ဥရောပ၏ အမြင့်ဆုံး Etna မီးတောင်ပေါက်ကွဲမှုဖြစ်

 1525

ရောင်နီ (NP News)- ဇွန် ၁၄
ဥရောပ၏ အမြင့်ဆုံး မီးတောင်ဖြစ်သည့် Etna မီးတောင်သည် ဇွန်လ ၁၃ ရက်ညက ရဲရဲနီသည့် ချော်ရည်ချော်ခဲများနှင့်အတူ ပေါက်ကွဲခဲ့ကာ ကောင်းကင်အမြင့် မီတာများစွာထိ မီးတောင်မှုန်များ ပန်းထွက်စေခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မီးတောင်၏အမြင့်သည် ၃.၃၃၀ မီတာ( ၁ဝ၉၂၆ ပေ ) ရှိပြီး နိုင်ငံ၏အရှေ့တောင်ပိုင်း Catania မြို့အထက်တွင် တည်ရှိကြောင်းသိရသည်။ မကြာခဏ ပေါက်ကွဲလေ့ရှိပြီး လူနေအဝန်းအဝိုင်းကို ထိခိုက်စေမှုသည် အတော်ရှားပါး ကြောင်းသိရသည်။ ၎င်း၏ မီးတောင်ပေါက်ကွဲမှုနှင့် သက်ဆိုင်သည့် အရှည်ဆုံးမှတ်တမ်းကို ဘီစီ ၄၂၅ က မှတ် တမ်းတင်ထားခဲ့ပြီး ယင်းသည် ကမ္ဘာ့ရှေးအကျဆုံးနှင့် ပထမဆုံး မှတ်တမ်းတင်ထားသည့် လေ့လာတွေ့ရှိချက်ဖြစ် ကြောင်းသိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများကို အန္တရာယ် မဖြစ်စေနိုင်သော်လည်း ဒေသခံများက မီးတောင်ပြာငွေ့များ ဖုံးလွှမ်းမှုဒဏ်ကိုခံရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

#NPNews

Related news

© 2021. All rights reserved.