ပီအက်စ်ဂျီအသင်းက မက်ဆီကို ခေါ်ယူလို့မရအောင် ဘာစီလိုနာက ဥရောပကော်မရှင်ထံ တိုင်ကြားစာပေးပို့

 1410

ရဲပြည့် (NP News) - သြဂုတ် ၉
ဘာစီလိုနာအသင်း ရှေ့နေအဖွဲ့ဟာ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းက မက်ဆီကိုခေါ်ယူပြီး မြင့်မားတဲ့ လုပ်ခ လစာပေးချေကာ ၃ နှစ်စာချုပ်ချုပ်ဆိုမယ့်အစီအစဉ်ကိုလက်မခံနိုင်ဖြစ်နေကြသလို ဒါဟာ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိနိုင်ဘူးလို့သုံးသပ်ပြီး ဥရောပကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့တယ်လို့သိရ ပါတယ် ။
နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့လို လုပ်ခလစာမြင့်တဲ့ ကစားသမားတွေရှိနေသလို ဒီနှစ်မှာလည်း ဟာခီမီ ၊ ရာမိုစ့် ၊ ဒွန်နာရမ်မာ တို့ကိုခေါ်ယူထားတဲ့ PSG ဟာ မက်ဆီကို ဘာစီလိုနာ မပေးနိုင်တဲ့ လုပ်ခလစာမျိုးနဲ့ခေါ်ယူ စာချုပ်ဖို့ဆိုတာဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ဘယ်လိုမှ ကိုက်ညီနိုင်ဖွယ်မရှိကြောင်း ဘာစီလိုနာအသင်းရဲ့ရှေ့နေတွေက ပြောခဲ့ကြတာဖြစ်ပါတယ်။
“ပြင်သစ်ကလပ် ရဲ့ FFP ( Financial Fair Play ) စည်းမျဉ်းနဲ့ငြိစွန်းမှုဟာ ကျွန်တော်တို့ (ဘာစီလိုနာ) ထက် အများကြီး ဆိုးနေပါတယ် ။ ၂ဝ၁၉ – ၂ဝ၂ဝ ရာသီမှာ သူတို့ရဲ့လစာနဲ့ ဝင်ငွေအချိုးအစားဟာ ၉၉% ပါ။ ဘာစီလိုနာ က ၅၄% ပဲ ရှိပါတယ် ။ အခုလိုကြပ်တည်းတဲ့ကာလမှာ ဒီပမာဏက ပိုပြီးကြီးမားလာမှာပါ။ FFP စည်းမျဉ်းတွေဟာ ဥရောပက ကလပ်အားလုံးအပေါ် ညီတူညီမျှသက်ရောက်နေရပါမယ် ။ ဒါကြောင့် မက်ဆီကို ခေါ်ယူမယ့်ကိစ္စကိုတားဆီးဖို့ ကျွန်တော်တို့တိုက်တွန်းရတာပါပဲ” လို့ ဘရန်ကို တရားရုံးသို့ပေးပို့ထားတဲ့စာမှာ ရေးသားထားတယ်လို့ သိရပါတယ်။
မက်ဆီဟာ သြဂုတ်လ ၈ ရက်နေ့က သူအနေနဲ့ ကလပ်မှာ ၂၁ နှစ်ကြာနေခဲ့ပြီးနောက် ဘာစီလိုနာကနေ နုတ် ထွက်ကြောင်းကိုတရားဝင်အတည်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ပြောကြားနေရင်း စင်ပေါ်မှာ မျက်ရည် မထိန်းနိုုင်ဖြစ်ခဲ့ပါတယ်။ ၂၁ နှစ်ကြာအတူလက်တွဲလုပ်ကိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းကနေ နှုတ်ထွက်ကြောင်း ပြောကြားပြီးနောက်မှာပဲ ပြင်သစ်လီဂူး ပီအက်စ်ဂျီကလပ်အသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့ပြီး ဖြစ် ကြောင်း၊ ပြောင်းရွေ့ဖို့ စဉ်းစားနေတယ်လို့ အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.