ဟန်နာယူရီက NUG ထံသို့ ပြန်လည် တောင်းပန်ခဲ့ရ

 2164

NP News - အောက်တိုဘာ ၃၁
ဟန်နာယူရီသည် တောင်ကိုရီးယားအခြေစိုက် Asian Boss သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့စဉ် NUG ၏ ခုခံစစ် (Defence War) ဆိုသည့်အသုံးအနှုန်းအစား ပြည်တွင်းစစ် (Civil war) ဟု ရည်ညွှန်း ပြောဆိုမိခဲ့သည့်အတွက် NUG ထံသို့ သူမကိုယ်တိုင်အသုံးပြုသည့် ဆိုရှယ်လူမှုကွန်ရက်များတွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားဖော်ပြကာ တရားဝင်ပြန်လည်တောင်းပန်ခဲ့ရသည်။

အဆိုပါအင်တာဗျူး ထုတ်လွှင့်ပြသချိန်နှင့် နိုင်ငံတကာ မီဒီယာစာမျက်နှာထက် ဖော်ပြခံရချိန်တွင် သူမအား NUG ဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများသာမက နိုင်ငံတကာအသိုင်းအဝိုင်းက NUG Supporter များအားလုံးနှင့် NLD, NUG ထောက်ခံသူများသည် ပြစ်တင်ရှုံ့ချခဲ့ပြီး ဝေဖန်မှုများစွာခံခဲ့ရမှုများရှိခဲ့သည့်အပြင် ၎င်းအား တရားဝင် ပြန်လည်တောင်းပန်ရန် ပြောဆိုခဲ့ကြသည်။

ဟန်နာယူရီက “NUG အစိုးရရဲ့ ခုခံစစ် (Defence War) ဆိုတဲ့ အသုံးအနှုန်းအစား ပြည်တွင်းစစ် (Civil war) ဟု မှားယွင်းစွာ ပြောခဲ့မိတဲ့အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူအယောက်စီတိုင်းကို ကျွန်မအနေနဲ့ တောင်းပန်ပါတယ်ရှင်။ ထို့အတူ မြန်မာပြည်တွင်းရှိ စစ်ရှောင်နေရသော စစ်ဘေးဒုက္ခသည်များ အား လူမှုရေးအထောက်အပံ့ အကူအညီများပေးနေသည့်အဖွဲ့အစည်း Free Burma Ranger အဖွဲ့ကိုလည်း လက်နက်ကိုင် တပ်ဖွဲ့ပုံသဏ္ဍန်ဖြစ်အောင် မှားယွင်းပြောဆိုမိခဲ့တဲ့အတွက်လည်း Free Burma Ranger မှ တာဝန်ရှိပုဂ္ဂိုလ်များကို အလေးအနက်တောင်းပန်လိုပါတယ်” ဟု ၎င်းကိုယ်တိုင်အသုံးပြုသည့် ဆိုရှယ်လူမှုကွန်ရ က်မှတဆင့် တရားဝင် တောင်းပန်လိုကြောင်း ရေးသားဖော်ပြခဲ့သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာက ပိုမိုသိရှိစေလိုသော စိတ်ဆန္ဒကြောင့် အင်တာဗျူးလက်ခံပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံရေးလေ့လာမှု ဗဟုသုတအားနည်းခြင်း၊ ကိုယ်တိုင်က လည်း တိုင်းရင်းသူတစ်ယောက်ဖြစ်သဖြင့် စကားအပြောအဆို မကျွမ်းကျင်ခြင်းနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အားနည်းခြင်းများကြောင့် ယခုကဲ့သို့ အဓိပ္ပါယ်လွဲမှားစွာ ဖြေဆိုမိခဲ့ကြောင်း၊ ၎င်းဖြေဆိုလိုက်သည့် အင်တာဗျူး ကြောင့် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးချင်းစီတိုင်းကို တရားဝင် တောင်းပန်လိုက်ရခြင်းဖြစ်ပါသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် Asian boss မှ လူမှုထောက်ပံ့ရေးအတွက် အလှူငွေဘယ်လိုရသလဲဟု မေးသည့်မေးခွန်းအပေါ် သူမ အနေဖြင့် Click to donate အစီအစဉ်နှင့်ပတ်သက်၍လည်း ဖြေဆိုခဲ့ရာတွင် အနည်းငယ်လွဲမှားမှုများ ရှိခဲ့ ကြောင်း သိရသည်။ ယခုကဲ့သို့ ဖြေဆိုမှု၏နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးရလာဒ်များကို သူမကိုယ်တိုင် မသိရှိခဲ့သော်လည်း သက်ဆိုင်ရာမှ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့သည့်အပေါ်လည်း ပြန်လည်တောင်းပန်ခဲ့ရသည်။

အလားတူ “NUG က (Defence War) ခုခံစစ်” စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်ဟု မဟုတ်ဘဲ “High School kids နှင့် ပြည်တွင်းစစ်ပွဲ(Civil War)” ကြေညာလိုက်ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် NUG ဘက်မှ သူမ၏ပြောဆိုမှုကို ပြစ်တင်ရှုှုံ့ချခဲ့သည်။

ဟန်နာယူရီသည် မြန်မာနိုင်ငံရေးအရှုပ်အထွေးကာလတစ်လျှောက်လုံး တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်နေ သူဖြစ်ပြီး ပြင်ပမှနေ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများနှင့်ပတ်သက်ကာ နိုင်ငံတကာသတင်းဌာနများမှ တဆင့် အင်တာဗျူးဖြေဆိုမှုများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ သို့ရာတွင် ငွေကြေးရရှိ၍သာ Speak Out လုပ်ပေး ခြင်းဖြစ်သည်ဟူ၍လည်း ဝေဖန်ခံခဲ့ရဖူးသည်။ သို့သော်လည်း ဖွံ့ဖြို့တိုးတက်ပြီးဖြစ်သည့် နိုင်ငံတိုင်းတွင် အောင် မြင်ကျော်ကြားသူ အနုပညာရှင်ဖြစ်ပါစေ၊ မိမိ၏လုပ်အားခအတိုင်း ထိုက်သင့်သည့် အခကြေးငွေရ ရှိကြောင်း သိရသည်။ ထို့ကြောင့် သူ့အနေဖြင့်လည်း အင်တာဗျူးမှ ရရှိသည့် အနုပညာကြေးများကိုလည်း မြန်မာပြည်သူ များအတွက် ပြန်လည်လှူဒါန်းခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်သည့် မြန်မာစစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှု ကမ်ပိန်းများတွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့ပြီး ကောက်ခံရရှိသည့် အလှူငွေ များအား ပြန်လည် လှူဒါန်းခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအတွက် စစ်မှန်သည့် တရားမျှတမှုအမြန်ဆုံးရရှိရန်က ၎င်း၏စိတ်ဆန္ဒ အစစ်အမှန်သာ ဖြစ်ပြီး မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး မိမိကိုယ်ကျိုးအတွက် အမြတ်ထုတ်ယူလိုစိတ်လုံးဝမရှိရပါကြောင်းလည်း ရေးသားထားသည်။
#NPNews

Zawgyi Version;
NUG ထံသို႔ ျပန္လည္ ေတာင္းပန္ခဲ့ရသည့္ ဟန္နာယူရီ
NP News - ေအာက္တိုဘာ ၃၁

ဟန္နာယူရီသည္ ေတာင္ကိုရီးယားအေျခစိုက္ Asian Boss သတင္းဌာနႏွင့္ အင္တာဗ်ဴးျပဳလုပ္ခဲ့စဥ္ NUG ၏ ခုခံစစ္ (Defence War) ဆိုသည့္အသုံးအႏႈန္းအစား ျပည္တြင္းစစ္ (Civil war) ဟု ရည္ညႊန္း ေျပာဆိုမိခဲ့သည့္အတြက္ NUG ထံသို႔ သူမကိုယ္တိုင္အသံုးျပဳသည့္ ဆိုရွယ္လူမႈကြန္ရက္မ်ားတြင္ ျမန္မာ၊ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ေရးသားေဖာ္ျပကာ တရားဝင္ျပန္လည္ေတာင္းပန္ခဲ့ရသည္။

အဆိုပါအင္တာဗ်ဴး ထုတ္လႊင့္ျပသခ်ိန္ႏွင့္ ႏိုင္ငံတကာ မီဒီယာစာမ်က္ႏွာထက္ ေဖာ္ျပခံရခ်ိန္တြင္ သူမအား NUG ဘက္မွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားသာမက ႏို္င္ငံတကာအသိုင္းအဝိုင္းက NUG Supporter မ်ားအားလံုးႏွင့္ NLD, NUG ေထာက္ခံသူမ်ားသည္ ျပစ္တင္ရႈံ႕ခ်ခဲ့ၿပီး ေဝဖန္မႈမ်ားစြာခံခဲ့ရမႈမ်ားရွိခဲ့သည့္အျပင္ ၎အား တရားဝင္ ျပန္လည္ေတာင္းပန္ရန္ ေျပာဆိုခဲ့ၾကသည္။

ဟန္နာယူရီက “NUG အစိုးရရဲ႕ ခုခံစစ္ (Defence War) ဆိုတဲ့ အသုံးအႏႈန္းအစား ျပည္တြင္းစစ္ (Civil war) ဟု မွားယြင္းစြာ ေျပာခဲ့မိတဲ့အတြက္လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရမွ တာဝန္ရွိသူအေယာက္စီတိုင္းကို ကြၽန္မအေနနဲ႔ ေတာင္းပန္ပါတယ္ရွင္။ ထို႔အတူ ျမန္မာျပည္တြင္းရွိ စစ္ေရွာင္ေနရေသာ စစ္ေဘးဒုကၡသည္မ်ား အား လူမႈေရးအေထာက္အပံ့ အကူအညီမ်ားေပးေနသည့္အဖြဲ႕အစည္း Free Burma Ranger အဖြဲ႕ကိုလည္း လက္နက္ကိုင္ တပ္ဖြဲ႕ပုံသ႑န္ျဖစ္ေအာင္ မွားယြင္းေျပာဆိုမိခဲ့တဲ့အတြက္လည္း Free Burma Ranger မွ တာဝန္ရွိပုဂၢိဳလ္မ်ားကို အေလးအနက္ေတာင္းပန္လိုပါတယ္” ဟု ၎ကိုယ္တိုင္အသံုးျပဳသည့္ ဆိုရွယ္လူမႈကြန္ရ က္မွတဆင့္ တရားဝင္ ေတာင္းပန္လိုေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

၎အေနျဖင့္ ျမန္မာႏိ္ုင္ငံ၏အေျခအေနႏွင့္ပတ္သက္၍ ႏိုင္ငံတကာက ပိုမိုသိရွိေစလိုေသာ စိတ္ဆႏၵေၾကာင့္ အင္တာဗ်ဴးလက္ခံျပဳလုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ႏိုင္ငံေရးေလ့လာမႈ ဗဟုသုတအားနည္းျခင္း၊ ကိုယ္တိုင္က လည္း တိုင္းရင္းသူတစ္ေယာက္ျဖစ္သျဖင့္ စကားအေျပာအဆို မကၽြမ္းက်င္ျခင္းႏွင့္ အဂၤလိပ္စာ ကၽြမ္းက်င္မႈ အားနည္းျခင္းမ်ားေၾကာင့္ ယခုကဲ့သို႔ အဓိပၸါယ္လြဲမွားစြာ ေျဖဆိုမိခဲ့ေၾကာင္း၊ ၎ေျဖဆိုလိုက္သည့္ အင္တာဗ်ဴး ေၾကာင့္ ျမန္မာႏို္င္ငံမွ တက္ႀကြလႈပ္ရွားသူမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူ တစ္ဦးခ်င္းစီတိုင္းကို တရားဝင္ ေတာင္းပန္လိုက္ရျခင္းျဖစ္ပါသည္ဟုလည္း ေဖာ္ျပထားသည္။

ထို႔အျပင္ Asian boss မွ လူမႈေထာက္ပံ့ေရးအတြက္ အလႉေငြဘယ္လိုရသလဲဟု ေမးသည့္ေမးခြန္းအေပၚ သူမ အေနျဖင့္ Click to donate အစီအစဥ္ႏွင့္ပတ္သက္၍လည္း ေျဖဆိုခဲ့ရာတြင္ အနည္းငယ္လြဲမွားမႈမ်ား ရွိခဲ့ ေၾကာင္း သိရသည္။ ယခုကဲ့သို႔ ေျဖဆိုမႈ၏ေနာက္ဆက္တြဲျဖစ္ေပၚလာသည့္ အက်ဳိးရလာဒ္မ်ားကို သူမကိုယ္တိုင္ မသိရွိခဲ့ေသာ္လည္း သက္ဆိုင္ရာမွ အေႏွာင့္အယွက္ျဖစ္ေပၚခဲ့သည့္အေပၚလည္း ျပန္လည္ေတာင္းပန္ခဲ့ရသည္။

အလားတူ “NUG က (Defence War) ခုခံစစ္” စတင္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီးျဖစ္သည္ဟု မဟုတ္ဘဲ “High School kids ႏွင့္ ျပည္တြင္းစစ္ပြဲ(Civil War)” ေၾကညာလိုက္ၿပီးျဖစ္ေၾကာင္း ေျပာဆိုခဲ့သျဖင့္ NUG ဘက္မွ သူမ၏ေျပာဆိုမႈကို ျပစ္တင္ရႈံႈ႕ခ်ခဲ့သည္။

ဟန္နာယူရီသည္ ျမန္မာႏိ္ုင္ငံေရးအရႈပ္အေထြးကာလတစ္ေလ်ွာက္လံုး ေတာင္ကိုရီးယားႏို္င္ငံတြင္ ေနထိုင္ေန သူျဖစ္ၿပီး ျပင္ပမွေန၍ ျမန္မာႏို္င္ငံ၏ ျပည္တြင္းေရးကိစၥမ်ားႏွင့္ပတ္သက္ကာ ႏို္င္ငံတကာသတင္းဌာနမ်ားမွ တဆင့္ အင္တာဗ်ဴးေျဖဆိုမႈမ်ား လုပ္ေဆာင္ခဲ့သူျဖစ္သည္။ သို႔ရာတြင္ ေငြေၾကးရရွိ၍သာ Speak Out လုပ္ေပး ျခင္းျဖစ္သည္ဟူ၍လည္း ေဝဖန္ခံခဲ့ရဖူးသည္။ သို႔ေသာ္လည္း ဖြံ႕ၿဖိဳ႕တိုးတက္ၿပီးျဖစ္သည့္ ႏိုင္ငံတိုင္းတြင္ ေအာင္ ျမင္ေက်ာ္ၾကားသူ အႏုပညာရွင္ျဖစ္ပါေစ၊ မိမိ၏လုပ္အားခအတိုင္း ထိုက္သင့္သည့္ အခေၾကးေငြရ ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ သူ႔အေနျဖင့္လည္း အင္တာဗ်ဴးမွ ရရွိသည့္ အႏုပညာေၾကးမ်ားကိုလည္း ျမန္မာျပည္သူ မ်ားအတြက္ ျပန္လည္လွဴဒါန္းခဲ့ေၾကာင္း၊ ေတာင္ကိုရီးယားႏို္င္ငံ၌ ျပဳလုပ္သည့္ ျမန္မာစစ္အာဏာရွင္ဆန္႔က်င္ ေရးလႈပ္ရွားမႈ ကမ္ပိန္းမ်ားတြင္လည္း ကို္ယ္တိုင္ပါဝင္ခဲ့ၿပီး ေကာက္ခံရရွိသည့္ အလွဴေငြ မ်ားအား ျပန္လည္ လွဴဒါန္းခဲ့ေၾကာင္း ၎၏လူမႈကြန္ရက္တြင္ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသားမ်ားအတြက္ စစ္မွန္သည့္ တရားမွ်တမႈအျမန္ဆုံးရရွိရန္က ၎၏စိတ္ဆႏၵ အစစ္အမွန္သာ ျဖစ္ၿပီး ျမန္မာႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး မိမိကိုယ္က်ိဳးအတြက္ အျမတ္ထုတ္ယူလိုစိတ္လုံးဝမရွိရပါေၾကာင္းလည္း ေရးသားထားသည္။
#NPNews

Related news

© 2021. All rights reserved.