ရခိုင်ရှိ မြို့နယ် ၃ မြို့နယ်က အကျဉ်းထောင်နှင့် အချုပ်ခန်းများကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်စစ်ဆေး ရေးအဖွဲ့မှ လိုက်လံစစ်ဆေး

 759

NP News - မေ ၂၈
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ မြို့နယ်ဖြစ်သော စစ်တွေအကျဉ်းထောင်နှင့် စစ်တွေမြို့မရဲစခန်း အချုပ်ခန်းများ၊ သံတွဲအကျဉ်းထောင်နှင့် သံတွဲမြို့နယ် မြို့မရဲစခန်း၊ ဂျိတ္တောနယ်မြေရဲစခန်းအချုပ်ခန်းများ၊ ကျောက်ဖြူ အကျဉ်း ထောင်နှင့် ကျောက်ဖြူမြို့မ ရဲစခန်း/အချုပ်ခန်းများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကြည်ရှုစစ်ဆေးရေးအဖွဲ့များမှ လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယခု မေလအတွင်းတွင် ရခိုင်ပြည်နယ်တွင်းရှိ အကျဉ်းထောင်များနှင့် ရဲစခန်းအချုပ်ခန်းများကို သွားရောက် ကြည့်ရှုခဲ့ကြောင်း ယနေ့ မေလ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်းသားတစ်ဦးဆီ၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက် အခဲရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းများ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပ စ္စည်းများ ရ/ မရ၊ ညှင်းပန်းနှိပ်စက်ခြင်း ရှိ/မရှိ တို့နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမြို့မြို့အနယ်နယ်က ပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တချို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်း ကို ခံခဲ့ကြရသည်။ တချို့ဖမ်းဆီးခံထားရသူများသည် မိသားစုများနှင့်အဆက်အသွယ် မရသည့်အပြင် တချို့ဆို လျှင် အသက်သေဆုံးသည်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ပြည်သူများစွာ အသက်အိုးအိမ်ဆုံးရှုံးနေကြရပြီး ပြည်တွင်းစစ်အသွင် ဖြစ်ပေါ်လျက်ရှိသည်။
#NPNews

Related news

© 2021. All rights reserved.