“RSO က စစ်တပ်ကို တိုက်ခိုက်မယ်” လို့ ပြောတာဟာ “နိုင်ငံတော်ကို စော်ကားတိုက်ခိုက်တာဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို တိုက်ခိုက်မယ်” လို့ ပြောတာနဲ့ အတူတူဖြစ်

 938

အိဖြူ (NP News) - ဇွန် ၁၆

RSO က စစ်ကောင်စီကို တိုက်ခိုက်သွားမယ် ဆိုသော ရုပ်သံဖိုင်ထွက်ပေါ်လာတဲ့အပေါ် နစက ၏ သဘောထားအား မေးမြန်းခဲ့ရာ နစကမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

NP News - ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် ညပိုင်းက R- ဂျာ အရေးလှုပ်ရှားသူများအဖွဲ့အစည်းဖြစ်တဲ့ “RSO က စစ်တပ်ကို တိုက်ခိုက်မယ်” ဆိုပြီး ပြောထားတဲ့ရုပ်သံဖိုင်တစ်ခုကို တရားဝင်ဖော်ပြခဲ့ကြပါတယ်။ အဲဒီအပေါ်မှာ နစက ဘက်မှ ဘယ်လိုမျိုး မှတ်ချက်ပြုချင်ပါသလဲ။
RSO ရဲ့ အခုလို စိန်ခေါ်ပြောဆိုမှု့ဟာ စစ်တပ်ကို တိုက်ခိုက်တာလား။ နိုင်ငံတော်ကို တိုက်ခိုက်တာလား။ ဘာကို ရည်ရွယ်တယ်လို့ ထင်ပါသလဲ။

ဖြေ - RSO သောင်းကျန်းသူများ၏ အစသည် အင်္ဂလိပ်တို့တည်ထောင်ပေးခဲ့သော V- Force မှ စခဲ့သည်။ V- Force ဆိုသည်မှာ မြန်မာနိုင်ငံ၌ ဂျပန်တို့ထိုးစစ်ဆင်ပြီး အင်္ဂလိပ်တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာရာတွင် ၎င်းတို့ကို နောက်ပိုင်းမှ ခုခံကာကွယ်ရန်ရည်ရွယ်၍ ဘူးသီးတောင်မောင်တောမှ ဘင်္ဂါလီများကို လက်နက်များပေးခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းလက်နက်များကို အသုံးပြု၍ ဒေသခံ ရခိုင်မျိုးနွယ်များကို တိုက်ခိုက်ခြင်း၊ နှင်ထုတ် ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယခင် ဘူးသီးတောင်-မောင်တောဒေသ၌ တည်ငြိမ်မှု ငြိမ်းချမ်စွာအတူ ယှဉ်တွဲ နေထိုင်မှု ပျက်ခဲ့ရသည်။

RSO အဆင့်ဆင့်ဖြစ်ပေါ်လာပုံကတော့ ၁၉၄၂ မှာ အင်္ဂလိပ်တို့က V- Force (ခေါ်) အပျော်တမ်းတပ်ဖွဲ့များကို ဖွဲ့စည်းလက်နက်တပ်ဆင်ပြီးရာကနေ V- Force တွေက ဂျပန်ကိုမတိုက်ဘဲ ဗုဒ္ဓဘာသာဘုရားကျောင်းကန် ဖျက်ဆီးခြင်း၊ ရခိုင်ကျေးရွာတွေကို ရွာလုံးကျွတ် မီးရိုှုခြင်းတွေလုပ်တာကနေ V- Force မှ တစ်ဆင့် နောက်ပိုင်း မှာ မူဂျာဟစ်လှုပ်ရှားမှုတွေဖြစ်လာခဲ့ကြသည်။ ရခိုင်တို့စွန့်ခွာသွားသော ကျေးရွာများတွင် မွတ်စလင်များက ဝင်ရောက်နေထိုင်ကာ ၁၉၄၂ ခုနှစ် ဇွန်လတွင် ငြိမ်းချမ်းရေးကော်မတီ(Peace Committee) ကို ဖွဲ့စည်းပြီး မောင်တောမြို့မြောက်ပိုင်းတွင်လည်းကောင်း၊ အီးဒီအက်(စ်)မာရကန် ဦးဆောင်သောအဖွဲ့က မောင်တော တောင်ပိုင်း ဂေါ်ဒူသာရချောင်းမှ အငူမော်အထိလည်းကောင်း အုပ်ချုပ်ခဲ့ကြသည်။ ဂျပန်များက မောင်တောကို သိမ်းပိုက်ပြီး ငြိမ်းချမ်းရေးကော်မတီကို ဖျက်ဆီးကာ ဂျာမီအေတူအူလီမာအီး အစ္စလာမ်အဖွဲ့(Jama- a – tul Ulemae Islam) ဘာသာရေးအသင်းအဖြစ် အသွင်ပြောင်းစေခဲ့ပြီး ၎င်းအသင်းသည် အစ္စလာမ်ဘာသာ အခြေ ခံမူများကို နိုင်ငံရေးသဘောတရားဖြစ်ချမှတ်ကာ နိုင်ငံရေးတပ်ဦးတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် မူဂျာဟစ်သူပုန်၏ ရေသောက်မြစ်ဖြစ်ပြီး သူပုန်ထ၍ မွတ်စလင်လူထုကို လှုံ့ဆော်ခြင်း၊ လက်နက်စုဆောင်း ခြင်း၊ တပ်သားများ စုဆောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

၁၉၄၂ ခုနှစ်မှာ ဘင်္ဂါလီတို့က ဂျမီရာတူဦးလီမာအသင်းကို ဖွဲ့ပြီးနောက်ပိုင်း မူဂျာဟစ်လျှို့ဝှက်လက်နက်ကိုင် အဖွဲ့ စတင်ပေါ်ပေါက်လှုပ်ရှားလာခဲ့ပြီး ၁၉၄၈ ဇွန်လတွင် မောင်တောမြို့ကို ဝန်းရံတိုက်ခိုက်ရာ မှ မူဂျာဟစ် သောင်းကျန်းမှုကို စတင်ခဲ့သည်။ ၁၉၄၉ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာ့တပ်မတော်က မူဂျာဟစ်တို့ကို စတင် ထိုးစစ်ဆင်ခဲ့ပြိး ၁၉၅၁ ခုနှစ် မတ်လ ၂၈ ရက်မှ ဧပြီလ ၂ ရက်အထိ ကာစင်ခေါင်းဆောင်သော မူဂျာဟစ်တို့ကို တိုက်ခိုက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးခဲ့သော်လည်း စစ်ကြောင်းတွေ ရုတ်သိမ်းတာနဲ့ ပြန်လည်ဝင် ရောက်လာကြသည်။ နောက်ပိုင်း ကုလားဆိုးတွေ ရခိုင်တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်မှုများ ပိုမိုလု ပ်ဆောင်လာလို့ မြန်မာ့တပ်မတော်က ၁၉၅၂ ခုနှစ်မှာ မေယုစစ်ဆင်ရေး၊ ၁၉၅၃ မှာ မေယုတောင် စစ်ဆင်ရေး၊ ၁၉၅၄ မှာ မုတ်သုန်စစ်ဆင်ရေးတို့နဲ့ နှိမ်နင်းခဲ့သည့်အတွက်ကြောင့် ၁၉၅၇ ခုနှစ်မှာ မူဂျာဟစ်သောင်းကျန်းသူ အဖွဲ့မှ ရှောင်ပလုပ်နှင့် ဇူရာသန်ဦးစီး ၁၅ဝ ဦး၊ ၁၉၆၁ မှ ရော်ဘီဟူလာ၊ မော်စတော်ဖီဦးစီး ၂၉ဝ ကျော်၊ ရော်ရှစ်ဦးစီး ၂ဝဝ ကျော် လက်နက်ချ အလင်းဝင်လာခဲ့သည်။

တပ်မတော်၏ ထိုးစစ်ကြောင့် မူဂျာဟစ်၏ အင်အားများပြိုကွဲပြီး လက်နက်ချအလင်းဝင်သောလည်း ရှောင်ပ လုပ်မှ ဇော်ဖောသည် မူဂျဟစ်လက်ကျန်များကို စုစည်းနိုင်ခဲ့ပြိး ၁၉၇၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီ(RLP) ကို ဖွဲ့စည်းကာ ရိုဟင်ဂျာပြည်နယ်ထူထောင်ရေး၊ ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးကြွေးကြော်ကာ ဘင်္ဂါလီများအား စတင်စည်းရုံးလှုပ်ရှားခဲ့သည်။ ဤအဖွဲ့တွင် ဇော်ဖောက ဥက္ကဋ္ဌနဲ့ စစ်ဆေရးတာဝန်ခံ၊ အဘူဆီးရိပ် က ဒုတိယဥက္ကဋ္ဌ၊ ဘီအေဇော်ဖောက အတွင်းရေးမှူးနဲ့ အဒူဇော်လီ က ဒုတိယစစ်ရေးတာဝန်ခံဖြစ်သည်။ ၁၉၇၅ ခုနှစ်မှာ ရိုဟင်ဂျာ မျိုးချစ်တပ်ဦး(Rohingya Patriotic Front – RPF) ကို ဘီအေဇော်ဖောက ဥက္ကဋ္ဌ၊ ဒူရ်အစ္စလာမ် က ဒုတိယဥက္ကဋ္ဌ၊ မိုဟာမက်ရှောဖီက အတွင်းရေးမှူးအဖွဲ့ ထပ်မံဖွဲ့စည်းခဲ့သည်။ ၁၉၈၃ တွင် ဘီအေ ဇော်ဖောနဲ့ နူရ်အစ္စလာမ်တို့ သဘောထားကွဲလွဲပြီး နူရ်အစ္စလာမ်က ခွဲထွက်ကာ ရိုဟင်ဂျာ မူဆလင်အဖွဲ့(RMO) ဖွဲ့စည်းသည်။ ၎င်းနောက် RSO အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၈၆ ခုနှစ်မှာ နူရ်အစ္စလာမ်သည် နိုင်ငံခြားအကူအညီရရှိရေး၊ အင်္ဂလန်သွားစဉ် ဒေါက်တာယူနို့စ် သည် နူရ်အစ္စလာမ်ကို RSO က ဖယ်ထုတ်၍ အာဏာသိမ်းယူခဲ့သည်။ နူရ်အစ္စလာမ် အင်္ဂလန်မှပြန်ရောက်ပြီး ၎င်းကို ထောက်ခံသည့် RSO အဖွဲ့များနှင့် (RPF) အဖွဲ့မှ ရော်ဖီဟူစိန်တို့ပူးပေါင်းပြီး ၁၉၈၇ မှာ အာရ်ကန်- ရိုဟင်ဂျာ အစ္စလာမ်မစ်တပ်ဦးက (ARIF) ဖွဲ့စည်းခဲ့သည်။ ၎င်းနှစ်ဖွဲ့သည် ၁၉၉၈ ခုနှစ်တွင် အစည်းအဝေးတစ်ရပ်ကျင်းပ ပြီး ရိုဟင်ဂျာ အမျိုးသားအစည်းအရုံး(RNO) ဖွဲ့စည်းပြီးနောက် ရခိုင်သောင်းကျန်းသူများ ပါဝင်လာစေရန် ရည်ရွယ်၍ အာရ်ကန်- ရိုဟင်ဂျာ အမျိုးသားအစည်းအရုံး(ARNO) အဖြစ် ပြောင်းလဲခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် RSO နှင့် ARNO တို့ပူးပေါင်း၍ အာရ်ကန်- ရိုဟင်ဂျာ အမျိုးသားတပ်မတော် (ARNA) အဖြစ် ဖွဲ့စည်းခဲ့သည်။ ထပ်မံ၍ ၂ဝ၁၂ တွင် RSO ၊ ARNO အမည်များကို အသုံးမပြုတော့ဘဲ ရိုဟင်ဂျာ အမျိုးသားလုံခြုံရေးကောင်စီ (RNSC) ဆိုပြီး လှုပ်ရှားလာခဲ့သည်။
RNSC ကော်မတီဖွဲ့စည်းပြီးနောက် RSO နှင့် ARNO လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ရိုဟင်ဂျာအမျိုးသား တပ်မတော်(RNA) ကို ဖွဲ့စည်းခဲ့ပြီး ပါကစ္စတန်ရှိ တာလီဘန်နဲ့ဆက်သွယ်၍ အကြမ်းဖက်အဖွဲ့အစည်းများထံမှ စစ်ပညာလေ့ကျင့်သင်ယူရေး ဖောက်ခွဲရေးသင်တန်းများ လေ့ကျင့်ရေးစီစဉ်ဆောင်ရွက်ခဲ့သည်။ ရခိုင်- ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA) ကို ၂ဝ၁၇ တွင် ပါကစ္စတန်ရှိ AMM အကြမ်းဖက်အဖွဲ့အစည်းနှင့်ပေါင်းပြီး ပြောင်းလဲသတ်မှတ်သည်။

၁၉၄၂ ခုနှစ်၊ မတ်လ ၂၇ ရက် အလယ်သံကျော် အရေးအခင်းတွင် ဘင်္ဂါလီကုလားများသည် အင်္ဂလိပ်တို့ပေး သော လက်နက်များဖြင့် ဒေသခံရခိုငလူမျိုးများအပေါ် ခြိမ်းခြောက်သတ်ဖြတ်ပြီး နယ်မြေများသိမ်းပိုက်ခဲ့ကြရာ အဓိကရုဏ်းတွင် ရခိုင်လူမျိုး နှစ်သောင်းကျော် အသတ်ခံရပြီး ရခိုင်တောင်ပိုင်းသို့ ပြောင်းရွေ့ခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် မောင်တောတောင်ပိုင်းဒေသများတွင် ကာစင်ခေါင်းဆောင်သော မူဂျာဟစ်များကြီးစိုးလာပြီး ရခိုင်ရွာ များအား ဖျက်ဆီးခဲ့ရာ ဘော်လီဘဇား မြောက်ပိုင်းရှိ ရခိုင်ရွာများ လုံးဝပျောက်ကွယ်ခဲ့ရသည်။

၂ဝ၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျွေးရွာမှ ရခိုင်တိုင်းရင်းသူတစ်ဥိးကို ဘင်္ဂါလီ သုံးဦးမှ ရက်စက်စွာ အဓမ္မမုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ဇွန်လ ၈ ရက်တွင် မောင်တောမြို့၊ မြို့မရပ်ကွက်ရှိ တိုင်းရင်းသားများ၏ နေအိမ်များကို ဖျက်ဆီးမီးရှို့ခြင်း၊ လိုက်လံ သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်း တို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ရာ ၂ဝ၁၂ ဖြစ်စဉ်အတွင်း တိုင်းရင်းသား ၅၈ ဦး အသက်ဆုံးရှုံးပြီး ၁၄၈ ဦး ဒဏ်ရာ ရရှိခဲ့သည်အထိ အကြမ်းဖက်လူသတ်လာခဲ့ကြသည်။

၂ဝ၁၆ ခုနှစ်အတွင်း တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး၊ အကြမ်းဖက်ဘင်္ဂါလီများအား နှိမ်နင်းစဉ် အသက်ဆုံးရှုံးခဲ့ရသည်။ ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား ၇၉ ဦးအသတ်ခံရပြီး ရဲဘောက်ကျကျေးရွာရှိ ဟိန္ဒူ ဘာသာဝင်များအား ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်ကာ ၄၅ ဦးအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ ၎င်းအပြင် ဒီဇင်ဘာလ ၂၆ ရက်တွင် မောင်းတောမြို့နယ် ဒုညောင်ပင်ကြီးကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ရှော်ဖီးနှင့် စကားပင်ရင်းရွာမှ မြိုတိုင်းရင်းသားတစ်ဦးအားလည်း သတ်ဖြတ်ခဲ့သည်။ ၎င်းကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်စွန့် ကာကွယ်ခဲ့သဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် RSO၊ ARSA အဖွဲ့များ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ရခိုင်ဒေသအတွင်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်များကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့ကို နိုင်ငံသားမပေးတာ မဟုတ်ဘဲ ဥပဒေနှင့်အညီသာ စိစစ်ဆောင်ရွက်ပေး လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ မူဝါဒနှစ်ရပ်ကို သတင်းစာရှင်းလင်း ပွဲ(၆/၂ဝ၂၁) က ပြောပြီးဖြစ်ပါသည်။ နိုင်ငံသားဖြစ်နေသော ဘင်္ဂါလီများ၏ ကဒ်များကို လက်တွေ့ကြည့်ရှုနိုင်သည်။
ဘင်္ဂါလီ၊ မွတ်စလင် ဟုသာ ရေးထားတာတွေ့ရပါမည်။

ရိုဟင်ဂျာ ဆိုတာသည် ယခင်ကတည်းက မြန်မာနိုင်ငံတွင် မရှိဘဲ အင်္ဂလိပ်တို့ခေါ်လာသော ဘင်္ဂါလီများသာ ရှိပြီး သမိုင်းတလျှောက်လုံး ဒေသခံတိုင်းရင်းသားတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာသာ ရှိသည်။
ရိုဟင်ဂျာ ဆိုတာသည် နိုင်ငံအတွက် အန္တရာယ်ကြီးမားသော အမည်ဖြစ်သည်။ အခု ဗီဒိယိုဖိုင်တွင် တိုက်ခိုက်မည်ဟု ပြောဆိုမှုများသည် တပ်မတော်ကို တိုက်ခိုက်တာလို့ ယူဆမရဘဲ နိုင်ငံတော်ကို တိုက်ခိုက်တာ၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို တိုက်ခိုက်တာဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ ၂ဝ၁၇ မှာ ပေါ်ခဲ့တဲ့ ARSA အမည်ကိုမသုံးဘဲ RSO အမည်ကို သုံးတာလည်း အကြောင်းများစွာရှိသည်။ ARSA ကို မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အပြင် နိုင်ငံတကာကလည်း ၎င်းကဲ့သို့ နားလည်သဘောပေါက်နေ၍ ယခင် သမိုင်းကြောင်း နာမည်ရှိခဲ့သော အနောက်နိုင်ငံများနှင့် ပိုမိုအဆက်အသွယ်ရှိသော RSO နာမည် သုံးခြင်းဖြစ်နိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတို့ဟာ တစ်ဖွဲ့တည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းရှိ အေးချမ်းစွာ နေထိုင်နေတဲ့ မွတ်စလင်အသိုင်းအဝိုင်းအား ဆူပူအုံကြွမှုများဖြစ်လာစေရန် လှုံ့ဆော်မှုဖြစ်ပြီး ပြည်တွင်း မငြိမ်မသက်ဖြစ် အောင် ရည်ရွယ်ဆောင်ရွက်တာဖြစ်ကြောင်း ဖြေကြားလိုပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Related news

© 2021. All rights reserved.