KIA အနေဖြင့် ဖေဖော်ဝါရီလ မတိုင်ခင်ကတည်းက တပ်မတော်ကိုတိုက်ခိုက်မှုများရှိသည့်အတွက် ၎င်း ၏အကြမ်းဖက်လုပ်ရပ်ကို ဝိုင်းဝန်းဆန့်ကျင့်ရန် စစ်ကောင်စီတိုက်တွန်းနေ

 689

ရဲပြည့် (NP News) - မေ ၃၁

KIA သည် ဖေဖော်ဝါရီလ မတိုင်ခင်ကတည်းက တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်မှုများရှိပြီး မတ်လတွင် နယ်မြေဒေသနှင့်တရားဥပဒေစိုးမိုးရေးတည်ဆောက်နေသည့် ရဲတပ်တပ်ဖွဲ့ဝင်များအား စ တင်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်လာကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ ၃၁ ရက်ကပြောသည်။

“တပ်မတော်အနေနဲ့ ကချင်ပြည်နယ်ဘက်မှာ လိုအပ်တဲ့လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများတိုးမြှင့်လုပ် ဆောင်လျက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ ၎င်းတို့ရဲ့အကြမ်းဖက်လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင့် ကြပါလို့ ပြောကြားလိုပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် KIA အနေဖြင့် ဒေသခံပြည်သူများသုံးစွဲရန် စက်သုံးဆီတင်ဆောင်လာသည့် ယာဉ်များအား တိုက်ခိုက်ခြင်းသည် ပြည်သူများ၏လမ်းပန်းဆက်သွယ်ရေးအားဖျက်စီးခြင်းဖြစ်ပြီး အဆိုပါဒေသ၏ ကုန်ဈေးနှုန်းကို ထိခိုက်စေကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါဒေသရှိ ပြည်သူများသည် နေအိမ်စွန့်ခွာထွက်ပြေးနေရကာ အ စားအသောက်နှင့် နေထိုင်ရန်အခက်အခဲများအပြင် ကျန်းမားရေးအတွက်ပါ အကူအညီများ လိုအပ် လျက်ရှိသည်။

Related news

© 2021. All rights reserved.