အီရန်စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့်အစီအစဉ်ကို (၁ဝ) ရက်ရွှေ့ဆိုင်းဟု အမေရိကန်သမ္မတပြော

117

ဂျန်ဇက် (NP News) - မတ်လ ၂၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်၏စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မည့်အစီအစဉ်ကို နောက်ထပ် (၁ဝ) ရက် ထပ်မံဆိုင်းငံ့လိုက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတသည် အီရန်နိုင်ငံ၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိ အချိန်တွင် တတိအကြိမ်မြောက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ဘေးကင်းလုံခြုံစေရန် လုပ်ဆောင်မှုမရှိဘူးဆိုလျှင် အီရန်နိုင်ငံရှိ စွမ်းအင်စက်ရုံများကို (၄၈) နာရီအတွင်း တိုက်ခိုက် မည်ဟု စတင်ပြောဆိုခဲ့ပြီးနောက် ရက်ရွှေ့ဆိုင်းလာခြင်းဖြစ်သည်။
အီရန်နိုင်ငံ၏ စွမ်းအင်စက်ရုံများကိုတိုက်ခိုက်မည့်အစီအစဉ်သည် လက်ရှိအချိန်တွင် အကောင်အထည်ဖော်မည် မဟုတ်ဘဲ ဧပြီ (၆)ရက်နောက်ပိုင်းမှ အသက်ဝင်လာဖွယ်ရှိနေသည်။ အမေရိကန် နှင့် အီရန်နိုင်ငံကြား ဆွေးနွေးမှု များရှိနေခြင်းကြောင့် အီရန်စွမ်းအင်စက်ရုံများကိုတိုက်ခိုက်မည့်အစီအစဉ်ကို အမေရိကန်ဘက်က ရွှေ့ဆိုင်းခြင်း ဖြစ်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
အမေရိကန်သမ္မတက အီရန်အစိုးရ၏ တောင်းဆိုချက်များကြောင့် အီရန်၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့် အစီအစဉ်ကိုရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း၊ လက်ရှိဆွေးနွေးမှုအခြေအနေများက ကောင်းမွန်မှုများရှိနေကြောင်း ပြောသည်။ အမေရိကန်သမ္မတက အီရန်စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့် အစီအစဉ် ရွှေ့ဆိုင်းထားချိန်အတွင်း အီရန်အစိုးရတာဝန်ရှိသူများနှင့်ဆက်သွယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိဆွေးနွေးမှုလမ်းကြောင်းကို ယုံကြည်နေကြောင်း ပြောသည်။ အမေရိကန်သည် အီရန်၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့်အစီအစဉ်ကို နောက်ထပ် (၁ဝ)ရက်ရွှေ့ဆိုင်းလိုက်သော်လည်း အီရန်ကို တိုက်ခိုက်မည့်စစ်ရေးလုပ်ငန်းစဉ်များထဲတွင် ပါဝင်သည့် လူမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်တဲ့ Drone Speedboat (ဒရုန်းအမြန်ရေယာဉ်) များကို ကင်းကင်း လှည့်ရန် တပ်ဖြန့်ထားလိုက်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် (Pentagon) က ပြောသည်။ အမေရိကန် စစ်တပ်သည် ဒရုန်းအမြန်ရေယာဉ်များကို ဖြန့်ကြတ်ချထားလိုက်သည့် နေရာကို အတိအကျပြောဆိုခြင်း မရှိသော်လည်း လက်တွေ့စစ်ပွဲအတွင်း လူမဲ့ရေယာဉ်များ အသုံးပြုနေခြင်းကို ပထမဆုံးအကြိမ် အတည်ပြုလိုက် ခြင်းလည်းဖြစ်သည်။ အမေရိကန်နှင့်အီရန်နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲသည် မတ်လ (၂၇)ရက်ဆိုလျှင် ရက်ပေါင်း (၂၇)ရက်နေ့ရှိပြီး အမေရိကန်က အီရန်နိုင်ငံရှိ မတူညီသော ပစ်မှတ်ပေါင်းထောင်ချီကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများနှင့်တိုက်ခိုက်နေကြောင်း သိရသည်။

Zawgyi Version;
အီရန္စြမ္းအင္စက္႐ုံမ်ားကို တိုက္ခိုက္မည့္အစီအစဥ္ကို (၁ဝ) ရက္ေ႐ႊ႕ဆိုင္းဟု အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္လ ၂၇
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အီရန္၏စြမ္းအင္စက္႐ုံေတြကို တိုက္ခိုက္မည့္အစီအစဥ္ကို ေနာက္ထပ္ (၁ဝ) ရက္ ထပ္မံဆိုင္းငံ့လိုက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတသည္ အီရန္ႏိုင္ငံ၏ စြမ္းအင္စက္႐ုံမ်ားကို တိုက္ခိုက္မည္ဟု ေျပာဆိုခဲ့ဖူးေသာ္လည္း လက္ရွိ အခ်ိန္တြင္ တတိအႀကိမ္ေျမာက္ေ႐ႊ႕ဆိုင္းလိုက္ျခင္းျဖစ္သည္။ အီရန္ႏိုင္ငံအေနျဖင့္ ေဟာ္မုဇ္ေရလက္ၾကား ေဘးကင္းလုံၿခဳံေစရန္ လုပ္ေဆာင္မႈမရွိဘူးဆိုလွ်င္ အီရန္ႏိုင္ငံရွိ စြမ္းအင္စက္႐ုံမ်ားကို (၄၈) နာရီအတြင္း တိုက္ခိုက္ မည္ဟု စတင္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ေ႐ႊ႕ဆိုင္းလာျခင္းျဖစ္သည္။
အီရန္ႏိုင္ငံ၏ စြမ္းအင္စက္႐ုံမ်ားကိုတိုက္ခိုက္မည့္အစီအစဥ္သည္ လက္ရွိအခ်ိန္တြင္ အေကာင္အထည္ေဖာ္မည္ မဟုတ္ဘဲ ဧၿပီ (၆)ရက္ေနာက္ပိုင္းမွ အသက္ဝင္လာဖြယ္ရွိေနသည္။ အေမရိကန္ ႏွင့္ အီရန္ႏိုင္ငံၾကား ေဆြးေႏြးမႈ မ်ားရွိေနျခင္းေၾကာင့္ အီရန္စြမ္းအင္စက္႐ုံမ်ားကိုတိုက္ခိုက္မည့္အစီအစဥ္ကို အေမရိကန္ဘက္က ေ႐ႊ႕ဆိုင္းျခင္း ျဖစ္သည္ဟု သတင္းမ်ားလည္း ထြက္ေပၚေနသည္။
အေမရိကန္သမၼတက အီရန္အစိုးရ၏ ေတာင္းဆိုခ်က္မ်ားေၾကာင့္ အီရန္၏ စြမ္းအင္စက္႐ုံမ်ားကို တိုက္ခိုက္မည့္ အစီအစဥ္ကိုေ႐ႊ႕ဆိုင္းျခင္းျဖစ္ေၾကာင္း၊ လက္ရွိေဆြးေႏြးမႈအေျခအေနမ်ားက ေကာင္းမြန္မႈမ်ားရွိေနေၾကာင္း ေျပာသည္။ အေမရိကန္သမၼတက အီရန္စြမ္းအင္စက္႐ုံမ်ားကို တိုက္ခိုက္မည့္ အစီအစဥ္ ေ႐ႊ႕ဆိုင္းထားခ်ိန္အတြင္း အီရန္အစိုးရတာဝန္ရွိသူမ်ားႏွင့္ဆက္သြယ္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ၿပီး လက္ရွိေဆြးေႏြးမႈလမ္းေၾကာင္းကို ယုံၾကည္ေနေၾကာင္း ေျပာသည္။ အေမရိကန္သည္ အီရန္၏ စြမ္းအင္စက္႐ုံမ်ားကို တိုက္ခိုက္မည့္အစီအစဥ္ကို ေနာက္ထပ္ (၁ဝ)ရက္ေ႐ႊ႕ဆိုင္းလိုက္ေသာ္လည္း အီရန္ကို တိုက္ခိုက္မည့္စစ္ေရးလုပ္ငန္းစဥ္မ်ားထဲတြင္ ပါဝင္သည့္ လူမလိုဘဲ အလိုအေလ်ာက္ ေမာင္းႏွင္ႏိုင္တဲ့ Drone Speedboat (ဒ႐ုန္းအျမန္ေရယာဥ္) မ်ားကို ကင္းကင္း လွည့္ရန္ တပ္ျဖန႔္ထားလိုက္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ (Pentagon) က ေျပာသည္။ အေမရိကန္ စစ္တပ္သည္ ဒ႐ုန္းအျမန္ေရယာဥ္မ်ားကို ျဖန႔္ၾကတ္ခ်ထားလိုက္သည့္ ေနရာကို အတိအက်ေျပာဆိုျခင္း မရွိေသာ္လည္း လက္ေတြ႕စစ္ပြဲအတြင္း လူမဲ့ေရယာဥ္မ်ား အသုံးျပဳေနျခင္းကို ပထမဆုံးအႀကိမ္ အတည္ျပဳလိုက္ ျခင္းလည္းျဖစ္သည္။ အေမရိကန္ႏွင့္အီရန္ႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲသည္ မတ္လ (၂၇)ရက္ဆိုလွ်င္ ရက္ေပါင္း (၂၇)ရက္ေန႔ရွိၿပီး အေမရိကန္က အီရန္ႏိုင္ငံရွိ မတူညီေသာ ပစ္မွတ္ေပါင္းေထာင္ခ်ီကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၿပီး အီရန္ဘက္ကလည္း အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားႏွင့္တိုက္ခိုက္ေနေၾကာင္း သိရသည္။