အာကာသအတွင်း နျူလက်နက်ပြိုင်ဆိုင်ခြင်းမပြုရန် ကုလလုံခြုံရေးကောင်စီအဆိုကို ရုရှား ဗီတိုဖြင့် ပယ်ချ

 1626

Htay Oung (NP News) - ဧပြီ ၂၆

အာကာသအတွင်း အန္တရာယ်အလွန်များပြားတဲ့ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို တားဆီးရန် ကမ္ဘာ့နိုင်ငံ အားလုံးကို တောင်းဆိုကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ရုရှားနိုင်ငံက ဗီတိုအခွင့်အရေးသုံးပြီး ပယ်ချလိုက်ပါတယ်။ အာကာသအတွင်း နျူလက် နက်များနဲ့ပတ်သက်ပြီး အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက် နက်များအဖြစ် ပြောဆိုနေတဲ့ နိုင်ငံများဟာ ညစ်ပတ်တဲ့အမြင်နဲ့ ကြည့်ရှု့သူများ သာဖြစ်ကြောင်းလည်း ရည်ညွှန်းလိုက်တယ်လို့ ဂါးဒီးယန်းသတင်းစာက ယမန်နေ့ (ဧပြီလ ၂၆ ရက်)တွင် ရေးသားပါတယ်။

အမေရိကန်နှင့် ဂျပန်တို့က ဦးဆောင်တင်သွင်းခဲ့တဲ့ အဲ့ဒီ ဆုံးဖြတ်ချက်ဟာ ၁၉၆၇ ခုနှစ် နိုင်ငံတကာသဘော တူစာချုပ်အရ တားမြစ်ထားပြီးဖြစ်တဲ့ အာ ကာသအတွင်း နျူလီယာလက်နက်များ သို့မဟုတ် အခြားသော အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်များကို ချဲ့ထွင်ခြင်း သို့မဟုတ် အသုံးချခြင်းမပြုရန် နိုင်ငံအား လုံးတို့ကို တောင်းဆိုချက်အဖြစ် တည်ရှိခဲ့ပြီးဖြစ်ပါတယ်။

ဒီနေ့ ဗီတိုအာဏာနဲ့ ပယ်ချခံရတဲ့ကိစ္စဟာ အတော် မေးခွန်းထုတ်စရာ ကောင်းကြောင်း၊ စည်းမျဉ်းများအတိုင်း လိုက်နာနေကြမယ်ဆိုလျှင် ပြန်လည်အတည်ပြုဖို့ အဆိုကို မထောက်ခံနိုင်စရာ မရှိ ကြောင်း၊ ဘာတွေများ ဖုံး ကွယ်ထားတယ်ဆိုတာ မသိနိုင်တော့ဘူးလို့ မဲခွဲဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်ဒ်က မှတ်ချက်ပေးပါတယ်။

မော်စကိုအနေနဲ့ အာကာသအတွင်း နျူကလီယာလက်နက်များကို ဖြန့်ကျက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရု ရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုခဲ့ခြင်းကို အမေရိကန်သံအမတ်ကြီးက စောင်းချိတ်လိုက်ပုံရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီနီဘန်ဇီယာကတော့ ယခု ဆုံးဖြတ်ချက်မူကြမ်း တင်သွင်း ခြင်း ဟာ လုံးဝ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးရည်ရွယ်ချက်ပါရှိတဲ့ လုပ်ရပ်အဖြစ် ပယ်ချလိုက်ပါတယ်။ အာကာသအတွင်း ဘယ်လို လက်နက်အမျိုးအစားအားလုံးကို ပိတ်ပင်မယ်ဆိုတာ အပြည့်အစုံဖော်ပြထားခြင်း မရှိဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။

အမြဲတန်းအဖွဲ့ဝင် ၅ ဦး၊ အလှည့်ကျအဖွဲ့ဝင် ၁၀ ဦးပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အဲ့ဒီအဆိုကို ၁၃ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ရုရှားက ကန့်ကွက်ပြီး တရုတ်က ကြားနေခဲ့ကြောင်း တွေ့ရှိရပါတယ်။

ရုရှားနဲ့တရုတ်တို့က “အာကာသအတွင်း လက်နက်များ နေရာချထားမှုနဲ့ အာကာသအတွင်း အင်အားအသုံး ပြု ခြိမ်းခြောက်မှုတို့ကို အစဉ်အမြဲ တားဆီးရန် နိုင်ငံအားလုံး အထူးသဖြင့် အာကာသ စွမ်းရည်ပိုင်ဆိုင်တဲ့ နိုင်ငံ အားလုံးကို တောင်းဆိုကြောင်း” ပြင်ဆင်ချက်တစ်ရပ်ကို အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆိုကို အမေရိကန်က ပယ်ချခဲ့ပါတယ်။

အာကာသအတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်အမျိုးအစား တစ်ခုတည်းကိုသာ မဟုတ် ဘယ်လို လက်နက်မျိုးမဆို နေရာချထားခြင်း မပြုရန် တားမြစ်လိုခြင်းဖြစ်တယ်လို့ ယခုတစ်ကြိမ် မဲခွဲရာမှာ ရုရှားသံအမတ်ကြီးက ပြောပါတယ်။ အဲ့ဒါကိုမှ မကြိူက်ဖူးဆိုရင် ဘယ်လိုဟာမျိုးကို ဖြစ်စေချင်သလဲ၊ ဘာ့ ကြောင့်လဲလို့ ပြန်လည်မေးခွန်း ထုတ်လိုကြောင်း ဆက်လက်မှတ်ချက်ပေးပါတယ်။

ဝါရှင်တန်နဲ့ သူ့ရဲ့ မဟာမိတ်တို့က အာကာသအတွင်း လက်နက်များ ချထားရန် အစီအစဉ်လျှက်ရှိကြောင်း တစ်ချိန်က ကြေညာခဲ့ဖူးတာကို သတိပြုမိမယ်ဆိုရင် ယခုအဆို တင်သွင်းသူ အမေရိကန်နဲ့ ဂျပန်တို့ ရဲ့ လုပ် လုပ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားနိုင်တယ်လို့ ရုရှားသံအမတ်ကြီးက ဆိုပါတယ်။

အာကာသအတွင်း နျူကလီယား ပေါက်ကွဲမှုဖြစ်လာခဲ့ရင် ဘယ်လို ကပ်ဘေးဆိုးကျိုးများဖြစ်လာမယ်ဆို တာကို ကမ္ဘာက စတင်နားလည်နေပြီဖြစ်ကြောင်း ယခုမဲခွဲခြင်း မတိုင်မီ အမေရိကန်သံအမတ်က ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနဲ့ ကုမ္ပဏီများက လုပ်ဆောင်နေတဲ့ ဂြိုလ်တုထောင်ပေါင်းများစွာတို့ဟာ အဲ့ဒီပေါက်ကွဲ မှုကို လုပ်ဆောင်နိုင်ကြောင်း၊ လူသားအားလုံးတို့ မှီခိုနေရတဲ့ အရေးကြီး ဆက်သွယ်ရေးစနစ်များ၊ သိပ္ပံဆိုင်ရာ ပစ္စည်းများ၊ မိုးလေဝသ၊ စိုက်ပျိုးရေး၊ စီးပွားရေးနဲ့အမျိုးသားလုံခြုံရေး ဝန်ဆောင်မှုများကို ပျက်ပြားသွားစေနိုင် တယ်လို့ ဆိုပါတယ်။

စတင် အသက်ဝင် အသုံးပြုနေပြီလို့ အတိအကျ မပြောနိုင်သေးပေမယ့် ရုရှားနိုင်ငံဟာ ဂြိုဟ်တု ဖျက်လက်နက် နဲ့ ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း အိမ်ဖြူတော်က အတည်ပြုပြီး နောက် လွန်ခဲ့တဲ့မတ်လမှာ အမေရိကန်သံအမတ်ကြီးက ဝါရှင်တန်-တိုကျို ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း အာကာသအခြေစိုက် ဆက်သွယ်ရေးစနစ်နဲ့ ဂြိုလ်တုချိတ်ဆက် ဒရုန်းများကို အသုံး ပြုခြင်းအားဖြင့် မျက်မှောက် ခေတ်သစ်စစ်ပွဲမှာ အာကာဟာ ကြီးမားတဲ့ အခန်းကဏ္ဍနေရာက ဥပမာ ဆောင် လာပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းဟာ အရေးကြီး ဝင်ထွက်ဂိတ်ပေါက်ဝကြီးတစ်ခုဖြစ်ပြီး အာကာသအတွင်း ရှိ ဂြိုလ်တုမျာဟာ ကမ္ဘာမြေပေါ်ရှိ စစ်ဘက်ဆိုင်ရာယန္တရား ပစ္စည်းကိရိယာတို့ကို ထောက်ပံချိတ်ဆက်ပေးနိုင်တဲ့ လက်နက်တိုက်ကြီးများအဖြစ် နိုင်ငံတကာ အစိုးရများက ပိုမိုရှုမြင်လာကြပါတယ်။

ရုရှားအနေနဲ့အာကာသထဲအတွင်း နျူကလီယာလက်နက်များ ဖြန့်ကျက်မှုကို ဆန့်ကျင်ကြောင်း ယခုနှစ် စောစောပိုင်းမှာ သမ္မတ ပူတင်က ပြောကြားခဲ့ဖူးပါတယ်၊ မော်စကိုရဲ့ ရပ်တည်ချက်ဟာ ရှင်းရှင်းလင်းလင်းရှိပြီး ပွင့် လင်းမြင်သာကြောင်း၊ အစဉ်တစိုက် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး လက်ရှိအာကာသအတွင်း နျူလက်နက်တွေ ဖြန့်ကျက်လာမှုကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

(Guardian., 25 April 2024,” Russia vetos UN resolution to prevent nuclear arms race in space” ကိုဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အာကာသအတြင္း န်ဴလက္နက္ၿပိဳင္ဆိုင္ျခင္းမျပဳရန္ ကုလလုံၿခဳံေရးေကာင္စီအဆိုကို ႐ုရွား ဗီတိုျဖင့္ ပယ္ခ်
Htay Oung (NP News) - ဧၿပီ ၂၆

အာကာသအတြင္း အႏၲရာယ္အလြန္မ်ားျပားတဲ့ န်ဴကလီးယားလက္နက္ၿပိဳင္ဆိုင္မႈကို တားဆီးရန္ ကမာၻ႔ႏိုင္ငံ အားလုံးကို ေတာင္းဆိုေၾကာင္း ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို ႐ုရွားႏိုင္ငံက ဗီတိုအခြင့္အေရးသုံးၿပီး ပယ္ခ်လိုက္ပါတယ္။ အာကာသအတြင္း န်ဴလက္ နက္မ်ားနဲ႔ပတ္သက္ၿပီး အစုလိုက္အၿပဳံလိုက္ ဖ်က္ဆီးႏိုင္တဲ့ လက္ နက္မ်ားအျဖစ္ ေျပာဆိုေနတဲ့ ႏိုင္ငံမ်ားဟာ ညစ္ပတ္တဲ့အျမင္နဲ႔ ၾကည့္ရႈ႕သူမ်ား သာျဖစ္ေၾကာင္းလည္း ရည္ၫႊန္းလိုက္တယ္လို႔ ဂါးဒီးယန္းသတင္းစာက ယမန္ေန႔ (ဧၿပီလ ၂၆ ရက္)တြင္ ေရးသားပါတယ္။

အေမရိကန္ႏွင့္ ဂ်ပန္တို႔က ဦးေဆာင္တင္သြင္းခဲ့တဲ့ အဲ့ဒီ ဆုံးျဖတ္ခ်က္ဟာ ၁၉၆၇ ခုႏွစ္ ႏိုင္ငံတကာသေဘာ တူစာခ်ဳပ္အရ တားျမစ္ထားၿပီးျဖစ္တဲ့ အာ ကာသအတြင္း န်ဴလီယာလက္နက္မ်ား သို႔မဟုတ္ အျခားေသာ အစုလိုက္ အၿပဳံလိုက္ ဖ်က္ဆီးႏိုင္စြမ္းရွိတဲ့ လက္နက္မ်ားကို ခ်ဲ႕ထြင္ျခင္း သို႔မဟုတ္ အသုံးခ်ျခင္းမျပဳရန္ ႏိုင္ငံအား လုံးတို႔ကို ေတာင္းဆိုခ်က္အျဖစ္ တည္ရွိခဲ့ၿပီးျဖစ္ပါတယ္။

ဒီေန႔ ဗီတိုအာဏာနဲ႔ ပယ္ခ်ခံရတဲ့ကိစၥဟာ အေတာ္ ေမးခြန္းထုတ္စရာ ေကာင္းေၾကာင္း၊ စည္းမ်ဥ္းမ်ားအတိုင္း လိုက္နာေနၾကမယ္ဆိုလွ်င္ ျပန္လည္အတည္ျပဳဖို႔ အဆိုကို မေထာက္ခံႏိုင္စရာ မရွိ ေၾကာင္း၊ ဘာေတြမ်ား ဖုံး ကြယ္ထားတယ္ဆိုတာ မသိႏိုင္ေတာ့ဘူးလို႔ မဲခြဲဆုံးျဖတ္ၿပီးေနာက္ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ ႀကီး လင္ဒါေသာမတ္စ္ဂရင္းဖီးလ္ဒ္က မွတ္ခ်က္ေပးပါတယ္။

ေမာ္စကိုအေနနဲ႔ အာကာသအတြင္း န်ဴကလီယာလက္နက္မ်ားကို ျဖန႔္က်က္ရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း ႐ု ရွားသမၼတ ဗလာဒီမာပူတင္က ေျပာဆိုခဲ့ျခင္းကို အေမရိကန္သံအမတ္ႀကီးက ေစာင္းခ်ိတ္လိုက္ပုံရပါတယ္။

ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီး ဗာဆီလီနီဘန္ဇီယာကေတာ့ ယခု ဆုံးျဖတ္ခ်က္မူၾကမ္း တင္သြင္း ျခင္း ဟာ လုံးဝ အဓိပၸါယ္မဲ့ၿပီး ႏိုင္ငံေရးရည္႐ြယ္ခ်က္ပါရွိတဲ့ လုပ္ရပ္အျဖစ္ ပယ္ခ်လိုက္ပါတယ္။ အာကာသအတြင္း ဘယ္လို လက္နက္အမ်ိဳးအစားအားလုံးကို ပိတ္ပင္မယ္ဆိုတာ အျပည့္အစုံေဖာ္ျပထားျခင္း မရွိဘူးလို႔လည္း ေထာက္ျပခဲ့ပါတယ္။

အၿမဲတန္းအဖြဲ႕ဝင္ ၅ ဦး၊ အလွည့္က်အဖြဲ႕ဝင္ ၁၀ ဦးပါ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဟာ အဲ့ဒီအဆိုကို ၁၃ ႏိုင္ငံက ေထာက္ခံမဲ ေပးခဲ့ၾကပါတယ္။ ႐ုရွားက ကန႔္ကြက္ၿပီး တ႐ုတ္က ၾကားေနခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

႐ုရွားနဲ႔တ႐ုတ္တို႔က “အာကာသအတြင္း လက္နက္မ်ား ေနရာခ်ထားမႈနဲ႔ အာကာသအတြင္း အင္အားအသုံး ျပဳ ၿခိမ္းေျခာက္မႈတို႔ကို အစဥ္အၿမဲ တားဆီးရန္ ႏိုင္ငံအားလုံး အထူးသျဖင့္ အာကာသ စြမ္းရည္ပိုင္ဆိုင္တဲ့ ႏိုင္ငံ အားလုံးကို ေတာင္းဆိုေၾကာင္း” ျပင္ဆင္ခ်က္တစ္ရပ္ကို အဆိုျပဳခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲ့ဒီအဆိုကို အေမရိကန္က ပယ္ခ်ခဲ့ပါတယ္။

အာကာသအတြင္း အစုလိုက္အၿပဳံလိုက္ ဖ်က္ဆီးႏိုင္တဲ့ လက္နက္အမ်ိဳးအစား တစ္ခုတည္းကိုသာ မဟုတ္ ဘယ္လို လက္နက္မ်ိဳးမဆို ေနရာခ်ထားျခင္း မျပဳရန္ တားျမစ္လိုျခင္းျဖစ္တယ္လို႔ ယခုတစ္ႀကိမ္ မဲခြဲရာမွာ ႐ုရွားသံအမတ္ႀကီးက ေျပာပါတယ္။ အဲ့ဒါကိုမွ မႀကိဴက္ဖူးဆိုရင္ ဘယ္လိုဟာမ်ိဳးကို ျဖစ္ေစခ်င္သလဲ၊ ဘာ့ ေၾကာင့္လဲလို႔ ျပန္လည္ေမးခြန္း ထုတ္လိုေၾကာင္း ဆက္လက္မွတ္ခ်က္ေပးပါတယ္။

ဝါရွင္တန္နဲ႔ သူ႔ရဲ႕ မဟာမိတ္တို႔က အာကာသအတြင္း လက္နက္မ်ား ခ်ထားရန္ အစီအစဥ္လွ်က္ရွိေၾကာင္း တစ္ခ်ိန္က ေၾကညာခဲ့ဖူးတာကို သတိျပဳမိမယ္ဆိုရင္ ယခုအဆို တင္သြင္းသူ အေမရိကန္နဲ႔ ဂ်ပန္တို႔ ရဲ႕ လုပ္ လုပ္နဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းျဖစ္သြားႏိုင္တယ္လို႔ ႐ုရွားသံအမတ္ႀကီးက ဆိုပါတယ္။

အာကာသအတြင္း န်ဴကလီယား ေပါက္ကြဲမႈျဖစ္လာခဲ့ရင္ ဘယ္လို ကပ္ေဘးဆိုးက်ိဳးမ်ားျဖစ္လာမယ္ဆို တာကို ကမာၻက စတင္နားလည္ေနၿပီျဖစ္ေၾကာင္း ယခုမဲခြဲျခင္း မတိုင္မီ အေမရိကန္သံအမတ္က ေျပာပါတယ္။

ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံမ်ားနဲ႔ ကုမၸဏီမ်ားက လုပ္ေဆာင္ေနတဲ့ ၿဂိဳလ္တုေထာင္ေပါင္းမ်ားစြာတို႔ဟာ အဲ့ဒီေပါက္ကြဲ မႈကို လုပ္ေဆာင္ႏိုင္ေၾကာင္း၊ လူသားအားလုံးတို႔ မွီခိုေနရတဲ့ အေရးႀကီး ဆက္သြယ္ေရးစနစ္မ်ား၊ သိပၸံဆိုင္ရာ ပစၥည္းမ်ား၊ မိုးေလဝသ၊ စိုက္ပ်ိဳးေရး၊ စီးပြားေရးနဲ႔အမ်ိဳးသားလုံၿခဳံေရး ဝန္ေဆာင္မႈမ်ားကို ပ်က္ျပားသြားေစႏိုင္ တယ္လို႔ ဆိုပါတယ္။

စတင္ အသက္ဝင္ အသုံးျပဳေနၿပီလို႔ အတိအက် မေျပာႏိုင္ေသးေပမယ့္ ႐ုရွားႏိုင္ငံဟာ ၿဂိဳဟ္တု ဖ်က္လက္နက္ နဲ႔ ပတ္သတ္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ စြမ္းရည္ကို ပိုင္ဆိုင္ထားေၾကာင္း အိမ္ျဖဴေတာ္က အတည္ျပဳၿပီး ေနာက္ လြန္ခဲ့တဲ့မတ္လမွာ အေမရိကန္သံအမတ္ႀကီးက ဝါရွင္တန္-တိုက်ိဳ ဆုံးျဖတ္ခ်က္ကို ေၾကညာခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲအတြင္း အာကာသအေျခစိုက္ ဆက္သြယ္ေရးစနစ္နဲ႔ ၿဂိဳလ္တုခ်ိတ္ဆက္ ဒ႐ုန္းမ်ားကို အသုံး ျပဳျခင္းအားျဖင့္ မ်က္ေမွာက္ ေခတ္သစ္စစ္ပြဲမွာ အာကာဟာ ႀကီးမားတဲ့ အခန္းက႑ေနရာက ဥပမာ ေဆာင္ လာပါတယ္။ ကမာၻပတ္လမ္းေၾကာင္းဟာ အေရးႀကီး ဝင္ထြက္ဂိတ္ေပါက္ဝႀကီးတစ္ခုျဖစ္ၿပီး အာကာသအတြင္း ရွိ ၿဂိဳလ္တုမ်ာဟာ ကမာၻေျမေပၚရွိ စစ္ဘက္ဆိုင္ရာယႏၲရား ပစၥည္းကိရိယာတို႔ကို ေထာက္ပံခ်ိတ္ဆက္ေပးႏိုင္တဲ့ လက္နက္တိုက္ႀကီးမ်ားအျဖစ္ ႏိုင္ငံတကာ အစိုးရမ်ားက ပိုမိုရႈျမင္လာၾကပါတယ္။

႐ုရွားအေနနဲ႔အာကာသထဲအတြင္း န်ဴကလီယာလက္နက္မ်ား ျဖန႔္က်က္မႈကို ဆန႔္က်င္ေၾကာင္း ယခုႏွစ္ ေစာေစာပိုင္းမွာ သမၼတ ပူတင္က ေျပာၾကားခဲ့ဖူးပါတယ္၊ ေမာ္စကိုရဲ႕ ရပ္တည္ခ်က္ဟာ ရွင္းရွင္းလင္းလင္းရွိၿပီး ပြင့္ လင္းျမင္သာေၾကာင္း၊ အစဥ္တစိုက္ ျပင္းျပင္းထန္ထန္ ဆန႔္က်င္ခဲ့ၿပီး လက္ရွိအာကာသအတြင္း န်ဴလက္နက္ေတြ ျဖန႔္က်က္လာမႈကို ဆန႔္က်င္တယ္လို႔ ဆိုပါတယ္။

(Guardian., 25 April 2024,” Russia vetos UN resolution to prevent nuclear arms race in space” ကိုဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.