မော်ဒယ်လ်၊ ဆိုရှယ် အင်ဖလူရန်ဆာ၊ ကင်ကာဒါရှန် အမေရိကန်ဒုတိယသမ္မတ ကင်မလာဟာရစ်နဲ့ တွေ့ဆုံ

 938

ရောင်နီ (NP News) - ဧပြီ ၂၆

အမေရိကန်မော်ဒယ်လ် ဆိုရှယ် အင်ဖလူရန်ဆာ ကင်ကာဒါရှန်ကို အမေရိကန်ဒုတိယသမ္မတ ကင်မလာဟာရစ်က တရားမျှတရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု (criminal justice reform) အတွက် ဆွေးနွေးဖို့ ဧပြီလ ၂၅ ရက်က အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ပါတယ်။

ကာဒါရှန်ကလည်း အိမ်ဖြူတော်ကို တက်ရောက်တဲ့အကြောင်း အိမ်ဖြူတော်အပြင်ဘက် မြက်ခင်းပြင်မှာ ရိုက်ကူး ထားတဲ့ ဆဲလ်ဖီဓာတ်ပုံကို ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း caption နဲ့ အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုဟာ အင်စတာဂရမ်မှာ Follower ၃၆၃ သန်းရှိတဲ့ ကာဒါရှန်ရဲ့ကျော်ကြားမှုနဲ့ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေး လှုံ့ဆော်မှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာဒါရှန်ဟာ ထရန့် အုပ်ချုပ်ရေးကာလအတွင်းကလည်း အိမ်ဖြူတော်ကို ပုံမှန်ရောက်ရှိလေ့ရှိသူဖြစ်ပြီး ရာဇ၀တ်မှု၊ တရားမျှတမှုဆိုင်ရာကိစ္စရပ်တွေမှာ သူမရဲ့နာမည်ကျော်ကြားမှုကို အသုံးပြုပြီး စွမ်းစွမ်းတမံဆောင်ရွက် လေ့ရှိပါတယ်။
ဒါ့အပြင် ကာဒါရှန်ဟာ ရှေ့နေတစ်ယောက်ဖြစ်ဖို့အတွက်လည်း ကျောင်းတက်ကြိုးစားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် အခြားစီးပွားရေး လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် လက်ရှိတော့ ရှေ့နေအိမ်မက်ကို ခဏဆိုင်းငံ့ ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ေမာ္ဒယ္လ္၊ ဆိုရွယ္ အင္ဖလူရန္ဆာ၊ ကင္ကာဒါရွန္ အေမရိကန္ဒုတိယသမၼတ ကင္မလာဟာရစ္နဲ႔ ေတြ႕ဆုံ
ေရာင္နီ (NP News) - ဧၿပီ ၂၆

အေမရိကန္ေမာ္ဒယ္လ္ ဆိုရွယ္ အင္ဖလူရန္ဆာ ကင္ကာဒါရွန္ကို အေမရိကန္ဒုတိယသမၼတ ကင္မလာဟာရစ္က တရားမွ်တေရးဆိုင္ရာျပဳျပင္ေျပာင္းလဲမႈ (criminal justice reform) အတြက္ ေဆြးေႏြးဖို႔ ဧၿပီလ ၂၅ ရက္က အိမ္ျဖဴေတာ္ကို ဖိတ္ၾကားခဲ့ပါတယ္။

ကာဒါရွန္ကလည္း အိမ္ျဖဴေတာ္ကို တက္ေရာက္တဲ့အေၾကာင္း အိမ္ျဖဴေတာ္အျပင္ဘက္ ျမက္ခင္းျပင္မွာ ႐ိုက္ကူး ထားတဲ့ ဆဲလ္ဖီဓာတ္ပုံကို ဖိတ္ၾကားမႈအတြက္ ေက်းဇူးတင္ေၾကာင္း caption နဲ႔ အင္စတာဂရမ္မွာ မွ်ေဝခဲ့ပါတယ္။ ဒီေတြ႕ဆုံေဆြးေႏြးမႈဟာ အင္စတာဂရမ္မွာ Follower ၃၆၃ သန္းရွိတဲ့ ကာဒါရွန္ရဲ႕ေက်ာ္ၾကားမႈနဲ႔ပူးေပါင္းၿပီး ျပဳျပင္ေျပာင္းလဲေရး လႈံ႕ေဆာ္မႈေတြ ျပဳလုပ္သြားဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ကာဒါရွန္ဟာ ထရန္႔ အုပ္ခ်ဳပ္ေရးကာလအတြင္းကလည္း အိမ္ျဖဴေတာ္ကို ပုံမွန္ေရာက္ရွိေလ့ရွိသူျဖစ္ၿပီး ရာဇ၀တ္မႈ၊ တရားမွ်တမႈဆိုင္ရာကိစၥရပ္ေတြမွာ သူမရဲ႕နာမည္ေက်ာ္ၾကားမႈကို အသုံးျပဳၿပီး စြမ္းစြမ္းတမံေဆာင္႐ြက္ ေလ့ရွိပါတယ္။
ဒါ့အျပင္ ကာဒါရွန္ဟာ ေရွ႕ေနတစ္ေယာက္ျဖစ္ဖို႔အတြက္လည္း ေက်ာင္းတက္ႀကိဳးစားခဲ့ဖူးသူျဖစ္ပါတယ္။ ဒါေပမယ့္ အျခားစီးပြားေရး လုပ္ငန္းေတြနဲ႔ အလုပ္ရႈပ္ေနတာေၾကာင့္ လက္ရွိေတာ့ ေရွ႕ေနအိမ္မက္ကို ခဏဆိုင္းငံ့ ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.