ဒုံးကျည်အများအပြားပစ်လွှတ်နိုင်သော ဒုံးကျည်စနစ်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း ကိုယ်တိုင်ကြီးကြပ်

 344

Pika (NP News) - ဧပြီ ၂၆

ဧပြီလ(၂၅)ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် အသစ်တည်ဆောက်ထားသော ကာကွယ်ရေးစက်မှုလုပ်ငန်းယူနစ်တစ်ခုမှ ထုတ်လုပ်သည့် ဒုံးကျည် အများအပြား ပစ်လွှတ်နိုင်သော (၂၄၀) မီလီမီတာ ဒုံးကျည်စနစ် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း KCNA သတင်းဌာနက ဧပြီလ(၂၆) ရက်တွင် ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု အမေရိကန် နှင့် တောင်ကိုရီးယား တို့က စွပ်စွဲပြောဆိုမှုများရှိနေသည့်ကြားက မြောက်ကိုရီးယားအစိုးရသည် အမြောက်ကျည်များထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပုံပေါ်ကြောင်း သိရသည်။

အမေရိကန် နှင့် တောင်ကိုရီးယားတို့ စွပ်စွဲပြောဆိုမှုကို ရုရှားနှင့်မြောက်ကိုရီးယားတို့က ငြင်းဆန်ပယ်ချထား ကြောင်း သိရသည်။ အဆိုပါစမ်းသပ်ပစ်လွှတ်မှုအတွင်း ဒုံးကျည်များသည် ပျံသန်းမှုလက္ခဏာများ နှင့် တိကျမှုအတွက် လိုအပ်သောစံနှုန်းများကို ပြည့်မှီခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

နည်းပညာအသစ်ပါဝင်သည့် ဒုံးကျည်အများအပြား ပစ်လွှတ်နိုင်သော (၂၄၀)မီလီမီတာ ဒုံးကျည်စနစ်သည် မြောက်ကိုရီးယားစစ်တပ်၏ အမြောက်စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေမည့် မဟာဗျူဟာမြောက် ပြောင်းလဲမှုတစ်ခုကို ယူဆောင်လာပေးလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ကြီးမားသောပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မကြာခဏ လုပ်ဆောင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်ရန်အတွက် အစမ်းလေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က အကြိမ်ကြိမ်ပြောခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားကို ရန်စကျူးကျော်မှုများ လုပ်ဆောင်မည်ဆိုပါက ရှိသမျှအင်အားအားလုံးကို အသုံးပြုကာ လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြီးခဲ့သည့်လများ အတွင်း ထုတ်ဖော်ပြောခဲ့ဖူးသည်။

Zawgyi Version;
ဒုံးက်ည္အမ်ားအျပားပစ္လႊတ္ႏိုင္ေသာ ဒုံးက်ည္စနစ္စမ္းသပ္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ကိုယ္တိုင္ႀကီးၾကပ္
Pika (NP News) - ဧၿပီ ၂၆

ဧၿပီလ(၂၅)ရက္တြင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ အသစ္တည္ေဆာက္ထားေသာ ကာကြယ္ေရးစက္မႈလုပ္ငန္းယူနစ္တစ္ခုမွ ထုတ္လုပ္သည့္ ဒုံးက်ည္ အမ်ားအျပား ပစ္လႊတ္ႏိုင္ေသာ (၂၄၀) မီလီမီတာ ဒုံးက်ည္စနစ္ စမ္းသပ္ပစ္လႊတ္မႈကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း KCNA သတင္းဌာနက ဧၿပီလ(၂၆) ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားက ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေပးေနသည္ဟု အေမရိကန္ ႏွင့္ ေတာင္ကိုရီးယား တို႔က စြပ္စြဲေျပာဆိုမႈမ်ားရွိေနသည့္ၾကားက ေျမာက္ကိုရီးယားအစိုးရသည္ အေျမာက္က်ည္မ်ားထုတ္လုပ္မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ေနပုံေပၚေၾကာင္း သိရသည္။

အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔ စြပ္စြဲေျပာဆိုမႈကို ႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔က ျငင္းဆန္ပယ္ခ်ထား ေၾကာင္း သိရသည္။ အဆိုပါစမ္းသပ္ပစ္လႊတ္မႈအတြင္း ဒုံးက်ည္မ်ားသည္ ပ်ံသန္းမႈလကၡဏာမ်ား ႏွင့္ တိက်မႈအတြက္ လိုအပ္ေသာစံႏႈန္းမ်ားကို ျပည့္မွီခဲ့ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပခဲ့သည္။

နည္းပညာအသစ္ပါဝင္သည့္ ဒုံးက်ည္အမ်ားအျပား ပစ္လႊတ္ႏိုင္ေသာ (၂၄၀)မီလီမီတာ ဒုံးက်ည္စနစ္သည္ ေျမာက္ကိုရီးယားစစ္တပ္၏ အေျမာက္စြမ္းရည္ကို ပိုမိုေကာင္းမြန္လာေစမည့္ မဟာဗ်ဴဟာေျမာက္ ေျပာင္းလဲမႈတစ္ခုကို ယူေဆာင္လာေပးလိမ့္မည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း က ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ လမ်ားအတြင္း အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔သည္ ႀကီးမားေသာပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို မၾကာခဏ လုပ္ေဆာင္ခဲ့ၿပီး ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔၏ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားက ေျမာက္ကိုရီးယားကို က်ဴးေက်ာ္ တိုက္ခိုက္ရန္အတြက္ အစမ္းေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း ေျမာက္ကိုရီးယားဘက္က အႀကိမ္ႀကိမ္ေျပာခဲ့သည္။

ထို႔အျပင္ ေျမာက္ကိုရီးယားကို ရန္စက်ဴးေက်ာ္မႈမ်ား လုပ္ေဆာင္မည္ဆိုပါက ရွိသမွ်အင္အားအားလုံးကို အသုံးျပဳကာ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္းက ၿပီးခဲ့သည့္လမ်ား အတြင္း ထုတ္ေဖာ္ေျပာခဲ့ဖူးသည္။

Related news

© 2021. All rights reserved.