မြဝတီကုန်သွယ်ရေးဦးစီးဌာန ရုံးစာအတု ပြုလုပ်သူများနှင့် ဖြန့်ဝေသူများအား အရေးယူသွားမည်

 2048

NP News - ဇူလိုင် ၁၁

လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် မြဝတီကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးဦးစီးဌာန၏ ရုံးစာအတု ပြုလုပ်သူများနှင့် ဖြန့်ဝေသူများအား ဖော်ထုတ် အရေးယူသွားမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြဝတီကုန်သွယ်ရေးဇုန် ဒုညွှန်မှူး ဒေါ်တင်စိုးစိုးလှိုင်၏ လက်မှတ်ပါသည့် နယ်စပ်ဒေသများမှ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာဆေးဝါများနှင့် ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းခြင်း ရုံးစာ တစ်စောင်သည် ဇူလိုင်လ ၁ဝ ရက် ညပိုင်းမှစတင်၍ လူမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

“ ဒီစာက အတုဖြစ်ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်က ဒုညွှန်မှူး ဒေါ်တင်စိုးစိုးလှိုင်က ၎င်းတာဝန်ထမ်းဆောင် ရမည့်ကာလ ကုန်ဆုံးပြီးဖြစ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက နေပြည်တော်ရုံးချုပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ အခုလို ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေတဲ့ကာလမှာ လူထုကို ထိတ်လန့်တကြားဖြစ်စေပြီး အစိုးရ အပေါ် အထင်အမြင်လွဲအောင်လုပ်တဲ့ မရိုးသားတဲ့ နိုင်ငံရေးတိုက်ကွက်ကို ရှုံ့ချပါတယ် ” စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဇူလိုင်လ ၁၁ ရက်နေ့တွင် ၎င်းဖေ့ဘွတ်စ်အကောင့်တွင် ရေးသားဖော်ပြထားသည်။

Covid- 19 ကုသရေးအတွက် ပြည်တွင်း၌ လိုအပ်လျက်ရှိသော Oxygen Concentrator များ တင်သွင်းမှုပိုင်း နှင့်ပတ်သက်၍ FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုအပ်သည့်အပြင် အကောက်ခွန် ၃% အတွက် လက်ငင်း ပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ကြောင်းကို စစ်ကောင်စီမှ ဇူလိုင်လ ၁ဝ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

Covid 19 ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များအတွက် ဆေးဝါးနှင့် ဆက်စပ် စက်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာများအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွ ယ်ရေးစခန်းများမှ အချိန်နှင့်တပြေးညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.