စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ခြင်းကို လက်မခံရန်နှင့် ဟန့်တားပေးဖို့ ဂျပန်ကို ဒေါက်တာဝင်းမြတ်အေးတောင်းဆို

 509

ဇွဲပြည့် (NPNews) မေ ၂၈

စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ခြင်းကို လက်မခံရန်နှင့် နှင့် ယင်းသို့ သတ်မှတ်ထားခြင်းကို ဟန့်တားပေးဖို့ ဂျပန်ကို ဒေါက်တာဝင်းမြတ်အေးက တောင်းဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် မြန်မာအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ပြည်သူကို ရန်သူလိုသဘောထားပြီး တိုက်ခိုက် အကြမ်းဖက် နှိမ်နှင်းခြင်းများ ပြုလုပ်နေပြီး စစ်တပ်သည် ပြည်သူကို ကာကွယ်မပေးနိုင်သည့်အတွက်ကြောင့် စစ်တပ်သည် ပြည်သူ့အစိုးရ လုံးဝမဖြစ်နိုင်ကြောင်း၊ ပြည်သူ့အစိုးရဖြစ်သည့် NUG ကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုပြီး တရားဝင် ပူးပေါင်းကူညီဆောင်ရွက်ရန် တောင်းဆိုခဲ့သေးသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ပဲခူးစသည့် နေရာများကို တိုက်ခိုက်နေသည့်အတွက် နယ်စပ်ဒေသများသို့ နေရပ်စွန့်ခွာပြောင်းရွေ့နေရသူ ၆ သောင်းကျော် ရှိကြောင်း ယခုနောက်ပိုင်း ချင်းပြည်နယ် မင်းတပ်ကို အကြမ်းဖက်တိုက်ခိုက်ခြင်းျားနှင့် ကယားပြည်နယ်ကို တိုက်ခိုက်ခြင်းများ ပေါင်းလိုက်မည်ဆိုလျင် စုစုပေါင်း လတ်တလော နေရပ်စွန့်ခွာသူ အခက်အခဲကြုံတွေ့နေရသူ ၁၂၀ဝ၀ဝ ရှိသည်ဟုလည်း ယင်းကပြောသည်။

ဂျပန်ပြည်သူများနှင့် ဂျပန်အစိုးရသည် ပြည်သူအစိုးရကို အစစအရာရာ လုပ်ငန်း ဆောင်ရွက်မှုတိုင်း အားပေးကူညီခြင်းများသည် နိုင်ငံအားလုံးတွင် တကယ့်ကို အမှတ်ရ စရာဖြစ်ကြောင်းကိုလည်း ယင်းကပြောကြားခဲ့သေးသည်။

Related news

© 2021. All rights reserved.