ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေးဆိပ်ခံတံတားကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ပင်တဂွန် ပြော

 562

Pika (NP News) - ဧပြီ ၂၆

အမေရိကန်စစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ မှုကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် ဆိပ်ခံတံတားတစ်ခုကို ဂါဇာအနီးတွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ဧပြီလ(၂၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်သော အမြောက်ကျည်ဆန်သည် ဆိပ်ခံတံတား တည်ဆောက်မှုအနီးတွင် ကျရောက်သွားခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းတိုက်ခိုက်မှုမှာ အဆိုပါဧရိယာအတွင်းရှိ အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်၏ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဆိပ်ခံတံတားတည်ဆောက်မှုကို နှောင့်နှေးစေမည်မဟုတ်ကြောင်းနှင့် တည်ဆောက်မှုမှာ လာမည့်လတွင် အပြီးသတ်ရန် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူအမျိုးသား ဗိုလ်ချုပ်ကြီးပတ်ရိုက်ဒါက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်က တည်ဆောက်နေသည့် လမ်းနှင့်ဆိပ်ခံတံတားသည် ဟားမက်လက်နက်ကိုင်အဖွဲ့၏ အမြောက်ကျည်ဆန်များ ရောက်ရှိနိုင်သည့် အကွာအဝေးအပြင်ဘက်တွင် ကောင်းမွန်စွာတည်ရှိနေကြောင်း ပတ်ရိုက်ဒါက ပြောကြားခဲ့သည်။ ပက်ရိုက်ဒါက "အမေရိကန်စစ်သင်္ဘောတွေဟာ ပင်လယ်ပြင်မှာ ယာယီဆိပ်ခံ တံတားနဲ့ လမ်းကြောင်းအတွက် အစောပိုင်းအဆင့်တွေကို စတင်တည်ဆောက်နေပြီဆိုတာ ကျွန်တော် အတည်ပြု နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသအတြက္ အကူအညီေပးေရးဆိပ္ခံတံတားကို စတင္တည္ေဆာက္ေနၿပီျဖစ္ေၾကာင္း ပင္တဂြန္ ေျပာ
Pika (NP News) - ဧၿပီ ၂၆

အေမရိကန္စစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသသို႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးပို႔ မႈကို ပိုမိုျမႇင့္တင္ႏိုင္ရန္အတြက္ ဆိပ္ခံတံတားတစ္ခုကို ဂါဇာအနီးတြင္ စတင္တည္ေဆာက္ေနၿပီျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ဧၿပီလ(၂၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔အျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ပစ္လႊတ္လိုက္ေသာ အေျမာက္က်ည္ဆန္သည္ ဆိပ္ခံတံတား တည္ေဆာက္မႈအနီးတြင္ က်ေရာက္သြားခဲ့ေၾကာင္း အေမရိကန္စစ္တပ္က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ယင္းတိုက္ခိုက္မႈမွာ အဆိုပါဧရိယာအတြင္းရွိ အစၥေရးတပ္ဖြဲ႕မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္း ျဖစ္ၿပီး အေမရိကန္၏ပိုင္ဆိုင္မႈမ်ား ထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း အေမရိကန္စစ္တပ္က ေျပာၾကားခဲ့သည္။ အဆိုပါတိုက္ခိုက္မႈသည္ ဆိပ္ခံတံတားတည္ေဆာက္မႈကို ေႏွာင့္ေႏွးေစမည္မဟုတ္ေၾကာင္းႏွင့္ တည္ေဆာက္မႈမွာ လာမည့္လတြင္ အၿပီးသတ္ရန္ လမ္းေၾကာင္းေပၚတြင္ ရွိေနဆဲျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ ေျပာေရး ဆိုခြင့္ရွိသူအမ်ိဳးသား ဗိုလ္ခ်ဳပ္ႀကီးပတ္႐ိုက္ဒါက ေျပာၾကားခဲ့သည္။

အေမရိကန္စစ္တပ္က တည္ေဆာက္ေနသည့္ လမ္းႏွင့္ဆိပ္ခံတံတားသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ အေျမာက္က်ည္ဆန္မ်ား ေရာက္ရွိႏိုင္သည့္ အကြာအေဝးအျပင္ဘက္တြင္ ေကာင္းမြန္စြာတည္ရွိေနေၾကာင္း ပတ္႐ိုက္ဒါက ေျပာၾကားခဲ့သည္။ ပက္႐ိုက္ဒါက "အေမရိကန္စစ္သေဘၤာေတြဟာ ပင္လယ္ျပင္မွာ ယာယီဆိပ္ခံ တံတားနဲ႔ လမ္းေၾကာင္းအတြက္ အေစာပိုင္းအဆင့္ေတြကို စတင္တည္ေဆာက္ေနၿပီဆိုတာ ကြၽန္ေတာ္ အတည္ျပဳ ႏိုင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.