မြန်မာ-တရုတ်ကုန်သွယ်ရေးဝမ်တိန်ဂိတ်ပြန်ဖွင့်နိုင်ရန် တရုတ်ဘက်ကကြိုတင်ပြင်ဆင်မှုများလုပ်နေ

 1155

NP News - အောက်တိုဘာ ၃၁
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်သည့် ဝမ်တိန်ဂိတ်ကို မနက်ဖြန်(နိုဝင်ဘာလ ၁ ရက်)တွင် ပြန်ဖွင့်နိုင်ရေးအတွက် တရုတ်ဘက်က ကြိုတင်ပြင်ဆင်မှုများလုပ်နေကြောင်း မူဆယ်အခြေစိုက်ကုန် သည်များထံမှသိရသည်။

တရုတ်နိုင်ငံဘက်က ဝမ်တိန်ဂိတ်ပေါက်ဖွင့်ပေးနိုင်ရေးကြိုတင်ပြင်ဆင်နေကာ ကားများဝင်လာပါက မောင်းမည့်ရှန်တိန်ယာဉ်မောင်းများအား စည်းကမ်းစနစ်တကျဖြစ်စေရန်မှာကြားမှုများရှိနေကြောင်း၊ PPE ဝတ်စုံများသေချာသပ်ရပ်စွာဝတ်ဆင်ရန် နှင့် ကုန်ဝင်လာပါကကုန်တင်ကုန်ချလုပ်မည့်သူများက စည်းကမ်းနှင့်အညီနေထိုင်မှုရှိ၊ မရှိကိုလည်း စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းကုန်သည်များထံမှသိရသည်။

“တရုတ်ဘက်ကတော့ စတော့မယ့် အခြေနေရှိပါပြီ။ ဒီတစ်ခေါက်က ကုန်အဝင်ပါပေးမှာမို့ မြန်မာဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မသိရသေးပါဘူး။ နှစ်ဖက်ညှိနှိုင်းပြီးမှဖွင့်မယ့်အခြေနေမို့ ရာနှုန်းပြည့်သေချာတယ်လို့တော့ ပြောလို့မရသေးပါဘူး”ဟု မူဆယ်မှကုန်သည်တစ်ဦးကပြောသည်။

မြန်မာဘက်မှအချို့သောကုန်သည်များကလည်း ၎င်းတို့၏ကုန်နှင့်ကားများပိတ်မိနေသည်မှာ သုံးလကျော်ကြာမြင့်နေပြီဖြစ်သည့်အတွက် မြန် မာအစိုးရအနေဖြင့် လိုက်လျောပေးစေလိုကြောင်း တောင်းဆိုမှုများလည်းရှိနေသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာဘက်မှ ကုန်စည်လေးမျိုးကိုတင်သွင်းရန် တရုတ်ဘက်ကခွင့်ပြုလိုက်သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ခွင့်ပြု၊ မပြုကိုအကြောင်းမပြန်သေးကြောင်း၊ ကုန်သည်များကလည်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေကြောင်းသိရသည်။

တရုတ်နိုင်ငံဘက်က မြန်မာဘက်မှကုန်စည်အချို့ကိုသွင်းခွင့်ပြုနေသော် လည်း အဆိုပါလုပ်ရပ်သည် တစ်ဖက်သတ်ဆန်သည့်လုပ်ရပ်ဖြစ်သည့် အတွက် မြန်မာဘက်ကလည်း မြန်မာ-တရုတ်ကုန်သွယ်မှုကို မျှတသည့် အခြေအနေဖြစ်မှသာတင်သွင်းခွင့်များခွင့်ပြုမည့်အနေအထားတွင်ရှိနေသည်။ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကိုအ ကြောင်းပြုကာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုပြုနေသည့် နယ်စပ်ကုန်သွယ် ရေးဂိတ်ပေါက်များကိုပိတ်ခဲ့ရာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလပထမပတ်တွင် မြန်မာ-တရုတ်ကုန်သွယ်ရေးသည် ရာနှုန်းပြည့် (လုံးဝ) ပိတ်သွားခဲ့ရသည်။

zawgyi version
ျမန္မာ-တ႐ုတ္ကုန္သြယ္ေရးဝမ္တိန္ဂိတ္ျပန္ဖြင့္ႏိုင္ရန္ တ႐ုတ္ဘက္ကႀကိဳတင္ျပင္ဆင္မႈမ်ားလုပ္ေန
NP News - ေအာက္တိုဘာ ၃၁
ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးဂိတ္ေပါက္ျဖစ္သည့္ ဝမ္တိန္ဂိတ္ကို မနက္ျဖန္(ႏိုဝင္ဘာလ ၁ ရက္)တြင္ ျပန္ဖြင့္ႏိုင္ေရးအတြက္ တ႐ုတ္ဘက္က ႀကိဳတင္ျပင္ဆင္မႈမ်ားလုပ္ေနေၾကာင္း မူဆယ္အေျခစိုက္ကုန္ သည္မ်ားထံမွသိရသည္။

တ႐ုတ္ႏိုင္ငံဘက္က ဝမ္တိန္ဂိတ္ေပါက္ဖြင့္ေပးႏိုင္ေရးႀကိဳတင္ျပင္ဆင္ေနကာ ကားမ်ားဝင္လာပါက ေမာင္းမည့္ရွန္တိန္ယာဥ္ေမာင္းမ်ားအား စည္းကမ္းစနစ္တက်ျဖစ္ေစရန္မွာၾကားမႈမ်ားရွိေနေၾကာင္း၊ PPE ဝတ္စုံမ်ားေသခ်ာသပ္ရပ္စြာဝတ္ဆင္ရန္ ႏွင့္ ကုန္ဝင္လာပါကကုန္တင္ကုန္ခ်လုပ္မည့္သူမ်ားက စည္းကမ္းႏွင့္အညီေနထိုင္မႈရွိ၊ မရွိကိုလည္း စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္းကုန္သည္မ်ားထံမွသိရသည္။

“တ႐ုတ္ဘက္ကေတာ့ စေတာ့မယ့္ အေျခေနရွိပါၿပီ။ ဒီတစ္ေခါက္က ကုန္အဝင္ပါေပးမွာမို႔ ျမန္မာဘက္က ဘယ္လိုတုန႔္ျပန္မယ္ဆိုတာ မသိရေသးပါဘူး။ ႏွစ္ဖက္ညႇိႏႈိင္းၿပီးမွဖြင့္မယ့္အေျခေနမို႔ ရာႏႈန္းျပည့္ေသခ်ာတယ္လို႔ေတာ့ ေျပာလို႔မရေသးပါဘူး”ဟု မူဆယ္မွကုန္သည္တစ္ဦးကေျပာသည္။

ျမန္မာဘက္မွအခ်ိဳ႕ေသာကုန္သည္မ်ားကလည္း ၎တို႔၏ကုန္ႏွင့္ကားမ်ားပိတ္မိေနသည္မွာ သုံးလေက်ာ္ၾကာျမင့္ေနၿပီျဖစ္သည့္အတြက္ ျမန္ မာအစိုးရအေနျဖင့္ လိုက္ေလ်ာေပးေစလိုေၾကာင္း ေတာင္းဆိုမႈမ်ားလည္းရွိေနသည္။ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္မွ တစ္ဆင့္ ျမန္မာဘက္မွ ကုန္စည္ေလးမ်ိဳးကိုတင္သြင္းရန္ တ႐ုတ္ဘက္ကခြင့္ျပဳလိုက္ေသာ္လည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ခြင့္ျပဳ၊ မျပဳကိုအေၾကာင္းမျပန္ေသးေၾကာင္း၊ ကုန္သည္မ်ားကလည္း ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ကိုေစာင့္ဆိုင္းေနေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံဘက္က ျမန္မာဘက္မွကုန္စည္အခ်ိဳ႕ကိုသြင္းခြင့္ျပဳေနေသာ္ လည္း အဆိုပါလုပ္ရပ္သည္ တစ္ဖက္သတ္ဆန္သည့္လုပ္ရပ္ျဖစ္သည့္ အတြက္ ျမန္မာဘက္ကလည္း ျမန္မာ-တ႐ုတ္ကုန္သြယ္မႈကို မွ်တသည့္ အေျခအေနျဖစ္မွသာတင္သြင္းခြင့္မ်ားခြင့္ျပဳမည့္အေနအထားတြင္ရွိေနသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါကိုအ ေၾကာင္းျပဳကာ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံကုန္သြယ္မႈျပဳေနသည့္ နယ္စပ္ကုန္သြယ္ ေရးဂိတ္ေပါက္မ်ားကိုပိတ္ခဲ့ရာ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလပထမပတ္တြင္ ျမန္မာ-တ႐ုတ္ကုန္သြယ္ေရးသည္ ရာႏႈန္းျပည့္ (လုံးဝ) ပိတ္သြားခဲ့ရသည္။

Related news

© 2021. All rights reserved.