စိတ်ကျရောဂါ နှင့် ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အခြား ဝေဒနာများ ဖြစ်ပွားစေနိုင်သည့် အလှကုန် ပစ္စည်း (၂)မျိုး ကို FDA က မသုံးရန် သတိပေး

 1160

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၆
စိတ်ကျရောဂါ နှင့် ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အခြား ဝေဒနာများ ဖြစ်ပွားစေနိုင်သည့် အလှကုန် ပစ္စည်း (၂)မျိုး ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က အသုံးမပြုရန် အသိပေး ထုတ်ပြန် ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာအလှကုန်(၂)မျိုးသည် FDA မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ထိုအလှကုန် (၂)မျိုး အနက် ပထမတစ်မျိုးမှာ တရုတ်နိုင်ငံ မှ ထုတ်လုပ်သော Tailaimei COSMETICS/MAKE UP KIT (Eye Shadow & Lipstick & Blusher Two Way Cake) ဖြစ်ကာ Pigment orange နှင့် Rhodamine B တို့ကို တွေ့ရပြီး ဒုတိယ တစ်မျိုးမှာ ထိုင်းဘာသာဖြင့် ဖော်ပြထားသော HASAYA GIRL/ PEACH PRO BLUSH # RED CHEEK CAMELLIA BLUSHER (04) ဖြစ်ပြီး Rhodamine B ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း FDA မှ အသိပေးထားသည်။
ထိုအလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
စိတ္က်ေရာဂါ ႏွင့္ ေက်ာက္ကပ္ပ်က္စီးျခင္း အပါအဝင္ အျခား ေဝဒနာမ်ား ျဖစ္ပြားေစႏိုင္သည့္ အလွကုန္ ပစၥည္း (၂) ကို FDA က မသုံးရန္ သတိေပး
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၆
စိတ္က်ေရာဂါ ႏွင့္ ေက်ာက္ကပ္ပ်က္စီးျခင္း အပါအဝင္ အျခား ေဝဒနာမ်ား ျဖစ္ပြားေစႏိုင္သည့္ အလွကုန္ ပစၥည္း (၂) ကို အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA) က အသုံးမျပဳရန္ အသိေပး ထုတ္ျပန္ ထားသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာအလွကုန္(၂)မ်ိဳးသည္ FDA မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္စာတြင္ ေဖာ္ျပထားသည္။
ထိုအလွကုန္ (၂)မ်ိဳး အနက္ ပထမတစ္မ်ိဳးမွာ တ႐ုတ္ႏိုင္ငံ မွ ထုတ္လုပ္ေသာ Tailaimei COSMETICS/MAKE UP KIT (Eye Shadow & Lipstick & Blusher Two Way Cake) ျဖစ္ကာ Pigment orange ႏွင့္ Rhodamine B တို႔ကို ေတြ႕ရၿပီး ဒုတိယ တစ္မ်ိဳးမွာ ထိုင္းဘာသာျဖင့္ ေဖာ္ျပထားေသာ HASAYA GIRL/ PEACH PRO BLUSH # RED CHEEK CAMELLIA BLUSHER (04) ျဖစ္ၿပီး Rhodamine B ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါတားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတဆင့္ ခႏၶာကိုယ္အတြင္းသို႔စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္းလည္း FDA မွ အသိေပးထားသည္။
ထိုအလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္လက္လီလက္ကားဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အမ်ားျပည္သူ သုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္ (Ethic)အရ လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ) အရ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သတိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.