မြို့နယ်အချို့တွင် စားအုန်းဆီ ဈေးတင်ရောင်းချသူများရှိနေပြီး ၎င်းတို့ကို ထိရောက်စွာ အရေးယူသွားမည်

 772

ယွန်း (NP News) - ဧပြီ ၂၆

မြို့နယ်အချို့တွင် စားအုန်းဆီ ဈေးတင်ရောင်းချသူများရှိနေပြီး ၎င်းတို့ကို ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းအသိပေးထားခြင်းဖြစ်သည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားသုံးဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်း လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျှက်ရှိရာ အချို့သောမြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာဖြင့် ရောင်းချမှုများရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်၌ စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဧပြီ(၂၂)ရက် မှ (၂၈)ရက်အထိ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၃၄၀ ကျပ်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာထားသည်။

ယခင်က နှစ်စဥ်ပြည်ပမှ စားအုန်းဆီတန်ချိန်(၅၀၀၀၀) ခန့်တင်သွင်းလျက်ရှိရာ လက်ရှိတွင် တန်ချိန်(၇၀၀၀၀) ကျော်အထိတိုး၍ တင်သွင်းလျှက်ရှိပြီး လက်လီလက်ကားရောင်းချသည့် ကုန်သည်များအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေး‌အပေါ်၌ အသားတင်စရိတ်ပေါင်း၍ အမြတ်(၂)ရာခိုင်နှုန်းဖြင့်သာ ရောင်းချရန် ဆီလုပ်ငန်းရှင်များ အသင်းက အသိပေးထားပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း(၆၀၀) ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲမှုများပြားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဥ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး နှစ်စဥ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့်တင်သွင်းနေ ရ၍ စားသုံးဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ၿမိဳ႕နယ္အခ်ိဳ႕တြင္ စားအုန္းဆီ ေဈးတင္ေရာင္းခ်သူမ်ားရွိေနၿပီး ၎တို႔ကို ထိေရာက္စြာ အေရးယူသြားမည္
ယြန္း (NP News) - ဧၿပီ ၂၆

ၿမိဳ႕နယ္အခ်ိဳ႕တြင္ စားအုန္းဆီ ေဈးတင္ေရာင္းခ်သူမ်ားရွိေနၿပီး ၎တို႔ကို ထိေရာက္စြာအေရးယူသြားမည္ျဖစ္ ေၾကာင္း စားသုံးသူေရးရာဦးစီးဌာနက ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္အရ သိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းအသိေပးထားျခင္းျဖစ္သည္။

စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရး ေကာ္မတီအေနျဖင့္ ကမာၻ႔ေဈးႏႈန္းျဖစ္ေပၚ ေျပာင္းလဲမႈႏွင့္အညီ ျပည္တြင္း၌ ျဖစ္သင့္ျဖစ္ထိုက္သည့္ စားသုံးဆီေဈးႏႈန္းမ်ား ျဖစ္ေပၚေစေရးကို ထိန္းေက်ာင္း လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္တြင္းေဈးကြက္၌ ေရာင္းဝယ္ေဖာက္ကားရမည့္ ရန္ကုန္အထိုင္ေဈး အေျခခံလက္ကား ရည္ၫႊန္း ေဈးႏႈန္းကို ထုတ္ျပန္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္လွ်က္ရွိရာ အခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ စားအုန္းဆီျဖန႔္ျဖဴးေရာင္းခ်သူအခ်ိဳ႕သည္ အဆိုပါ သတ္မွတ္ရည္ၫႊန္းေဈးအေပၚ ျဖစ္သင့္ျဖစ္ထိုက္သည့္ သယ္ယူပို႔ေဆာင္မႈစရိတ္မ်ားအျပင္ အျမတ္ရာခိုင္ႏႈန္း ျမင့္မားစြာျဖင့္ ေရာင္းခ်မႈမ်ားရွိေနေၾကာင္း စားသုံးသူေရးရာဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ျပည္တြင္းေဈးကြက္၌ စားအုန္းဆီမ်ားကို ဝိသမေလာဘျဖင့္ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစား ရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္း အပါအဝင္ မသမာသည့္လုပ္ေဆာင္မႈမ်ား ျပဳလုပ္ပါက အေရးႀကီးကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ကမာၻ႔စားအုန္းဆီ ထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံမ်ားတြင္ ေဈးကြက္ႏွင့္ေဈးႏႈန္းျဖစ္ေပၚမႈမ်ားအရ ဧၿပီ(၂၂)ရက္ မွ (၂၈)ရက္အထိ စားအုန္းဆီ အေျခခံ လက္ကားရည္ၫႊန္းေဈးႏႈန္းမွာ တစ္ပိႆာလွ်င္ ၅၃၄၀ က်ပ္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက ေၾကညာထားသည္။

ယခင္က ႏွစ္စဥ္ျပည္ပမွ စားအုန္းဆီတန္ခ်ိန္(၅၀၀၀၀) ခန႔္တင္သြင္းလ်က္ရွိရာ လက္ရွိတြင္ တန္ခ်ိန္(၇၀၀၀၀) ေက်ာ္အထိတိုး၍ တင္သြင္းလွ်က္ရွိၿပီး လက္လီလက္ကားေရာင္းခ်သည့္ ကုန္သည္မ်ားအေနျဖင့္ သတ္မွတ္ ရည္ၫႊန္းေဈး‌အေပၚ၌ အသားတင္စရိတ္ေပါင္း၍ အျမတ္(၂)ရာခိုင္ႏႈန္းျဖင့္သာ ေရာင္းခ်ရန္ ဆီလုပ္ငန္းရွင္မ်ား အသင္းက အသိေပးထားၿပီးျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းလိုအပ္သည့္ စားသုံးဆီမ်ားကို ျပည္ပမွႏွစ္စဥ္ အေမရိကန္ေဒၚလာသန္း(၆၀၀) ေက်ာ္ဖိုးခန႔္ တင္သြင္းေနရၿပီး ႏိုင္ငံျခား ေငြသုံးစြဲမႈမ်ားျပားလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္(၁၂)သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ ကိုးသိန္းခန႔္တင္သြင္းေန ရ၍ စားသုံးဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔မွ အမ်ားဆုံးတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.