BIGBANG ရဲ့အဖွဲ့ဝင်ဟောင်း ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးနဲ့ လိင်အရှုပ်တော်ပုံကြောင့် ထောင်သုံးနှစ်ချမှတ်ခံရ

 672

မိုးတိမ် (NP News) - သြဂုတ် ၁၂
တောင်ကိုရီးယားနာမည်ကျော် K-Pop အဖွဲ့တစ်ခုဖြစ်တဲ့ BIGBANG ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့ လိင်မှုအရှုပ်တော်ပုံတွေကြောင့် ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပြီဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ရေးသားဖော်ပြလိုက်ပါတယ်။

နာမည်အရင်း Lee Seung-hyun ၊ အနုပညာနာမည် Seungri ဟာ ၂၀၀၆ ခုနှစ်မှာ စတင်ထင်ရှားကျော်ကြားလာခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းဘက်မှာလည်း အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်လာခဲ့သူလို့ ဆိုပါတယ်။ BIGBANG အဖွဲ့ကနေ နှုတ်ထွက်ပြီးတော့ ကိုရီးယားစစ်တပ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဆောင်ဂရီဟာ စစ်တပ်မှာတာဝန်ထမ်းဆောင်စဉ်က ဖြစ်ဖွယ်ရှိတဲ့ ပြစ်မှု(၉)ခုလောက်မှာ ကျုးလွန်သူအဖြစ်ပါဝင်နေသူဖြစ်သလို မူးယစ်ဆေးဝါးမှု၊ လိင်မှုရေးရာနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို တရားမဝင်လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ခုံရုံးက စစ်ဆေးတွေ့ရှိတဲ့အတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။ “ ကျုးလွန်သူတွေဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျုးလွန်မှုှုအတွက် ငွေပေးရတယ်ဆိုတာကို မသိချင်ယောင်ဆောင်တဲ့သဘောမျိုး မြင်ရတာဟာ စိတ်ပျက်ဖွယ်ပါပဲ ” လို့ တရားသူကြီး Hwang Min-je က ပြောပါတယ်။ ကျုးလွန်သူဟာ လိင်ပိုင်းဆိုင်ရာပြည့်တန်ဆာလုပ်ငန်းကို စနစ်တကျလုပ်ကိုင်သူတွေဖြစ်နိုင်သလို လိင်အကြမ်းဖက်မှုကိုပါ နားလည်ကြပုံရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း နားလည်ခြင်းကြောင့် ဥပဒေကို ကျော်ဖို့ကြိုးစားပုံရတဲ့သဘောမျိုးလည်း ပြောပါတယ်။ အသက်(၃၀)အရွယ် ဆောင်ဂရီကတော့ စစ်ဆေးမေးမြန်းခံရမှုမှာ ဒီဖြစ်ရပ်အပေါ်မှာ တရားရုံးဘက်က ယုံကြည်မှုကင်းမဲ့ခြင်းခံရတယ်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရှုပ်ထွေးနေဆဲဖြစ်ပေမယ့် လောလောဆယ်တရားစီရင်ချက် ချမှတ်မှုမှာတော့ ဆောင်ဂရီကို ထောင်ဒဏ်သုံးနှစ်သတ်မှတ်ထားသလို ဒေါ်လာတစ်သန်းဝန်းကျင်ကိုလည်း လျှော်ကြေးအဖြစ် ပေးဆောင်စေရန် ချမှတ်ခံထားရတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြကြပါတယ်။

Related news

© 2021. All rights reserved.