အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ယူနိုင်မှုကြောင့် စိုက်မွေးကျောင်းများကို စိတ်ဝင်စားမှုများလာ

 219

စော (NP News) - မတ် ၂၈

အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ယူနိုင်မှုကြောင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများကို စိတ်ဝင်စားမှုများလာကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်မှ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အထိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းပေါင်း (၈၉)ကျောင်း ဖွင့်လှစ် ပညာသင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါကျောင်းများတွင် အခြေခံပညာအထက်တန်းဘာသာရပ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာဆိုင်ရာဘာသာရပ်များကို စာတွေ့နှင့်လက်တွေ့ပေါင်းစပ်သည့် သင်ရိုးညွှန်းတမ်းများ အသုံးပြုပြီး ပညာသင်ကာလ (၃) နှစ်အတွင်း သင်ကြားလေ့ကျင့်ပေးနေကြောင်း သိရသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများမှ Grade-12 အောင်မြင်သူများသည် ရရှိထားသည့်အရည်အချင်းအတိုင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံ စသည့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်တက်ရောက် သင်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
“အခြေခံပညာအလယ်တန်းဆင့် ( Grade 9) ပြီးမြောက်တဲ့ ကျောင်းသား၊ကျောင်းသူတွေသည် အခြေခံပညာအထက်တန်းအဆင့် သင်ယူနေစဉ်ကာလမှာဘဲ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုတဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ်တွေကို သင်ယူတတ်မြောက်နိုင်မဲ့ အခွင့်အလမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေရရှိကြမှာဖြစ်လို့ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းတွေကို တက်ရောက်ဖို့ စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကျောင်းများမှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ (၁၁)ရက်မှ (၁၇)ရက်နေ့ထိ အခြေခံပညာကျောင်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အတူတူ ကျင်းပခဲ့ပြီး စိုက်ပျိုးရေးအတတ်ပညာ ကျောင်းသားစုစုပေါင်း (၇၅၅)ဦး နှင့် မွေးမြူရေးအတတ်ပညာ ကျောင်းသားစုစုပေါင်း (၄၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအထက်တန်းကျောင်းမှ Grade-12 စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာပြီးမြောက်သည့် ပထမဆုံး စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူ လူ့စွမ်းအား အရင်းအမြစ်များကို စတင်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အသက္ေမြးဝမ္းေၾကာင္းပညာရပ္မ်ားကို သင္ယူႏိုင္မႈေၾကာင့္ စိုက္ေမြးေက်ာင္းမ်ားကို စိတ္ဝင္စားမႈမ်ားလာ
ေစာ (NP News) - မတ္ ၂၈
အသက္ေမြးဝမ္းေၾကာင္းပညာရပ္မ်ား သင္ယူႏိုင္မႈေၾကာင့္ အေျခခံပညာႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ေမြးျမဴေရးအထက္တန္းေက်ာင္းမ်ားကို စိတ္ဝင္စားမႈမ်ားလာေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ (၂၀၂၃-၂၀၂၄)ပညာသင္ႏွစ္မွ (၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္အထိ အေျခခံပညာႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ေမြးျမဴေရးအထက္တန္းေက်ာင္းေပါင္း (၈၉)ေက်ာင္း ဖြင့္လွစ္ ပညာသင္ၾကားေပးေနေၾကာင္း သိရသည္။
အဆိုပါေက်ာင္းမ်ားတြင္ အေျခခံပညာအထက္တန္းဘာသာရပ္မ်ားအျပင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး အတတ္ပညာဆိုင္ရာဘာသာရပ္မ်ားကို စာေတြ႕ႏွင့္လက္ေတြ႕ေပါင္းစပ္သည့္ သင္႐ိုးၫႊန္းတမ္းမ်ား အသုံးျပဳၿပီး ပညာသင္ကာလ (၃) ႏွစ္အတြင္း သင္ၾကားေလ့က်င့္ေပးေနေၾကာင္း သိရသည္။
အေျခခံပညာႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး အထက္တန္းေက်ာင္းမ်ားမွ Grade-12 ေအာင္ျမင္သူမ်ားသည္ ရရွိထားသည့္အရည္အခ်င္းအတိုင္း ေရဆင္းစိုက္ပ်ိဳးေရး တကၠသိုလ္၊ ေမြးျမဴေရးဆိုင္ရာေဆးတကၠသိုလ္၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးသိပၸံ၊ ငါးလုပ္ငန္းသိပၸံ စသည့္ အဆင့္ျမင့္ပညာရပ္မ်ားကို ဆက္လက္တက္ေရာက္ သင္ယူႏိုင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။
“အေျခခံပညာအလယ္တန္းဆင့္ ( Grade 9) ၿပီးေျမာက္တဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြသည္ အေျခခံပညာအထက္တန္းအဆင့္ သင္ယူေနစဥ္ကာလမွာဘဲ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဆိုတဲ့ အသက္ေမြး ဝမ္းေက်ာင္းပညာရပ္ေတြကို သင္ယူတတ္ေျမာက္ႏိုင္မဲ့ အခြင့္အလမ္းႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းေတြရရွိၾကမွာျဖစ္လို႔ အေျခခံပညာႏွင့္စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး အထက္တန္း ေက်ာင္းေတြကို တက္ေရာက္ဖို႔ စိတ္ဝင္စားလာျခင္းျဖစ္ပါတယ္” ဟု စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါေက်ာင္းမ်ားမွ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲကို ၿပီးခဲ့သည့္ မတ္လ (၁၁)ရက္မွ (၁၇)ရက္ေန႔ထိ အေျခခံပညာေက်ာင္းမ်ား၏ တကၠသိုလ္ဝင္စာေမးပြဲႏွင့္ အတူတူ က်င္းပခဲ့ၿပီး စိုက္ပ်ိဳးေရးအတတ္ပညာ ေက်ာင္းသားစုစုေပါင္း (၇၅၅)ဦး ႏွင့္ ေမြးျမဴေရးအတတ္ပညာ ေက်ာင္းသားစုစုေပါင္း (၄၉၅)ဦး ဝင္ေရာက္ေျဖဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အထက္တန္းေက်ာင္းမွ Grade-12 စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး အတတ္ပညာၿပီးေျမာက္သည့္ ပထမဆုံး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအထက္တန္းေက်ာင္း ေအာင္ျမင္သူ လူ႔စြမ္းအား အရင္းအျမစ္မ်ားကို စတင္ထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.