ပီရူးနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်မှုနှုန်းတွေကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကမ္ဘာ့သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်လာနေ
541
ရောင်နီ ( NP News ) - ဇွန် ၁
ပီရူးနိုင်ငံဟာ တနင်္လာနေ့ (မေလ ၃၁) မှာ ၎င်းရဲ့အရင်နေ့တွေက တရားဝင်ဖော်ပြထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုနှုန်းတွေထက် နှစ်ဆကျော်မြင့်တက်လာခဲ့ကာ ကမ္ဘာပေါ်ရှိ ဒေသတစ်ခုချင်းစီ တိုင်းတာမှုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
ကျန်းမာရေးကျွမ်းကျင်သူများရဲ့ အကြံပြုချက်များကို လိုက်နာနေတဲ့ကြားက ဗိုင်းရပ်စ်ကူးစက် သေဆုံးသူ စုစုပေါင်း ၆၉,၃၄၂ ဦး မှ ၁၈၀,၇၆၄ ကို မြင့်တက်လာခဲ့ကြောင်း အစိုးရက ပြောဆိုပါတယ်။ ပီရူးဟာ အခုအခါမှာ မည်သည့်နိုင်ငံနဲ့မဆို ဒေသဆိုင်ရာ တစ်ခုချင်း သေဆုံးမှုနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် အမြင့်ဆုံး သေဆုံးမှုနှုန်းမှာ ရှိနေပါတယ်။ လူဦးရေ ၃၃ သန်းရှိတဲ့ နိုင်ငံမှာ လူတစ်သန်းကို ၅,၄၈၄ ဦးနှုန်း ကိုဗစ်နဲ့ သေဆုံးနေတာဖြစ်ပြီး ကမ္ဘာ့ကိုဗစ်သေဆုံးမှု အဆိုးရွားဆုံး နံပါတ် ၁၃ နေရာမှာ ရှိတယ်လို့ AFP မှ တွက်ချက်မှုတွေအရ သိရပါတယ်။ ဟန်ဂေရီနိုင်ငံကတော့ လူ ၁ သန်းမှာ သေဆုံးသူ ၃၀၇၇ ဦးနဲ့ ၎င်းရဲ့နောက်မှာ တည်ရှိနေပါတယ်။ ပီရူးဟာ ယနေ့အထိ ကိုဗစ်ကူးစက်မှု စုစုပေါင်း ၁.၉ သန်းကျော် ရှိနေပြီး မကြာသေးမီလများက ကိုဗစ်လူနာတွေကို ကုသဖို့ အောက်ဆီဂျင် လိုအပ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သေဆုံးမှုနှုန်းကို တကယ့်မြေပြင်မှာ ရှိနေတဲ့ သေဆုံးသူ အရေအတွက်နဲ့ ကိုက်ညီမှုရှိစေဖို့ နိုင်ငံရဲ့ မှတ်တမ်းထိန်းသိမ်းမှုပုံစံတွေကို ပြောင်းလဲခဲ့ရတယ်လို့ ဝန်ကြီးချုပ် Violeta Bermudez က ပြောကြားပါတယ်။
နိုင်ငံမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို စတင်ခဲ့ပေမယ့် ဆေးထိုးပြီးစီးမှု နှေးကွေးနေပြီး အရွယ်ရောက်ပြီးသူ လူ ဦး ရေရဲ့ ၅ ရာခိုင်နှုန်းအထိသာ အနည်းဆုံး တစ်ကြိမ်ကာကွယ်ဆေး ထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံအတွင်း ဒီဇင်ဘာလကစ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း စတင်ခဲ့ကာ ဧပြီ ၁ ရက်နေ့မှာ ကူးစက်လူနာပေါင်း ၁၃,၀၀၀ နီးပါးထိ ရှိလာခဲ့ပါတယ်။
ဆေးရုံတက်နေရတဲ့ ကိုဗစ်လူနာ ၁၂၀၀၀ နီးပါးရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ အကြပ်အတည်းကာလအတွင်း ကျရောက်နေကာ ဧပြီ ၂၀ ရက်နေ့ကတော့ ဆေးရုံတက်လူနာ ၁၅၅၄၇ ဦးထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။