အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ ၈၆ဝ ကျော်သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

 425

NP News - ဇွန် ၁၂
အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ပြည်သူ ၈၆၁ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူ (၂၂) ဦးရှိပြီး ထိုအထဲမှ (၃)ဦးသည် မိသားစုမှ အလောင်းပြန်ယူခွင့်မရခဲ့ကြောင်း AAPP ကထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း ၅၉၈၅ဦး ဖမ်းဆီးခံခဲ့ရပြီး ၄၈၂၃ဦးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်းသိရသည်။ ၎င်းတို့အ နက်မှ ၁၇၆ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခံရသူ ၁၉၃၆ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက်မှ (၃၁)ဦးသည် မျက်ကွယ်သေဒဏ်၊ (၁၄) ဦးသည် အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂ဝ) နှစ်စီ၊ (၅) ဦးသည်အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ မျက်ကွယ်ထောင် ဒဏ်ချမှတ်ခြင်းခံထားရကြောင်းသိရသည်။

AAPP အနေဖြင့် ရက်စက်စွာနှိပ်စက်ညှင်းပန်းခြင်းနှင့်သတ်ဖြတ်ခြင်းများအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းအားနှိပ်စက်ညှင်းပန်းခြင်းများ ထပ်မံမဖြစ်ပွားစေရန် တားဆီးရာတွင်ထိရောက်သည့် အရေး ယူဆောင်ရွက်မှုများပြုလုပ်ရန်တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.