ရာသီဥတုအခြေအနေပြင်းထန်မှုများနှင့် ရင်ဆိုင်နေရသည့် တရုတ်သဲကန္တာရတွင် သစ်ပင်များတိုးချဲ့ စိုက်ပျိုးနေ

 557

ရောင်နီ ( NP News ) - ဇွန် ၃
နှစ်စဉ်နှစ်တိုင်း ရာသီဥတုအခြေအနေ ပြင်းထန်မှုများနှင့်ရင်ဆိုင်နေရသည့် တရုတ်နိုင်ငံသည် Gobi သဲကန္တာရတွင် စိမ်းစိုညွန့်ဖူးသည့် သစ်ပင်များပြန်လည်တိုးချဲ့ စိုက်ပျိုးနေပြီဖြစ်ကြောင်း CNA သတင်းဖော်ပြချက်အရသိရသည်။

ပြီးခဲ့သည့် မတ်လက ပြင်းထန်သည့် သဲမုန်တိုင်းများသည် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပေကျင်းကို ရိုက်ခတ်ခဲ့ပြီး မြေယာရှားပါးလာခြင်းနှင့်ရှိနေဆဲ သစ်ပင်များသည် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိခြင်းကြောင့် သစ်တောထိန်းသိမ်းရေး ကြိုးပမ်းမှုများကို စစ်ဆေးခဲ့ကြောင်းသိရသည်။

"သစ်တောတွေများများ တိုးချဲ့လေလေ သဲမုန်တိုင်းတိုက်မှု လျော့နည်းလေလေ ကျွန်တော်တို့အတွက် ပိုကောင်းလေပဲ"ဟု လယ်သမားတစ်ဦးက ပြောသည်။

သစ်ပင်စိုက်ပျိုးခြင်းသည် တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များမှ ရှောင်ရှားနိုင်ရန် အတွက် အဓိကအချက်အချာ ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး သဲကန္တာရ နှင့် တောအုပ်ကို လယ်ယာမြေများ အဖြစ် ပြောင်းလဲရန် Gobi သဲကန္တာရတွင် ယခုကဲ့သို့ သစ်ပင်များ တိုးချဲ့စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နှစ်စဉ်သစ်ပင်များနှင့် ချုံသစ်များ စိုက်ပျိုးရန်၊ ရေသွင်းရန်အတွက် စေတနာ့ဝန်ထမ်း လူငယ်များသည် သဲကန္တာရတွင် လုပ်အားပေးနေကြကြောင်း သိရသည်။

Related news

© 2021. All rights reserved.