက္မွတ္ေနရာတြင္ သမၼတ ထရမ့္၏ လက္မွတ္က အစားထိုးဝင္ေရာက္လာမည္ျဖစ္ၿပီး၊ လက္ရွိ ဘ႑ာေရးဝန္ႀကီး စေကာ့ဘက္ဆင့္ ၏ လက္မွတ္ႏွင့္ အတူ ယွဥ္တြဲပါဝင္မည္ျဖစ္သည္။
ဘ႑ာေရးဝန္ႀကီး စေကာ့ ဘက္ဆင့္က "အေမရိကန္ႏိုင္ငံနဲ႔ သမၼတထရမ့္တို႔ရဲ႕ သမိုင္းဝင္ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳဖို႔အတြက္ သူ႔ရဲ႕နာမည္ပါဝင္တဲ့ ေဒၚလာေငြစကၠဴေတြ ထုတ္ေဝတာထက္ ပိုေကာင္းတဲ့နည္းလမ္း မရွိပါဘူး" ဟု ေျပာသည္။
အေမရိကန္သမၼတ ထရမ့္၏ လက္မွတ္ပါဝင္မည့္ ပထမဆုံး "ေဒၚလာ ၁၀၀ တန္" ေငြစကၠဴမ်ားကို ၂၀၂၆ခုႏွစ္ ဇြန္လ တြင္ စတင္႐ိုက္ႏွိပ္သြားမည္ျဖစ္ၿပီး အျခာက်န္ရွိသည့္ အျခားေသာ ေငြစကၠဴအမ်ိဳးအစားမ်ားကို ေနာက္ပိုင္း လမ်ားတြင္ အစဥ္လိုက္ ဆက္လက္႐ိုက္ႏွိပ္သြားမည္ဟု သိရသည္။
လက္ရွိလည္ပတ္ေနေသာ အေမရိကန္ေဒၚလာမ်ားေပၚတြင္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္က ဘ႑ာေရး ဝန္ႀကီး ဂ်ဲနက္ယဲလန္ ႏွင့္ ဘ႑ာေရးမႉး လင္း မာလာဘာတို႔၏ လက္မွတ္မ်ား ပါဝင္သည္။ ယခုတရားဝင္ ေၾကညာခ်က္ေၾကာင့္ လင္းမာလာဘာ သည္ ၁၈၆၁ ခုႏွစ္ေနာက္ပိုင္း ေဒၚလာေငြစကၠဴမ်ားေပၚတြင္ လက္မွတ္ ေရးထိုးခြင့္ရခဲ့သည့္ အေမရိကန္ဘ႑ာေရးမႉးမ်ား သမိုင္းတစ္ေလွ်ာက္ ေနာက္ဆုံးပုဂၢိဳလ္ ျဖစ္လာမည္ျဖစ္သည္။
အစိုးရအေဆာက္အအုံမ်ား၊ အဖြဲ႕အစည္းမ်ား၊ စစ္သေဘၤာမ်ားႏွင့္ အေႂကြေစ့မ်ားေပၚတြင္ သမၼတ၏ အမည္ႏွင့္ ပုံရိပ္ကို ထည့္သြင္းရန္ ႀကိဳးပမ္းေနသည့္သမၼတထရမ့္ ဦးေဆာင္ေသာအစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားထဲမွ ေနာက္ဆုံးေပၚထြက္လာေသာ သမိုင္းဝင္ အေျပာင္းအလဲတစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။