တရုတ်နှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေးဆိုးရွားခြင်းအပေါ် အမေရိကန်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

 826

ဂျန်ဇက် (NP News) - ဧပြီ ၂၆

တရုတ်အစိုးရသည် အမေရိကန် နှင့် တရုတ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေး ဆိုးရွားလာနေခြင်းနှင့်ပတ်သက် ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း သတိပေးပြောဆိုလိုက် သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဧပြီ ၂၆ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံကြား အမြင်မတူသဘောထားကွဲလွဲမှုများမြင့်တက်နေခြင်းကို အလျင်မြန်ဖြေရှင်းရန် တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ထိုင်ဝမ်အရေး၊ ရုရှားစစ်ပွဲအပြင် အပြန်အလှန်ကုန်သွယ်ရေးကိစ္စများနှင့် ပတ်သက်ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက "လက်ရှိအချိန်မှာ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ အနုတ်လက္ခဏဆောင်တဲ့အခြေအနေမျိုး တွေ ပိုမိုတိုးမြှင့်လာနေတယ်။ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ ဘက်ပေါင်းစုံမှာ ဆုတ်ယုတ်မှုတွေရှိလာနေတယ်။ တရုတ်နိုင်ငံရဲ့တရားဝင်အခွင့်ရေးဟာ ဖိနှိပ်ခံရသလိုမျိုးဖြစ်လာနေပြီး နိုင်ငံအကျိုးစီးပွားတွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်" ဟု ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့သည် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထိပ်သီး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်နှစ်နီးပါးအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ကာ တရုတ်အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "သမ္မတနှစ်ဦးကြားသဘောတူညီခဲ့တဲ့အရာတွေကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်။ နှစ်နိုင်ငံကြား သဘောထားအမြင်ကွဲလွဲမှုနေတဲ့အရာတွေကို ပွင့်လင်း မြင်သာစွာတိုက်ရိုက်ဆွေးနွေးရမယ်။ အဲဒီလိုမျိုးဆွေးနွေးမယ်ဆိုရင် နှစ်နိုင်ငံကြား အပြန်အလှန်တွက်ချက်မှု မှားယွင်းတာနဲ့ နားလည်မှုလွဲမှားတာတွေကို ရှောင်ရှားဖြေရှင်းနိုင်မယ်။
တရုတ်နဲ့ အမေရိကန်နိုင်ငံကြား အမြင်မတူ သဘောထားကွဲလွဲမှုတွေကို တိုက်ရိုက်ဖြေရှင်းပြီး တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်ဆိုရင် နှစ်နိုင်ငံ စလုံးရဲ့ပြည်သူတွေသာမက တစ်ကမ္ဘာလုံးက ပြည်သူတွေအကျိုးကျေးဇူးများစွာဖြစ်လာနိုင်တယ်" ဟု ပြောသည်။

Zawgyi Version;
တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးဆိုး႐ြားျခင္းအေပၚ အေမရိကန္အစိုးရကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆

တ႐ုတ္အစိုးရသည္ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရး ဆိုး႐ြားလာေနျခင္းႏွင့္ပတ္သက္ ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း သတိေပးေျပာဆိုလိုက္ သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိသည္ ဧၿပီ ၂၆ ရက္တြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံေဆြးေႏြး ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား အျမင္မတူသေဘာထားကြဲလြဲမႈမ်ားျမင့္တက္ေနျခင္းကို အလ်င္ျမန္ေျဖရွင္းရန္ တိုက္တြန္း ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ထိုင္ဝမ္အေရး၊ ႐ုရွားစစ္ပြဲအျပင္ အျပန္အလွန္ကုန္သြယ္ေရးကိစၥမ်ားႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း သေဘာထားကြဲလြဲမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီး ဝမ္ယိက "လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးဟာ အႏုတ္လကၡဏေဆာင္တဲ့အေျခအေနမ်ိဳး ေတြ ပိုမိုတိုးျမႇင့္လာေနတယ္။ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးဟာ ဘက္ေပါင္းစုံမွာ ဆုတ္ယုတ္မႈေတြရွိလာေနတယ္။ တ႐ုတ္ႏိုင္ငံရဲ႕တရားဝင္အခြင့္ေရးဟာ ဖိႏွိပ္ခံရသလိုမ်ိဳးျဖစ္လာေနၿပီး ႏိုင္ငံအက်ိဳးစီးပြားေတြဟာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္" ဟု ေျပာသည္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္တို႔သည္ ၂ဝ၂၃ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ထိပ္သီး ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ တစ္ႏွစ္နီးပါးအတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္ကာ တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "သမၼတႏွစ္ဦးၾကားသေဘာတူညီခဲ့တဲ့အရာေတြကို ပိုမိုတိုးတက္လာေအာင္ လုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ထားတယ္။ ႏွစ္ႏိုင္ငံၾကား သေဘာထားအျမင္ကြဲလြဲမႈေနတဲ့အရာေတြကို ပြင့္လင္း ျမင္သာစြာတိုက္႐ိုက္ေဆြးေႏြးရမယ္။ အဲဒီလိုမ်ိဳးေဆြးေႏြးမယ္ဆိုရင္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္တြက္ခ်က္မႈ မွားယြင္းတာနဲ႔ နားလည္မႈလြဲမွားတာေတြကို ေရွာင္ရွားေျဖရွင္းႏိုင္မယ္။
တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား အျမင္မတူ သေဘာထားကြဲလြဲမႈေတြကို တိုက္႐ိုက္ေျဖရွင္းၿပီး တိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ စလုံးရဲ႕ျပည္သူေတြသာမက တစ္ကမာၻလုံးက ျပည္သူေတြအက်ိဳးေက်းဇူးမ်ားစြာျဖစ္လာႏိုင္တယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.