အမေရိကန်မှာ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေ ပိုမိုကြီးထွားလာနေ

 553

Pika (NP News) - ဧပြီ ၂၆

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများသည် ဧပြီလ(၂၅)ရက်မှာ ကောလိပ်ကျောင်းများ အထိ ပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က ဖြိုခွင်းမှုများ ရှိနေသော်လည်း ယခုကဲ့သို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

အဓိကရုဏ်းနှိမ်နှင်းရေး အရာရှိများသည် တက္ကသိုလ်တစ်ခုရှိ ဆန္ဒပြသူလူအုပ်ကြီးကို ဖြိုခွင်းရန်အတွက် ဓါတု ပစ္စည်းများ နှင့် tasers (ရှော့တိုက်သေနတ်) များကို အသုံးပြုခဲ့ကြောင်းလည်း သိရသည်။ ဆန္ဒပြသူများသည် ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော အစ္စရေး-ဟားမက်စစ်ပွဲကို အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလီမြို့ တက္ကသိုလ်တစ်ခုရှိ ဆန္ဒပြပွဲကို စီစဉ်သူများက “အစ္စရေးက ပါလက်စတိုင်းလူမျိုး(၃)သောင်းကျော်ကို သတ်ဖြတ်နေတာကို ကမ္ဘာကြီးက ရက်ပေါင်း(၂၀၁)ရက်ကြာအောင် တိတ်တဆိတ်ပဲ ကြည့်နေခဲ့တာပါ” ဟု ပြောခဲ့သည်။

ဧပြီလ(၂၄)ရက် နှင့် (၂၅)ရက် အစောပိုင်းတွင် လော့စ်အိန်ဂျလီမြို့၊ဘော်စတွန်နှင့် အော်စတင်မြို့တို့ရှိ တက္ကသိုလ် များတွင် ပါလက်စတိုင်းလိုလားသောဆန္ဒပြသူ(၂၀၀)ကျော် ဖမ်းဆီးခံရပြီးနောက် လူပေါင်း(၂)ထောင်ဝန်းကျင် သည် ဧပြီလ(၂၅)ရက်တွင် ထပ်မံစုဝေးမှုများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အတ္တလန်တာမြို့ရှိ Emory ကောလိပ်တွင် ရဲတပ်ဖွဲ့များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေ သည်ကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်ရှိ ကျောင်းသားများတည်ဆောက်ထားသည့်စခန်းတစ်ခုကို ရဲဌာနက ရှင်းလင်းခဲ့ပြီးနောက် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများ ပိုမိုပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
အေမရိကန္မွာ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပပြဲေတြ ပိုမိုႀကီးထြားလာေန
Pika (NP News) - ဧၿပီ ၂၆

အေမရိကန္ႏိုင္ငံတြင္ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပပြဲမ်ားသည္ ဧၿပီလ(၂၅)ရက္မွာ ေကာလိပ္ေက်ာင္းမ်ား အထိ ပ်ံ႕ႏွံ႔သြားခဲ့ေၾကာင္း သိရသည္။ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပပြဲမ်ားကို ရဲတပ္ဖြဲ႕က ၿဖိဳခြင္းမႈမ်ား ရွိေနေသာ္လည္း ယခုကဲ့သို႔ ပ်ံ႕ႏွံ႔သြားခဲ့ျခင္းျဖစ္သည္။

အဓိက႐ုဏ္းႏွိမ္ႏွင္းေရး အရာရွိမ်ားသည္ တကၠသိုလ္တစ္ခုရွိ ဆႏၵျပသူလူအုပ္ႀကီးကို ၿဖိဳခြင္းရန္အတြက္ ဓါတု ပစၥည္းမ်ား ႏွင့္ tasers (ေရွာ့တိုက္ေသနတ္) မ်ားကို အသုံးျပဳခဲ့ေၾကာင္းလည္း သိရသည္။ ဆႏၵျပသူမ်ားသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ျဖစ္ပြားေနေသာ အစၥေရး-ဟားမက္စစ္ပြဲကို အပစ္အခတ္ရပ္စဲရန္ ေတာင္းဆိုခဲ့ၾက ေၾကာင္း သိရသည္။

ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လီၿမိဳ႕ တကၠသိုလ္တစ္ခုရွိ ဆႏၵျပပြဲကို စီစဥ္သူမ်ားက “အစၥေရးက ပါလက္စတိုင္းလူမ်ိဳး(၃)ေသာင္းေက်ာ္ကို သတ္ျဖတ္ေနတာကို ကမာၻႀကီးက ရက္ေပါင္း(၂၀၁)ရက္ၾကာေအာင္ တိတ္တဆိတ္ပဲ ၾကည့္ေနခဲ့တာပါ” ဟု ေျပာခဲ့သည္။

ဧၿပီလ(၂၄)ရက္ ႏွင့္ (၂၅)ရက္ အေစာပိုင္းတြင္ ေလာ့စ္အိန္ဂ်လီၿမိဳ႕၊ေဘာ္စတြန္ႏွင့္ ေအာ္စတင္ၿမိဳ႕တို႔ရွိ တကၠသိုလ္ မ်ားတြင္ ပါလက္စတိုင္းလိုလားေသာဆႏၵျပသူ(၂၀၀)ေက်ာ္ ဖမ္းဆီးခံရၿပီးေနာက္ လူေပါင္း(၂)ေထာင္ဝန္းက်င္ သည္ ဧၿပီလ(၂၅)ရက္တြင္ ထပ္မံစုေဝးမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

အတၱလန္တာၿမိဳ႕ရွိ Emory ေကာလိပ္တြင္ ရဲတပ္ဖြဲ႕မ်ားႏွင့္ ဆႏၵျပသူမ်ားၾကား ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားေန သည္ကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဓါတ္ပုံမ်ားတြင္ ေတြ႕ျမင္ခဲ့ရသည္။ နယူးေယာက္ၿမိဳ႕ ကိုလံဘီယာ တကၠသိုလ္ရွိ ေက်ာင္းသားမ်ားတည္ေဆာက္ထားသည့္စခန္းတစ္ခုကို ရဲဌာနက ရွင္းလင္းခဲ့ၿပီးေနာက္ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပပြဲမ်ား ပိုမိုပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.